Sunday, January 1, 2012

အနုပညာရှင်တွေမှာ လွတ်လပ်ရေးအတွက် ဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း ဒေါ်စုပြောကြား

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စဲင်န်တာ မှာ၊ ဒီဇင်ဘာလ ၃၁ ရက် ညနေ ပိုင်းက ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲကို မြန်မာ့ဒီမိုကရေစီခေင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောခဲ့ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်က ...အနုပညာရှင်တွေမှာ လွတ်လပ်ရေးအတွက် ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ အကြောင်း ပြောကြားသွားသလို လွတ်လပ်ရေးနဲ့  ပတ်သက်ပြီး "စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အခြားသူတွေရဲ့ လွတ်လပ်မှုကို မထိခိုက်ရပါဘူး။ ကိုယ့်ရဲ့ လွတ်လပ်မှု တစ်ဦးတည်း စဉ်းစားရင် စစ်မှန်တဲ့ လွတ်လပ်မှု မဟုတ်ပါဘူး။"  ...."လွတ်လပ်ခြင်းဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ပဲ အများ နဲ့ သက်ဆိုင်ပါတယ်။ ........ လူတွေရဲ့ လွတ်လပ်မှုကို သိပ်ပြီး ဖိနှိပ်ထားရင် မခံချင်စိတ်တွေ ဖြစ်ကြပါတယ်။" ဆိုပြီး ပြောကြားသွားပါတယ်။ 
ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် ရရှိထားပြီး၊ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ကိုဇာဂနာ၊ မင်းထင်ကိုကိုကြီးနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ က ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့  သိရပါတယ်။ 
 
မိန့် ခွန်းအပြည့်အစုံကို ကြည့်လိုပါက 

 
လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ဖွင့်ပွဲ မှာ ပြောသော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား   






ဗီဒီယိုရိုက်ကူးဖြန့် ချီသည့် Burma VJ အဖွဲ့ အားကျေးဇူးတင်ရှိပါသည်။ 

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။