Wednesday, January 18, 2012

နိုင်ငံတကာ မှ အဆိုတော်များကလည်း အမေစု ကို ချစ်ခင်လေးစားကြသည်။

Photo: internet

အမေစု ကို လူချင်းမတွေ့ ဖူး၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိဖူး ကြပေမယ့်၊
  ကမ္ဘာတ၀န်းမှာ သူ့ ကို ချစ်ခင်လေးစားနေကြတဲ့ သူတွေ အများအပြားပါ။ နိုင်ငံရေးပိုင်းက ခေါင်းဆောင်ကြီးတွေ၊ ဘာသာရေးပိုင်းက ခေါင်းဆောင်ကြီးတွေ၊ ငယ်ရွယ်တဲ့ ကျောင်းသားလူငယ်တွေ၊ စီးပွားရေးပညာရှင်တွေ၊ အနုပညာသည်တွေ နဲ့...အလွှာအသီးသီးက လူတွေ ပါဝင်ကြပါတယ်။ 

'ကျွန်မ မြန်မာနိုင်ငံကပါ' လို့ ပြောရင် လူတော်တော်များများ က မြန်မာနိုင်ငံကို မသိကြပေမယ့်၊ 'ဒေါ်အောင်ဆန်းစုကြည် (သို့ မဟုတ်) the lady နေတဲ့ တိုင်းပြည်ကပါ' လို့ ပြောရင် လူတွေ သိကြပါတယ်။ မြန်မာပြည်မှာ အမေစုလို ခေါင်းဆောင်တစ်ဦးရှိနေတာ ပြည်သူလူထုအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါပဲ၊

အမေစုအတွက် နိုင်ငံတကာ က အဆိုတော်တွေ ရေးသားသီဆိုကြတဲ့ သီချင်းအချို့ ကို စုစည်း ဖော်ပြလိုက်ပါတယ်။ သီချင်းစာသားတွေ၊ သံစဉ်တွေ နဲ့  သီဆိုတဲ့ ပုံစံတွေကွဲလွဲကြပေမယ့် အမေစု ကို ချစ်ခင်လေးစားတဲ့ စိတ်တွေကတော့ တူညီကြတယ်လို့  ခံစားမိပါတယ်။ 


(၁) Spanish အဆိုတော်လို့ ထင်ရပါတယ်၊ သီချင်းကို စိတ်ပါလက်ပါ သီဆိုရင်း အမေစု ကို လေးစားကြောင်းပြနေတဲ့ သီချင်းလေးပါ။


ရန်ကုန်မြို့ က အမျိုးသမီး (The Girl From Rangoon) သီချင်း(ဗီဒီယို) ကြည့်ရန်


(၂)အမည်မသိတေးသံရှင်တစ်ဦးသီဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်းတစ်ပုဒ်တဲ့ 



A Song for Aung San Suu Kyi (ဗီဒီယို) ကြည့်ရန်



(၃) နာမည်ကြီး U2 အဖွဲ့ က ဆိုထားတဲ့ သီချင်းပါ။
Walk On - Aung San Suu Kyi သီချင်း(ဗီဒီယို)ကြည့်ရန်

(၄) Music & Lyrics by Sara Gamon, Arranged by Galen Willett
Lady Lady ဗီဒီယို ကြည့်ရန် 


(၅) Black Eyed Peas အဖွဲ့ က လဲ Where is the love ဆိုတဲ့ သီချင်းနဲ့  ဒေါ်အောင်ဆန်းစုကြည်အတွက် သီဆိုထားပါသေးတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ လုပ်တဲ့ စတိတ်ရှိုးဖျော်ဖြေပွဲ မှာဆိုခဲ့တဲ့သီချင်းပါ။


(၆) ဒေါ်အောင်ဆန်ုးစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားများအတွက် ဆိုထားတဲ့ သီချင်း Taken from the album "Anger and The Larch"

ှSion Rain- Aung Song သီချင်း(ဗီဒီယြို)ကည့်ရန် 

(၆) Jeff Buckley ဆိုထားတဲ့ Hallelujah

(8) Terry Batu သီဆိုထားတဲ့

(၉) ပီယာနိုတီးတတ်တဲ့ အမေစုအတွက် ရည်ရွယ်ပြီး Fredrik Andersson က သူ့ ရဲ့ ပီယာနိုလက်သံသက်သက် (သီဆိုမှုမပါ) ကို တီးခတ်ထားတာပါ။
ြMusic For Aung Sun Suu Kyi (ပီယာနိုသံစဉ်)

(၁၀) Doro Pesch သီဆိုထားတဲ့ သီချင်း အမေစု ကို ကယ်တယ်ရှင်နတ်သမီးအဖြစ်တင်စားဆိုထားတာပါ။

Bodhisattva Aung Sun Suu Kyi သီချင်း(ဗီဒီယို)ကြည့်ရန် 

(၁၁)အမေစု နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလအတွင်း Young Hegelians သီဆိုထားတဲ့ သီချင်း
Aung San Suu Kyi by Young Hegelians 


(၁၂) Ray Charles အမေစု နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့ အကြောင်းဆိုထားတဲ့သီချင်းပါ

(၁၃) Jane Birkin ဆိုတားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်း
Song For Aung San Suu Kyi by Jane Birkin

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။