Tuesday, January 31, 2012

အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိလာတဲ့ ကိုဇာဂနာ

အမေရိကန်ပြည်ထောင်စု ကို ထွက်ခွာလာခဲ့တဲ့ ကိုဇာဂနာ တစ်ယောက် ၀ါရှင်တန် ဒီစီမြို့ နားက ဒါးလာစ် လေဆိပ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့ မှာ ချောချောမောမော ရောက်ရှိလာခဲ့ပါပြီ။

လေဆိပ်မှာ ကိုဇာဂနာကို အာအက်ဖ်အေ သတင်းဌာနက သွားရောက်တွေ့ ဆုံပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။ မြန်မာပြည်တွင်း က လက်ရှိ အခြေအနေနဲ့  ပတ်သက်ပြီး မေးမြန်းရာမှာ ကိုဇာဂနာက ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ ဖြေကြားသွားခဲ့ပါတယ်။

ကိုဇာဂနာဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့ မှာ၊ ၀ါရှင်တန် ဒီစီမှာ ကျင်းပမယ့် National Endowment for Democracy လို့ခေါ်တဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေးကို ထောက်ပံ့ နေတဲ့အဖွဲ့က ကြီးမှူးကျင်းပတဲ့ မြန်မာ့အရေး ဟောပြောပွဲမှာ NLD က ဒေါ်ခင်သန်းမြင့်၊ NDF ပါတီက ဒေါ်ဘောက်ဂျာတို့ နဲ့  အတူ တက်ရောက် ဆွေးနွေးမှာ ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၄ ရက်မှာတော့ မေရီလန်း၊ ဗာဂျီနီးယားနဲ့ ဝါရှင်တန် ဒီစီပြည်နယ် ၃ ခုမှာ နေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပါမယ်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ မှာတော့ နယူးယောက်မြို့ မှာ ဟောပြောပွဲတစ်ခု နဲ့  ရုပ်ရှင်ပြပွဲကို ကျင်းပမှာဖြစ်ပြီး၊ မိသားစုရှိရာ လော့စ်အိန်ဂျလိစ်မြို့ကိုသွားဖို့လည်း စီစဉ်ထားကြောင်းသိရပါတယ်။

နယူးယောက်မှာ မြန်မာတွေ ထောင်နဲ့ ချီပြီးနေထိုင်ကြပေမယ့်၊ ကိုဇာဂနာရဲ့ ဟောပြောပွဲအတွက် ပွဲစီစဉ်သူများက လူအယောက် ၁၄၀ ခန့် သာ ဆန့် တဲ့ ရုပ်ရှင်ခန်းမငယ်တစ်ခုကို ငှားရမ်းထားတာကြောင့်၊လက်မှတ်များ တစ်ရက်တည်းနဲ့  ရောင်းကုန်သွားခဲ့ပြီး၊ ပွဲကို ကြည့်ချင်ပေမယ့် လက်မှတ်မရတော့တဲ့ မြန်မာများ စိတ်ညစ်နေကြကြောင်းကြားသိရပါတယ်။

photo: RFA

ကိုဇာဂနာနဲ့  အာအက်(ဖ) အေ အင်တာဗျူးကြည့်ရန် ဒီနေရာကို နှိပ်ပါ

ဆင်းရဲ၊ ချမ်းသာ


photo: internet
 မြို့ ပေါ်က သူဌေးကြီးတစ်ဦးဟာ ကျေးလက်ဒေသ က လူတွေ ဘယ်လို ဆင်းဆင်းရဲရဲနေထိုင်ကြရတယ် ဆိုတာ ပြချင်လို့ သူ့ သားငယ်ကို ခေါ်ပြီး ကျေးလက်ဒေသဘက် ခရီးထွက်ခဲ့ပါသတဲ့။ ကျေးလက်ဒေသ ရောက်တဲ့ အခါမှာ၊ အလွန်ဆင်းရဲတဲ့ လယ်သမားတွေ ဆီမှာ ရက်အနည်းငယ် တည်းခိုပြီး၊ ပြန်လာခဲ့ကြပါတယ်။ 

အပြန်ခရီးမှာ သူဌေးကြီးက ”ငါ့ သားဒီခရီးက ဘယ်လိုနေသလဲကွ” လို့  မေးလိုက်တဲ့အခါ သားငယ်က
“အရမ်းကို တန်ဖိုးရှိတဲ့ ခရီးပဲဖေဖေ” လို့  ပြန်ဖြေပါတယ်။ 

သူဌေးကြီးက အားတက်သွားပြီး ”လောကမှာ မတူညီမှုတွေရှိကြတယ်။လူတွေဘယ်လောက် ဆင်းဆင်းရဲရဲနေကြရသလဲဆိုတာ ငါ့သားသတိထားမိရဲ့ လား” လို့  မေးလိုက်ပါတယ်။  

သားငယ်ရဲ့  အဖြေစကားကြောင့် သူဌေးကြီး စကားတောင် ပြန်မပြောနိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။ 

“ဟာ..သိပ်သတိထားမိတာပေါ့ ဖေဖေ..ဥပမာ..ကျွန်တော်တို့  မှာ ခွေးတစ်ကောင်တည်းရှိပြီး၊ လယ်သမားတွေ မှာ ခွေးတွေ လေးကောင်တောင်ရှိတယ်၊ ကျွန်တော်တို့ မှာ ဘောင်တွေ တပ်ထားတဲ့ ရေကူးကန်ပဲရှိပြီး သူတို့ ဆီမှာ အဆုံးမရှိတဲ့ ကန်ကြီးတွေရှိတယ်၊ ကျွန်တော်တို့  ခြံထဲမှာ မီးအိမ်တွေပဲရှိပြီး သူတို့ ဆီမှာကြတော့ ကောင်းကင်က မရေမတွက်နိုင်တဲ့ ကြယ်တွေ အများကြီးရှိတယ်၊ ကျွန်တော်တို့ မှာ နေစရာ ခြံဝင်းသေးသေးပဲရှိပြီး သူတို့ မှာ ခြံဝင်းမခပ်ထားတဲ့ မြေနေရာတွေ မျက်စိတဆုံးရှိတယ်၊ ကျွန်တော်တို့ က အစားအစာတွေ ကို ၀ယ်ယူရပြီး၊ သူတို့ က ကိုယ့်ဘာသာ စိုက်ယူကြတယ်၊ ကျွန်တော်တို့ ရဲ့  ပိုင်ဆိုင်မှုတွေ ကို ကာကွယ်ဖို့  နံရံတွေ အုတ်တံတိုင်းတွေ ပဲရှိပြီး၊ သူတို့ ကို ကာကွယ်ဖို့ သူငယ်ချင်းမိတ်ဆွေတွေ ရှိကြတယ် ..သားတို့  ဘယ်လောက်ဆင်းရဲတယ်ဆိုတာ သိရအောင်ပြလိုက်တဲ့ ဒီခရီးအတွက်ဖေဖေ့ ကို ကျေးဇူးတင်ပါတယ်” တဲ့။   


