Wednesday, September 21, 2011
မြန်မာ့ ဂုဏ်ဆောင်၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် 
အခုလ ၁၃ရက်နေ့ ကနေ ၂၂ရက်နေ့ အထိ နယူးယောက်မြို့ က   ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးမှာ ၂၀၁၁ခုနှစ် အထွေထွေညီလာခံကို ကျင်းပခဲ့ပါတယ်။ နယူးယောက်မြို့ တွင်းမှာတော့ လမ်းတွေပိတ်ပြီး လုံခြုံရေးတွေကို ယခင်နေ့ တွေကထက် ပိုမို တင်းကြပ်ထားတယ်။ 
ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးနား ကို ရောက်တိုင်း သူငယ်ချင်းတွေကို ကျွန်မ အမြဲ ၀င့်ဝင့်ကြွားကြွား နဲ့  ပြတတ်တဲ့နေရာလေးတစ်ခုကတော့ ဦးသန့် ကျွန်းပါပဲ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ဖွား ဦးသန့်  (တချိန်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) ကို ဂ်ုပြု ပြီး အမည်ပေးထားတဲ့ ကျွန်းကလေး ကို ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးအနား (မက်ဟက်တန်မြို့ တွင်း) ဘက်ကနေ ဖြစ်ဖြစ်၊ Long Island City ဘက်ကနေပဲ ဖြစ်ဖြစ်   မြင်တွေ့ နိုင်ပါတယ်။
 ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းကို စတင်ဖွဲ့ စည်းခဲ့တဲ့ ၁၉၄၅ခု ကစပြီး ယခုအထိ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ  ၉ ဦးသာရှိပြီး၊ အဲဒီအထဲမှာ မြန်မာတစ်ဦးပါဝင်နေတာဟာ ကျွန်မတို့  
မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူစရာပါ၊ မျိုးဆက်သစ်မြန်မာလူငယ်လေးတွေကို ဦးသန့် လို ထူးချွန် တက်မြက်အောင်၊ အတုယူတတ်အောင် သင်ကြားပေးရမယ့် အစား၊ စစ်အစိုးရက မြန်မာ့ သမိုင်း စာမျက်နှာတွေ ပေါ် မှာ ဦးသန့် နဲ့ သူ့ ရဲ့  လုပ်ဆောင်မှုတွေ အကြောင်း ကို ဖျောက်ဖျက်ထား တာကတော့ ၀မ်းနည်းစရာပါပဲ။ ဦးသန့် အကြောင်း မကြားသိဖူးသေးတဲ့ လူငယ်တွေ အတွက် ဦးသန့် အကြောင်း အကျဉ်းချုပ် ကို ဝေမျှလိုက်ပါတယ်။ 
ဦးသန့် ကျွန်း နဲ့  ကုလသမဂအဆောက်အဦး (U Thant Island in New York City)
ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်  (U Thant from Burma was the third Secretary General of UN)
ဦးသန့် ကျွန်း (U Thant Island)
ဦးသန့် အကြောင်းအကျဉ်းချုပ်
-       ၁၉၀၉ခုနှစ်၊ ဇန်န၀ါရီလ (၂၂)ရက်၊ ဧရာဝတီတိုင်း၊ ပန်းတနော်တွင်မွေးဖွား
-       အင်္ဂလိပ်စာ ကို အများက ကျွန်ပညာရေးအဖြစ် သတ်မှတ်စဉ် ကာလ ကတည်းက ဦးသန့် က အင်္ဂလိပ်စာကို ကျွမ်းကျင်တတ်မြောက်မှ ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မည် ဆိုသည့် ယုံကြည်ချက်ဖြင့်  တစိုက်မတ်မတ်လေ့ လာသင်ယူခဲ့။
-     ၁၉၂၈ခုနှစ် ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ဖခင်ဆုံးပါးသွားသဖြင့် ကျောင်းဆက်မတက်နိုင်ပဲ ပန်းတနော်သို့ ပြန်။
-       ၁၉၂၉ တွင် ပန်းတနော် အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ အဖြစ်တာဝန် ထမ်းဆောင်။