မစုည် (ဘာသာပြန်)

Sunday, January 29, 2012

အမေစု ကို ချစ်ခင်အားပေးကြသော ထားဝယ်လူထု



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့  ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် တနသ်ာရီတိုင်း ထားဝယ်မြို့ကို ဒီကနေ့ မနက်မှာ သွားရောက်ခဲ့ပါတယ်။ ယခင့် ယခင် နိုင်ငံတော် အကြီးအကဲတွေ နယ်တွေ ကို အလည်လာတဲ့ အခါ  'တစ်အိမ်တစ်ယောက် မလာ မနေရ' ဆိုတဲ့ အမိန့် မျိုး ထုတ်လို့  ပြည်သူတွေ မလွန်ဆန်နိုင်ပဲသွားခဲ့ကြရတာတွေ ရှိခဲ့ပေမယ့်၊ အခု အမေစု လာမယ်ဆိုတော့ ...ဘာအမိန့် မှ ထုတ်စရာမလို..ထားဝယ်သူ ထားဝယ်သားတွေ (ကလေးလူကြီးပါမကျန်)  သောင်းသောင်းဖြဖြ လာရောက်ကြိုဆိုကြတဲ့ ပုံတွေ  မြင်တွေ့ ရတာ အားရကျေနပ်စရာပါ။

မိတ်ဆွေတစ်ဦးရဲ့  ပြောပြချက်အရ..မြို့ အ၀င်မှ အမေစု မိန့် ခွန်းပြောမယ့် နေရာသို့ အသွား  လမ်းဘေးတစ်ဘက်တစ်ချက် မှာ စောင့်ကြိုနှုတ်ဆက်နေသူများနဲ့ ပြည့်နှက်နေခဲ့ပြီး၊  လမ်းများမပိတ်ဆို့ အောင် ထားဝယ်လူငယ်များက ဆိုင်ကယ်များဖြင့် လိုက်လံရှင်းလင်းပေးခြင်း၊ ထားဝယ်မြို့ မှ တခြားမြို့ များသို့ ပြေးဆွဲသည့် လိုင်းကားများ ဒီကနေ့ တွင် ရပ်နားကာ အမေစု ခရီးစဉ်အတွင်း အများပြည်သူ အဆင်ပြေစေရန် ကူညီခြင်း၊ မြို့ ခံအချို့ က အမေစု ၏ ကားတန်းကို လက်ပြရင်း မျက်ရည်များကျကာ အော်ဟစ်ငိုကြွေးကြသည်အထိ မိမိတို့ ၏ ထောက်ခံမှုများကို ပြသခဲ့ကြောင်းသိရပါတယ်။ အကြံအဖန်တွေ မပါတဲ့ ပြည်သူ့ ဆီက စစ်မှန်တဲ့ ထောက်ခံမှုတွေပါပဲ။

ဘာလက်နက်မှ မကိုင်ပဲ၊ တစ်ယောက်တည်းနဲ့  တစ်တိုင်းပြည်လုံးကို လှုပ်ရှားစေနိုင်တဲ့ အမေစုရဲ့  အစွမ်းအစတွေပါ။


ထားဝယ်မြို့ တော် facebook စာမျက်နှာ  မှာ မြင်တွေ့ ရတာ  တွေ့ရတဲ့ ဓာတ်ပုံတွေ နဲ့  တခြား facebook မှာ တက်လာတဲ့ ပုံတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်

Thursday, January 26, 2012

သန်းကြွယ်သူဌေးကဲ့သို့  မြန်မာပြည်တွင်းသို့ လှည့်လည် ခရီးသွားနိုင်မည့်အစီအစဉ် စပြီ


ဒီကနေ့ မနက် စီအဲန်အဲန်အင်တာနက် သတင်းကို ဖတ်ပြီးတော့ ကျွန်မပျော်ရမှာလား၊ ၀မ်းနည်းရမလားတောင် မဝေခွဲနိုင်ဘူးဖြစ်သွားပါတယ်။ ယဉ်ကျေးမှုထွန်းကားတဲ့ ကိုယ့်တိုင်းပြည်ကို နိုင်ငံခြားခရီးသွားည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်ကြမှာကို ၀မ်းသာမိပေမယ့်၊ အဲဒီလောက်တန်ဖိုးရှိတဲ့ ငွေတွေကို နယ်စပ်ဒေသမှာ နေစရာ၊ စားသောက်စရာမရှိဖြစ်နေတဲ့ စစ်ပြေး ဒုကွသည်တွေ ကိုဖြစ်ဖြစ်၊ ငွေကြေးမတတ်နိုင်လို့  အသက်ဆုံးရှုံးလုလု ဖြစ်နေတဲ့ ဆေးရုံတွေ ပေါ်က ခလေးတွေကို ဖြစ်ဖြစ် လှူကြရင်ကောင်းမှာပဲလို့  တွေးမိလို့ ပါ။ 
စီအဲန်အဲန်မှာ ရေးထားတဲ့ သတင်းက ဒီလိုပါ......
 
 မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်၊ နိုင်ငံခြားခရီးသွားည့်သည်တွေ ဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်ဖို့  မျက်စိကျလို့ လာကြပါသတဲ့။  မကြာခင်မှာ နိုင်ငံခြားသားခရီးသွားည့်သည် တွေ အမြောက်အများဝင်ရောက်လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ကြောင့် ပြင်ပက ဟိုတယ်နဲ့  ခရီးသွားလာရေးဆိုင်ရာ စီးပွားရေးသမားများ ကလဲ မြန်မာပြည်ဘက်ကို ခြေဦးလှည့်လို့ လာနေကြပါသတဲ့။

Photo: CNN (မြန်မာပြည်အတွင်း ခရီးသွားလာဖို့  ထိုင်ခုံ ခြောက်လုံးသာပါတဲ့ သီးသန့် ဂျက်လေယာဉ်)

Tuesday, January 24, 2012

၁၉၈၈ တော်လှန်ရေးအကြောင်း ကို ကမ္ဘာက ပိုမိုသတိထားမိစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား

Beyond Rangoon ရုပ်ရှင်ဇာတ်ကားဟာ ..မြန်မာနိုင်ငံ အကြောင်း..အထူးသဖြင့်..၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း နိုင်ငံရေးတက်ကြွသူများကို စစ်အစိုးရက ရက်ရက်စက်စက်ချေမှုန်းခဲ့တဲ့ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကားကို ၁၉၉၅ ခုနှစ်မှာ စတင်ပြသခဲ့ပြီး၊ ပြင်သစ်နိုင်ငံမှာ ၀င်ငွေအများဆုံး(ကြည့်ရှုသူ ပေါင်း ၄သိန်းကျော်ခဲ့) တဲ့ ရုပ်ရှင်ကားတစ်ကားလဲဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ John Boorman ရိုက်ကူးခဲ့ ပြီး၊ Laura Bowman ဆိုတဲ့ လော့အိန်ဂျဲလစ်က အမျိုးသမီးဆရာဝန် တစ်ဦးက သူမရဲ့ အားလပ်ရက် အပန်းဖြေခရီးအဖြစ် မြန်မာနိုင်ငံကို သွားရောက်စဉ် ၁၉၈၈ လူထူအုံကြွမှုနဲ့  ကြုံတွေ့ ခဲ့ရပြီး၊ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို မြင်တွေ့ ခဲ့ရတဲ့ အကြောင်း အခြေခံရိုက်ကူးထားတဲ့ drama ဇာတ်ကားဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်တွေကို မှတ်တမ်းတင်ရိုက်ကူးတဲ့ Documentary ဇာတ်ကားမျိုးမဟုတ်ပေမယ့်လဲ...(၁၉၉၀ ၀န်းကျင်ကာလ က မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်တွေ နည်းပါးနေသေးတဲ့ အချိန်မှာ) ဒီဇာတ်ကားကြောင့် မြန်မာပြည်အကြောင်း၊ ပြည်တွင်းက လူ့ အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းတွေ ကို
ကမ္ဘာက ပိုမိုသတိထားမိစေခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့  မကြည့်ရသေးသူများအတွက် ကြည့်လို့ ရအောင် post လုပ်ပေးလိုက်ပါတယ်။ 

Beyond Rangoon မှ ဇာတ်ဝင်ခန်းတစ်ခန်း

Sunday, January 22, 2012

ဘာဘာညာညာ ဇာဂနာ အပိုင်းအစ (၁)


ဇန်န၀ါရီလ ၂၁ ရက်နေ့ ၊ စက်ာပူမှာ ကိုဇာဂနာ နဲ့  ဒါ၇ိုက်တာ မင်းထင်ကိုကိုကြီး တို့ ရဲ့  ရုပ်ရှင်ပြပွဲနဲ့  အနုပညာဟောပြောပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဟောပြောပွဲကို "ရုန်းကန်ရှင်သန်နေသောအလှတရားများ" လို့  အမည်ပေးထားပြီး စက်ာပူရှိ ရသအလင်း ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။ ပွဲမကျင်းပမီ စက်ာပူရဲများက နိုင်ငံရေးဟောပြောပွဲလို့  သတင်းရပြီး လာရောက်စစ်မေးခဲ့တဲ့အတွက် ပွဲပျက်မလိုလို ဖြစ်ခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ အောင်မြင်စွာကျင်းပဲခဲ့တဲ့ အကြောင်းကြားသိရပါတယ်။ ရုပ်ရှင်ကားအချို့ ကို ပြသဖို့  စက်ာပူရဲများက ခွင့်မပြုခဲ့တဲ့ အတွက် အချို့  ကားများကို မပြသ နိင်ခဲ့ကြောင်း ကြားသိရပါတယ်။

ကိုဇာဂနာနှင့် ရသအလင်းဖောင်ဒေးရှင်းမှ အဖွဲ့ ဝင်များ(ပုံ-ဇာဂနာfacebook)

ဟောပြောပွဲ အစအဆုံး ရိုက်ကူးထားတဲ့ အခွေကို ရသအလင်းဖောင်ဒေးရှင်းက  မကြာမီ ပြန်လည်ရောင်းချမှာဖြစ်ပြီး၊ ရရှိသော ငွေများကို လှူဒါန်းသွားဖို့  ရှိတယ်လို့ သိရပါတယ်။






ဇာဂနာသိတဲ့ ဇာဂနာပါ (ပုံ-ဇာဂနာfacebook)
 ဟောပြောပွဲ အတွင်းရိုက်ကူးထားတဲ့ အခွေအပိုင်းအစ မှာ ယခင်က ရှိခဲ့တဲ့ မြန်မာပြည်တွင်းက ရုပ်ရှင် ဆင်ဆာစည်းကမ်းတွေကြောင့်၊ ဇာတ်ကားကို ရုံတင်ပြသရာမှာ ရုံမပြည့် ပြည့်အောင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ကို ခေါ်ယူပြီးကြည့်ခိုင်းရတာတို့ ၊ နောက်ဆုံး အထည်ချုပ်စက်ရုံ တွေ ပိတ်သွားတဲ့ အတွက် မျက်မမြင်ကျောင်းက ကျောင်းသားတွေ ခေါ်ကြည့်ရတဲ့ အကြောင်း တွေ ကို ကိုဇာဂနာက ဟာသနှောပြီး ပြောပြသွားပါတယ်။

ကိုဇာဂနာနဲ့  ကိုဇင်ဝိုင်းတို့  ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနှိပ်စက်ခဲ့တဲ့ အကြောင်းတွေကို ပြန်လည်ပြောပြဖြစ်ခဲ့ပေမယ့်၊ ကိုဇာဂနာ က သူ့ ကို နှိပ်စက်ခဲ့တဲ့ အရာရှိတွေကို လက်ဆွဲနှုတ်ဆက်နိုင်ခဲ့တဲ့အကြောင်း၊ အငြိုးအတေးမရှိကြောင်း တွေ ပြောပြသွားပါတယ်။ အသေးစိပ်သိလိုပါက....

ဘာဘာညာညာဇာဂနာ (၁) ဗီဒီယို ကြည့်ရန် ဒီနေရာကို နှိပ်ပါ

Saturday, January 21, 2012

အညာလေတိုက်တဲ့ နေ့ (၁)

မျက်ရှု သုတ၊ရသမဂွဇင်းတွင် ဖော်ပြခဲ့သော စာရေးဆရာမ ခင်ခင်ထူး နှင့် အင်တာဗျူး ဖြစ်ပါသည်။  အညာချစ်သူများအတွက် ပြန်လည်ဝေငှလိုက်ပါသည်။

Photo: internet
 (၁) အညာချည်ထည် အင်္ကျီ ၀တ်ဆင်ထားပြီး သနပ်ခါး ပါးကွက်ကျားလူးထားသည့် ကွမ်းတမြုံ့မြုံ့နှင့် အညာသူကြီးများကို တွေ့လေတိုင်း ဆရာမ ခင်ခင်ထူးကို သတိရပါသည်။ အညာဓလေ့ ကျွမ်းကျင်လှသူ သူ့ လေသံနှင့် ဆိုရလျှင်တော့ “အမလေး တူချက်တော်” ဟု ဆိုရမလောက်ပင် ဆရာမ၏ ဟန်ပန်သည် နာမည်ကြီး စာရေးဆရာမ ဖြစ်နေတာတောင်မှ အညာလေ၊ အညာသံ၊ အညာဝတ်စားဆင်ယင်မှုနှင့် အညာစိတ်ဓာတ်တို့ ထင်းထင်းကြီး ရှိနေသေးသကိုး။

Mandalay Cartoon Exhibition 2012


 မန္တလေးအိုးဘိုထောင်အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ရန် ရံပုံငွေရှာသည့် 'ကာတွန်းပြပွဲနှင့် ဈေးရောင်းပွဲတော်' ကို မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေကြောင်း သိရပါသည်။
နေရာ - မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ပဒုမ္မာ ခန်းမ
နေ့ရက် - ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ (၂၀၊ ၂၁၊ ၂၂)ရက်များ
အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ 


ကာတွန်းများကို ဓာတ်ပုံရိုက်ကူးပြီး facebook တွင် ဖြန့် ချီပေးသည့် ကိုညိုကြီး၊ဗီဒီယိုရိုက်ကူးဖြန့် ချီသည့် Burma VJ အဖွဲ့ ကို အထူးကျေးဇူးတင်ပါသည်။ (မူရင်း ဗီဒီယိုနှင့် ပုံများကို http://www.bigbbrown.blogspot.com/ နှင့် http://www.burmavjmedia.net တွင်ကြည့်ရှုနိုင်ပါသည်။) 

 

 

Wednesday, January 18, 2012

နိုင်ငံတကာ မှ အဆိုတော်များကလည်း အမေစု ကို ချစ်ခင်လေးစားကြသည်။

Photo: internet

အမေစု ကို လူချင်းမတွေ့ ဖူး၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိဖူး ကြပေမယ့်၊
  ကမ္ဘာတ၀န်းမှာ သူ့ ကို ချစ်ခင်လေးစားနေကြတဲ့ သူတွေ အများအပြားပါ။ နိုင်ငံရေးပိုင်းက ခေါင်းဆောင်ကြီးတွေ၊ ဘာသာရေးပိုင်းက ခေါင်းဆောင်ကြီးတွေ၊ ငယ်ရွယ်တဲ့ ကျောင်းသားလူငယ်တွေ၊ စီးပွားရေးပညာရှင်တွေ၊ အနုပညာသည်တွေ နဲ့...အလွှာအသီးသီးက လူတွေ ပါဝင်ကြပါတယ်။ 

'ကျွန်မ မြန်မာနိုင်ငံကပါ' လို့ ပြောရင် လူတော်တော်များများ က မြန်မာနိုင်ငံကို မသိကြပေမယ့်၊ 'ဒေါ်အောင်ဆန်းစုကြည် (သို့ မဟုတ်) the lady နေတဲ့ တိုင်းပြည်ကပါ' လို့ ပြောရင် လူတွေ သိကြပါတယ်။ မြန်မာပြည်မှာ အမေစုလို ခေါင်းဆောင်တစ်ဦးရှိနေတာ ပြည်သူလူထုအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါပဲ၊

အမေစုအတွက် နိုင်ငံတကာ က အဆိုတော်တွေ ရေးသားသီဆိုကြတဲ့ သီချင်းအချို့ ကို စုစည်း ဖော်ပြလိုက်ပါတယ်။ သီချင်းစာသားတွေ၊ သံစဉ်တွေ နဲ့  သီဆိုတဲ့ ပုံစံတွေကွဲလွဲကြပေမယ့် အမေစု ကို ချစ်ခင်လေးစားတဲ့ စိတ်တွေကတော့ တူညီကြတယ်လို့  ခံစားမိပါတယ်။ 


(၁) Spanish အဆိုတော်လို့ ထင်ရပါတယ်၊ သီချင်းကို စိတ်ပါလက်ပါ သီဆိုရင်း အမေစု ကို လေးစားကြောင်းပြနေတဲ့ သီချင်းလေးပါ။


ရန်ကုန်မြို့ က အမျိုးသမီး (The Girl From Rangoon) သီချင်း(ဗီဒီယို) ကြည့်ရန်


(၂)အမည်မသိတေးသံရှင်တစ်ဦးသီဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်းတစ်ပုဒ်တဲ့ 



A Song for Aung San Suu Kyi (ဗီဒီယို) ကြည့်ရန်

Tuesday, January 17, 2012

သမိုင်းတင်လောက်တဲ့ မေမေ (ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်း- ဆို ရတနာဦး)



 " သမိုင်းတင်လောက်တဲ့ မေမေ "

တေးရေး - စောဝီး(လ်) ဖရက်

တေးဆို - ရတနာဦး

ရုပ်/သံ တည်းဖြတ် - ကိုသော် (ဂျပန်)

မူရင်း - http://myochitmyanmar.org/2008-07-25-07-32-27/2008-07-25-07-49-47/6834-q---q


ပြည်သူတိုင်း မဲပေးဖို့  တာဝန်ရှိတယ်ဆိုတဲ့ ဒေါ်အောင်ဆန်ုးစုကြည် ရဲ့ မိန့် ခွန်း ဗီဒီယို

 
မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဆိုင်းဘုတ်တင်ပွဲအခမ်အနားမှာ  ဒေါ်အောင်ဆန်းစုကြည်က  ပြည်သူလူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်း ဗီဒီယိုပါ။ Burma VJ အဖွဲ့ သားများကို ကျေးဇူးတင်ပါတယ်။

လွှတ်တော်ထဲမှာ နေရာ ၄၀ ပဲလွတ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က နေရာ ၄၀ စလုံးကို နိုင်ရင်တောင် ဘာတွေများ လုပ်နိုင်ပါ့ မလဲ လို့ မေးနေသူများအတွက် ..ဒေါ်အောင်ဆန်ုးစုကြည်က ..