-      ၁၉၃၅ တွင် ပန်းတနော် မြို့နေ ဆေးလိပ်ခုံပိုင်ရှင် ဒေါ်ကျေး၏ သမီး မသိန်းတင်နှင့် လပ်ထပ်ခဲ့သည်။
-       ၁၉၄၃-၁၉၄၇ ပန်းတနော်တွင် ကျောင်းအုပ်ဆရာကြီးအဖြစ်တာဝန်ထမ်းဆောင်။
-       ဒုတိယကမ္ဘာ စစ်အပြီး တွင် ဦးနု ၊ ဗိုလ်ချုပ်အောင်ဆန်းတို့  နှင့်ပူးပေါင်းပြီး ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့။
-       ၁၉၄၇-၄၈ တွင် သတင်းနှင့် ပြန်ကြားရေးဌာန၊ မြန်မာ့အသံတွင် ညွန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့။
-        ၁၉၄၉ တွင် အတွင်းဝန် အဖြစ်တာဝန်ထမ်းဆောင်။
-       ၁၉၅၇ တွင် ကမ္ဘာ့ကုလသမ အမြဲတမ်းသံအမတ်ကြီးအဖြစ်ခန့် အပ်ခံရ။
-      ၁၉၅၉ တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ဒုတိယ ဥက္ကဌ အဖြစ်တာဝန်ယူ။
-      ၁၉၆၁ခုနှစ် တွင် ကုလအတွင်းရေးမှူးချုပ် ဒပ်ဟမ်းမားရှိုး လေယာဉ်ပျက်ကျသေဆုံးသွားအပြီး လစ်လပ်နေရာ အတွက်ရွေးချယ်ရာတွင် ဦးသန့် ကို လူကြိုက်များခဲ့။
-      ၁၉၆၁ ခု နိုဝင်ဘာလ (၃) ၇က်တွင် ဦးသန့် ကို  ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်ရွေးချယ်တင်မြောက်ခဲ့ကြ။
-      တဖန် ၁၉၆၆ခု ဒီဇင်ဘာလ (၂) ရက်တွင် ဒုတိယ အကြိမ် ပြန်လည်ရွေးချယ်ခံရ။
-      ၁၉၇၁ ခု နှစ်ကုန်ပိုင်းတွင် ကုလမှ အငြိမ်းစားယူ။
-ကမ္ဘာ့ကုလသမဂ္ဂ တွင် တာဝန်ယူစဉ် ကျူးဘားဒုံးကျည်အရေး၊ အာဖရိကပြည်တွင်းစစ်အရေး၊ အာရပ်နှင့် အစ်စရေးနှစ်နိုင်ငံအကြား စစ်ပွဲ၊  စသည့် စစ်ပွဲပေါင်းများစွာ နှင့် ပြည်တွင်းစစ်များစွာတို့ ကို တာဝန်ယူဖြေရှင်းနိုင်ခဲ့သဖြင့် ငြိမ်းချမ်းရေးဗိသုကာ အဖြစ်လူသိများခဲ့သည်၊ ကုလအတွင်း ရံပုံငွေမြင့်တင်ခြင်း၊ အဖွဲ့ ခွဲများအသစ်တိုးချဲ့ ခြင်းလုပ်ငန်းတွင် UN Development Program (UNDP), the UN University, UN Institute for Training and Research (UNITAR), UN Environmental Programme  စသည်တို့ ကို စွမ်းစွမ်းတမံ တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့သည်၊
ဦးသန့် ရေးသားခဲ့သောစာ အချို့ ။ Toward World Peace (1964), View from the UN (1978) နှင့် မြန်မာစာအုပ်များစွာ (ပြည်တော်သာခရီး စသဖြင့်)  
မြန်မာပြည်အတွင်း ဒီမိုကရေစီ စနစ်ထွန်းကားလာချိန်မှာ ကျောင်းသင်ရိုးညွန်းတမ်းတွေထဲ ဦးသန့် အကြောင်းကို ထည့်သွင်းသင်ကြားပြီး၊ ခေတ်သစ်လူငယ်လူရွယ်တွေ ကို ဦးသန့် လို ပဲ လူအများအကျိုးသယ်ပိုးလိုစိတ် ကြိုးစားလိုစိတ်တွေ ရှင်သန်ထက်မြက်လာအောင် လုပ်ဆောင်ကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်၊
မစုဥာ်
Thursday, September 15, 2011
voiceless people in Burma
The more i see the happiness of people who are enjoying their freedom, the more i feel for those whose freedom was taken away.....