‘တကယ်စိတ်ဆနွရှိရင် လူတစ်ယောက်တည်းနဲ့ တောင်မှ တစ်တိုင်းပြည်လုံးကို လှုပ်ရှားစေနိုင်တယ် ‘ လို့ ပြောကြားသွားသလို ...ပြည်သူတွေရဲ့  အနာဂတ်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်ထဲမှာ မရှိဘူး၊
လွှတ်တော်ကိုယ်စားလှယ်များရဲ့  အနာဂတ်သာလျှင် ပြည်သူ့ လက်ထဲမှာ ရှိတယ်လို့ လဲ ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေဆီက မဲကို လိုနေတဲ့ အချိန်ဖြစ်ပေမယ့် တဘက်စောင်းနင်းမပြောပဲ အမှန်တရားအတိုင်း ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းကို နားထောင်ရင်း ..ကျွန်မတို့ အမြဲမြင်တွေ့ နေကြ  "တပ်မတော်သာအမိ၊ တပ်မတော်သာအဖ"  ဆိုတဲ့ ဆိုင်းဘုတ် တွေကို သွားသတိရမိပါတယ်။ အမြင်ခြင်းကွာခြားပါပေ့ လို့ လဲတွေးလိုက်မိတယ်။


'ဒီမိုကရေစီစနစ်မှာ ပြည်သူတွေက အားလုံးကို သိပိုင်ခွင့်ရှိတယ်။ မေးခွန်းတွေမေးတဲ့ အကျင့်ကို လုပ်ပါ'
.....လို့  ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းထဲမှာ ပြောသွားပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အားလုံးဝန်းရံကြပါစို့ ။ ပြည်သူတွေရဲ့  အကျိုးအတွက် လွှတ်တော်ထဲမှာ ပြောဆိုဆောင်ရွက်ပေးမယ့် ဒေါ်စုနဲ့  အဖွဲ့ သားတွေကို မဲပေးကြပါစို့ ။ 


Sunday, January 15, 2012

ဒေါ်အောင်ဆန်ုးစုကြည်ရေးသားသော ..အပန်းဖြေနားရက်များ(၄)

photo:Mizzima
ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၅) ထုတ်ဂျာနယ်တွင် ဒေါ်အောင်ဆန်ုးစုကြည်ရေးသားခဲ့သော အပန်းဖြေအားလပ်ရက်များ(၄) ဆောင်းပါးကို  ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
***********************************************************


ဝမ်းနည်းဖွယ်ကောင်းတဲ့ တိုက်ဆိုင်မှု တခုက ကျမ ပုဂံမှာနေခဲ့တဲ့နေ့တွေအကြောင်း ရေးသားနေစဉ်မှာပဲ မြန်မာပြည်အ တွက် လုံးဝ မကြားဖူးတဲ့ အဖြစ်ဆိုးတခုဟာ ဒီရှေးမြို့ဟောင်းနဲ့ မဝေးလှတဲ့ တနေရာမှာ ဖြစ်ခဲ့ပါတယ်။ ဂျပန်ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတယောက်ကို သူ ငှားရမ်းလာတဲ့ မော်တော်ဆိုင်ကယ်သမားက သတ်လိုက်တယ်ဆိုတဲ့ အဖြစ်ဟာ သူစိမ်းတွေအပေါ် ဧည့်ဝတ်ကျေတဲ့ နေရာမှာ ကျော်ကြားလှတဲ့ အရပ်ဒေသက လူတွေကို

စကားပြောသောဓာတ်ပုံ(၃)




 ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်တဲ့နေ့ သရက်မြို့ပေါ်က ဓာတ်ပုံမှတ်တမ်းပါ..။ သရက်မြို့ခံ အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့  အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်...။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်...။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား...။

Saturday, January 14, 2012

တနိုင်ငံလုံးပျော်ကြသည်

ကိုမင်းကိုနိုင်အားတွေ့ ရစဉ်
ပြန်လည်လွတ်မြောက်လာသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်ဦးနှင့် ဇနီးပြန်လည်တွေ့ ဆုံစဉ်

မြန်မာပြည်တွင်းမှ အပြောင်းအလဲများအတွက် အမေရိကန်အစိုးရက ကြိုဆိုထောက်ခံ

လတ်တလော မြန်မာနိုင်ငံအတွင်း ကြီးမားသော ပြောင်းလဲမှုများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများအား
လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးစစ်ပွဲများစတင်ခြင်း စသည့် အပြောင်းအလဲများ ကို အမေရိကန်အစိုးရက ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက်ပါတယ်။

ဟီလာရီကလင်တန်၏ ကြေငြာချက်တွင် မြန်မာပြည်တွင်း အပြောင်းလဲများကို  မိမိနှင့်အတူ အမေရိကန်သမ္မတ အိုဘားမားက ကြိုဆိုကြောင်း၊ အပြည်ပြည်ဆိုင်ရာ အစိုးရများကလည်း ကြိုဆိုသင့်ကြောင်း၊ မကြာမီ မြန်မာပြည်အတွက် အမေရိကန်နိုင်ငံဆိုင်ရာသံအမတ်ကို ခန့် အပ်စေလွတ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ သမိုင်းဝင် ဒီမိုကရေစီလှုပ်ရှားမှုများအတွက် အမေရိကန်အစိုးရက ပံ့ပိုးကူညီလုပ်ဆောင်သွားမည့် အကြောင်း ..စသဖြင့်ပါဝင်သည်။ 

ဆက်လက်ပြီး အမေရိကန်အစိုးရဘက်က "မြန်မာအစိုးရဘက်က လုပ်ဆောင်ချက်တွေ ကို ကျွန်မတို့ ဘက် က လုပ်ဆောင်ချက်တွေ နဲ့  တုန့် ပြန်ကူညီသွားမယ်" ....'ဒီစနေ၊တနင်္ဂနွေ မှာ သမတွဦးသိန်းစိန် နဲ့  ဒေါ်အောင်ဆန်ုးစုကြည် တို့ ကို ဖုန်းဆက်ပြီး ရှေ့ ဆက်လက်တွဲလုပ်ကိုင် မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးမှာပါ" လို့  ဟီလာရီ က ပြောဆိုသွားခဲ့ပါတယ်။


Add caption



Thursday, January 12, 2012

ဒီတခါတော့ တကယ်လွတ်ပါပြီ


အနင်းခံရတဲ့ မြက် ပိုသန်သတဲ့
အကျဉ်းခံရတဲ့ ငှက် ပိုပျံနိုင်လိမ့်မယ်
(ဆရာတင်မိုး)
Photo: internet

Wednesday, January 11, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် Virginia Tech တက္ကသိုလ် မှ အမေးအဖြေ ( မြန်မာစာတမ်းထိုး ဗီဒီယို )

ဒေါ်အောင်ဆန်းစုကြည်နဲ့   Virginia Tech တက္ကသိုလ်မှ ကျောင်းသားများ အမေးအဖြေ အကြောင်းကို ကျွန်မ အပိုင်း(၄) ပိုင်းခွဲပြီး ဘာသာပြန်အနေနဲ့  ရေးသားဖော်ပြခဲ့ပြီးပါပြီ။ အခု မြန်မာလို စာတမ်းထိုးထားတဲ့ ဗီဒီယိုခွေ ထွက်နေတာမို့  ဗီဒီယို အနေဲ့  ကြည့်ချင်သူများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
မြန်မာစာတမ်းထိုးပေးသူကို ကျေးဇူးတင်ပါတယ်။

Burmese Democracy leader Aung San Suu Kyi met with Students from Virginia Tech University via Skype (photo: internet) 





နယူးယောက်တိုင်း(မ်)သတင်းစာမှာ ဖော်ပြထားတဲ့ မြန်မာပြည်က အမျိုးသမီး တေးဂီတအဖွဲ့ အကြောင်း

အခုလ အစောပိုင်းက ထုတ်ဝေခဲ့တဲ့ နယူးယောက်တိုင်း(မ်)သတင်းစာမှာ မြန်မာပြည်က အနုပညာတင်ဆက်မှုတွေနဲ့  ပတ်သက်ပြီး ဆင်ဆာတင်းကြပ်မှုတွေ လျော့ပါးသွားတဲ့ အကြောင်းနဲ့ ၊ မြန်မာ အမျိုးသမီး အဆိုတော်တွေ အနေနဲ့  ခေတ်ရေစီးကြောင်းနဲ့  အညီ သီဆိုဖျော်ဖြေရာမှာ မြန်မာ့ယဉ်ကျေးမှု ကို ထိုးဖောက်နိုင်ဖို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ အကြောင်း ကို  Me N Ma Girls အဖွဲ့  မှ အဆို အကပညာရှင်များ ပြောကြားချက်တွေ နဲ့  တင်ဆက်ထားတဲ့ ဗီဒီယို ပါ။ အဆိုပါ အဖွဲ့ ကို သြစတေးလျက အကပညာရှင် Nicole May ကဦးဆောင်ဖွဲ့ စည်းထားကြောင်း သိရပါတယ်။ 

ခေတ်ရေစီးကြောင်းနဲ့ အညီ လူငယ်အဆိုတော်ရဲ့  သီဆိုဖျော်ဖြေမှုတွေ ကို ကြိုက်နှစ်သက်သူတွေ ရှိကြသလို၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ ဖြစ်တယ်လို့ မြင်နေသူတွေလဲ ရှိကြပါတယ်။ အခုလို ဆင်ဆာတင်းကြပ်မှုတွေ လျော့ပါးသွားချိန်မှာ ခေတ်သစ် သီဆိုဖျော်ဖြေမှုတွေ ကို ပွဲကြည့် ပရိသတ်တွေ က ဘယ်လောက် အတိုင်းအတာ အထိ လက်ခံမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။


Me N Ma Music Band (photo: New York Times)
The five members of Myanmar’s first girl band are pushing the limits of artistic acceptability in this socially conservative country. (photo: New York Times)


သင်္ကြန်ပွဲတော် အကြောင်းသီဆိုထားသည့် သီချင်း Festival Video

Sunday, January 8, 2012

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှ အငြိမ့် ဖျော်ဖြေမှု ဗီဒီယို

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနား မှာ  ဖျော်ဖြေသွားကြတဲ့ ကိုဇာဂနာနှင့် အငြိမ့်အဖွဲ့  သားများ ၏ ရဲရဲတောက် ပျက်လုံးများကြောင့် ပရိသတ်များ တ၀ါးဝါး တဟားဟား ပွဲကြခဲ့ကြရကြောင်း သိရပါသည်။   





Saturday, January 7, 2012

အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတို ဆုရရှိသည့် ဒါရိုက်တာမင်းသိုက်၏ ကြိုးဇာတ်ကား



လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ တွင် အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတို ဆု ရရှိသွားသည့် ဒါရိုက်တာမင်းသိုက် ၏ ကြိုး (String) ဇာတ်ကားပါ။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး Animation ဆုရရှိသည့် Unity & Freedom ဇာတ်ကား

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး Animation ဆု ဆွတ်ခူးရသွားသည့်  ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ၏ Unity & Freedom ဇာတ်ကား။

 လွတ်လပ်ခြင်းနဲ့  ညီညွတ်ခြင်း အကြောင်းကို ဒါရိုက်တာက ကာတွန်းလေးနဲ့  ပြောသွားတာပါ။ မြန်မာ့ရုပ်ရှင်လောက မှာ ဒီလို ကာတွန်းကား ကောင်းကောင်းလေးတွေ များများပေါ်ထွန်းလာပါစေလို့ ။





Friday, January 6, 2012

ပြောင်းလဲဖို့  အချိန်တန်ပါပြီ



ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ၊ ပြောင်းလဲမှုကို ဆန့် ကျင်နေမယ်ဆိုရင် (ဒါမှမဟုတ်) တောင့်ခံနေမယ်ဆိုရင် ကျွန်မတို့ ဟာ ကြီးပွားတိုးတက်မှာ မဟုတ်ဘူး။ ကြီးပွားတိုးတက်မှု မရှိဘူးဆိုရင် စစ်မှန်တဲ့ ရှင်သန်ခြင်း မဟုတ်ဘူး။ ဒါကြောင့် ပြောင်းလဲမှုဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။  

ကျွန်မတို့ လူ့ အဖွဲ့ အစည်းမှာ.. ဟောင်းနွမ်းတဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေကို မစွန့် လွတ်သေးသရွေ့ ....ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ပေါ်ပေါက်လာမှာမဟုတ်ဘူး။
ပြောင်းလဲမှု တွေနဲ့  ရင်ဆိုင်ကြုံတွေ့ ရတိုင်း (အကောင်းဘက်ကို ပြောင်းလဲမယ့် ပြောင်းလဲမှုပင်ဖြစ်ပါစေ) လူတွေ ဟာ အကြောက်တရား၊ မလှုံခြုံမှု၊ မသေချာ မရေရာမှု စတာတွေ ကို ရင်ဆိုင်ကျော်ဖြတ် ရစမြဲပါ။ ကျောက်ခေတ်လူသားဘ၀ ကနေ နည်းပညာမြှင့်မား တဲ့ ခေတ်ဆီကို ရောက်လာနိုင်တာဟာ အဲဒီအဆင့်တွေကို ကျော်ဖြတ်ပြီး၊ ပြောင်းလဲမှုတွေကို လူတွေ က လက်ခံခဲ့၊ ပြုလုပ်ခဲ့ကြလို့ ပဲဖြစ်ပါတယ်။ 

လူတွေမဆိုထားနဲ့ ၊ ခွန်အားကြီးပြီး မုန်ယို ခက်ထန်တဲ့ စရိုက်ရှိတဲ့ ဆင်ရိုင်းတွေကို လေ့ကျင့်ပေးလိုက်တဲ့ အခါ အခုလို ယဉ်ပါးတဲ့ ဆင်လေးတွေ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ 

ပုံ ၁ မှ ၅ (နယူးယောက်မြို့ တွင် ကပြဖျော်ဖြေသွားသော ဆပ်ကပ်ပွဲတစ်ခုမှ ပုံများ)

Thursday, January 5, 2012

အရပ်သားအစိုးရ ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်ချက်တွေ ကို တပ်မတော် က တားဆီးနိုင်ကြောင်း ဒေါ်စုပြော


မြန်မာပြည်တွင်း တိုးတက်ပြောင်းလဲမှု များကို အကောင်းမြင်စွာဖြင့် ကြိုဆိုသော်လည်း၊ အရပ်သားအစိုးရ၏ ဆောင်ရွက်ချက်များကို တပ်မတော်က တားဆီးပါက ရပ်တန့် သွားနိုင်သည့် အနေအထားရှိနိုင်ကြောင်း ကို သတိမူကြရန်၊ အနောက်နိုင်ငံမှ အင်အားစုများ ကို ဦးတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က အေပီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 
 
ပုံ-အေပီသတင်း

“ပြုပြင်ပြောင်းလဲမှုတွေကို တပ်မတော်အတွင်း မှာ ထောက်ခံကြပါ့မလား၊ နောက်ဆုံး .. ပြောင်းလဲမှုတွေကို   ဘယ်လောက် အတိုင်းအတာ အထိ ပူးပေါင်းဆောင်ရွက်သွားဖို့  ပြင်ဆင်ထားသလဲ ဆိုတာ နဲ့ ပတ်သက်ပြီး စဉ်းစားစရာပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က အေပီ သတင်းဌာနအား ပြောဆိုခဲ့သည်။   
လက်ရှိအခြေအနေကို အနွရယ်နှင့် ကြုံတွေ့ နေရသည့် အခြေအနေဟု မဆိုလိုသော်လည်း အစိုးရအဖွဲ့  အတွင်း အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး ကွဲလွဲသော အမြင်များရှိနေနိုင်ကြောင်း၊ အတားအဆီးအချို့ ကို ကြုံတွေ့ နိုင်ရဖွယ် ရှိကြောင်း  ဒေါ်စုက ပြောကြားခဲ့သည်။ 

Wednesday, January 4, 2012

ရေဆန်လမ်း(နိုင်ငံရေးအကျဉ်းသားများ၏ ဘ၀အကြောင်း မှတ်တမ်းရုပ်ရှင်)

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဘ၀အတွေ့ အကြုံ များ နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု သမိုင်း အပိုင်းအစ အချို့ ကို မှတ်တမ်းတင်ထားသည့်  "Into the Current" ရေဆန်လမ်း အမည်ရှိ Documentary ကို  ဒါရိုက်တာ Jeanne Hallacy ကရိုက်ကူး ထုတ်လုပ်ထားပါသည်။

မှတ်တမ်းရုပ်ရှင်တွင် ၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ နှင့် မနီလာသိန်း (လက်ရှိ အကျဉ်းကျဆဲ) တို့ ၏ သမီးငယ် က ဘုရားရှိခိုးတိုင်း "ဖေဖေရယ်၊ မေမေရယ်၊ သမီးရယ် အမြန်ဆုံး အတူတူနေချင်တယ် " လို့ ဆုတောင်းတဲ့ အကြောင်း ရင်နင့်စဖွယ် မြင်တွေ့ ရပါသည်။  
ရှပ်ရှင်ကြည့်ရန် ဒီနေရာကို နှိပ်ပါ
ဇာတ်ကားအပြည့်အစုံကို ဖွင့်မရကြောင်း စာရေးသားပေးပို့ လာသူများအတွက် ဇာတ်ကားကြော်ငြာများကြည့်ရန် 

ဇာတ်ကားကြော်ငြာ (၁)
ဇာတ်ကားကြော်ငြာ(၂)


လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် တွင် အကောင်းဆုံးဇာတ်ကားများ အဖြစ် ရွေးချယ်ခံရသည့် ဇာတ်ကားများ

 လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၄) ရက်နေ့  ညနေပိုင်း၊ ရန်ကုန်မြို့ ရှိ တော်ဝင်စင်တာတွင် ကျင်းပခဲ့ရာ၊ ပြိုင်ပွဲဝင် ဇာတ်ကားပေါင်း ၁၈၈ ကား အနက် မှ   အကောင်းဆုံးမှတ်တမ်းရုပ်ရှင် (Documentary) ဆု အဖြစ် ဒါရိုက်တာ စိုင်းကျော်ခန့် ရိုက်ကူးသည့် Click in Fear ၊ ပရိသတ်အကြိုက်ဆုံးဇာတ်ကားဆု အဖြစ် ဒါရိုက်တာ ၀ိုင်း ရိုက်ကူးသည့် "အဲဒီအခန်းဖြတ်" ဇာတ်ကား၊ အကောင်းဆုံးမျက်နှာသစ် ဒါရိုက်တာဆု အဖြစ် ဒါရိုက်တာ အောင်ဇော်မိုးရိုက်ကူးသည့် Still in Dark ဇာတ်ကား၊ အကောင်းဆုံး Animation ဆု အဖြစ် ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း Unity & Freedom ဇာတ်ကား၊ အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတို ကို ဒါရိုက်တာမင်းသိုက်ရိုက်ကူးသည့် ကြိုး ဇာတ်ကား တို့ က ဆွတ်ခူးရရှိသွားကြောင်း သိရှိရပါသည်။
Click in Fear (ဒါရိုက်တာ စိုင်းကျော်ခန့်) ဇာတ်ကားကို ကြည့်ရှုလိုပါက အောက်တွင် ပေးထားသော လင့်ခ် ကို နှိပ်ပါ။ Click in Fear မှတ်တမ်းရုပ်ရှင် သည် ကရင်အမျိုးသား သတင်းထောက် လော်အဲဆိုး ရိုက်ကူးထားသည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားခဲ့သူများ ၏ ပုံရိပ်များ ကို စုစည်းတင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်သည်။



Tuesday, January 3, 2012

မလွတ်မြောက်ကြသေးသည့် နိုင်ငံရေးအကျဉ်းသားများ အတွက် မြန်မာအစိုးကို အမေရိကန် အစိုးရက စိတ်ပျက်ကြောင်းပြောဆို


မြန်မာနိုင်ငံအား ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ် အဖြစ်သို့  ကူးပြောင်းရာတွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွတ်ပေးရန် မြန်မာအစိုးရဘက်မှ နှောင့်နှေးနေဆဲဖြစ်သည်။

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်ကြေငြာသည့် လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့် သာ ပါဝင်သဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ၊ မြန်မာ့အရေးစိတ်ဝင်စားသူများ နှင့် ကမ္မာ့နိုင်ငံများက စိတ်ပျက်ခဲ့ကြရသည်။ 
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူကိုမင်းကိုနိုင်၊ ထောင်ဒဏ် ၆၅ချခံထားရပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်အရ အနှစ် ၃၀ ကျခံရမည်ဖြစ်သဖြင့် နောက်ထပ် ၂၆နှစ်ကျရန်ကျန်ရှိနေ(ပုံ-အင်တာနက်)

Letter from Burma: An old Solider (Written by Aung San Suu Kyi)

  (Mainichi Japan) December 24, 2011

U Lwin and Aung San Suu Kyi (photo: internet)
It is always sad when a good life comes to an end. At the same time the knowledge that a human being has completed his sojourn on this earth with due honor is a matter for gratitude and a sense of wonder. When U Lwin, one of the founding members of the NLD, died on Dec. 6 I saw it as the fading away of an old soldier. I found my own attitude curious.

Fifteen years ago, I wrote about U Lwin in one of my Letters from Burma and outlined his career in the military, which included a wartime training course at the Rikugun Shikan Gakko in Japan. I also wrote that he subsequently served as Minister of Planning and Finance, Deputy Prime Minister and State Council member in the Burma Socialist Programme Party administration until he resigned from the last position in 1980.

Sunday, January 1, 2012

နှစ်သစ် ၂၀၁၂ ကို ကြိုဆိုကြသည့်ပုံရိပ်များ

ထိုင်ဝမ်
နိုင်ငံ အသီးသီးမှာ ၂၀၁၂ နှစ်သစ် ကို ကြိုဆိုနေကြတဲ့ ပုံတွေကို အင်တာနက်မှ တဆင့် စုစည်း ပြီး ပြန်လည် တင်ပြ ထားတာဖြစ်ပါတယ်။
ချီလီ

မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ နှစ်သစ်ကြိုည IC ပွဲမှ မြန်မာမိုဒယ်လ်

အနုပညာရှင်တွေမှာ လွတ်လပ်ရေးအတွက် ဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း ဒေါ်စုပြောကြား

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စဲင်န်တာ မှာ၊ ဒီဇင်ဘာလ ၃၁ ရက် ညနေ ပိုင်းက ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲကို မြန်မာ့ဒီမိုကရေစီခေင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောခဲ့ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်က ...အနုပညာရှင်တွေမှာ လွတ်လပ်ရေးအတွက် ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ အကြောင်း ပြောကြားသွားသလို လွတ်လပ်ရေးနဲ့  ပတ်သက်ပြီး "စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အခြားသူတွေရဲ့ လွတ်လပ်မှုကို မထိခိုက်ရပါဘူး။ ကိုယ့်ရဲ့ လွတ်လပ်မှု တစ်ဦးတည်း စဉ်းစားရင် စစ်မှန်တဲ့ လွတ်လပ်မှု မဟုတ်ပါဘူး။"  ...."လွတ်လပ်ခြင်းဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ပဲ အများ နဲ့ သက်ဆိုင်ပါတယ်။ ........ လူတွေရဲ့ လွတ်လပ်မှုကို သိပ်ပြီး ဖိနှိပ်ထားရင် မခံချင်စိတ်တွေ ဖြစ်ကြပါတယ်။" ဆိုပြီး ပြောကြားသွားပါတယ်။ 
ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် ရရှိထားပြီး၊ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ကိုဇာဂနာ၊ မင်းထင်ကိုကိုကြီးနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ က ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့  သိရပါတယ်။ 
 
မိန့် ခွန်းအပြည့်အစုံကို ကြည့်လိုပါက 

 
လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ဖွင့်ပွဲ မှာ ပြောသော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား   






ဗီဒီယိုရိုက်ကူးဖြန့် ချီသည့် Burma VJ အဖွဲ့ အားကျေးဇူးတင်ရှိပါသည်။