လွတ်လပ်မှု၊ လူအချင်းချင်းတန်းတူညီတူ အခွင့်အရေးရှိမှု စတာတွကို အပြည့်အ၀ခံစားနေကြတဲ့ တိုင်းပြည်က လူတွေရဲ့ ပျော်ရွင်မှုတွေကို မြင်တိုင်း အဲဒီအခွင့်အရေးတွေကို (လက်တဆုပ်စာ လူတွေ ကောင်းစားရေးအတွက်) စွန့် လွတ်နေကြရတဲ့လူတွေရဲ့  နာကျင်မှုတွေ ကို ပိုခံစားမိတယ်။
                                                                                                         မစုဥာ်
unlike other kids, they have no right to study peacefully
victims of forced relocations ordered by Burmese military government
the military troops burned down villages like this..living villagers with no place to call home..
Ethnics(minorities) have been targeted due to the military government's ethnic cleansing policy
E-books & publications about Burma (click on the book's tittle to download) 1
 Twenty Years On the Border
Than Shwe-Unmasking Burma's Tyrant
The Darkness We See: Torture Report in Burma's Prisons
Displacement And Poverty in South East Burma
Crimes in Burma
Wednesday, September 14, 2011
စာဖတ်ခန်း ၂ (ရသစာပေများ)
စာပေ ကို ချစ်မြတ်နိုးသူတွေ အတွက် နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ စာအုပ်လေးတွေ ကို မျှဝေလိုက်ပါတယ်၊ ငွေကြေးအခက်အခဲကြောင့် ပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ ၀ယ်ယူလို့ မရနိင်တဲ့ စာအုပ်မျိုးဖြစ်နေလို့ ပဲ ဖြစ်ဖြစ် စာဖတ်ဖို့ ဖြစ်ပေါ်လာတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးလို စိတ်နဲ့  စာအုပ်များကို ဝေမျှခြင်းသာဖြစ်ပါတယ်၊ စီးပွားရေးအကျိုးအမြတ်အတွက် ပြန်လည် အသုံးပြုခြင်းမပြုလုပ်ကြဖို့  နဲ့  အခြေအနေအရပ်ရပ်ကြောင့် မူရင်းစာရေးဆရာ ဆရာမတွေဆီက ခွင့်ပြုချက်တောင်းခံခြင်း မပြုနိုင်တာကို အနှူးအညွတ်တောင်းပန်ပါတယ်၊
အောက်မှာပေးထားတဲ့ link ကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်၊ ဖွင့်လို့ မရရင် အီးမေလ်းပို့ ပေးစေချင်ပါတယ်၊
တာရာမင်းဝေ အမှတ်တရစာစုများ
အိုမာခယမ် (မင်းယုဝေ) 
စာပေဗိမာန်ဆုရ၊ အဖေခေသူမဟုတ်နဲ့  အခြားစာစုများ(မောင်သုန် )
သစ်ရွက်ကြွေပေါ်မှာရေးတဲ့မှတ်တမ်းများ(တင်မိုး)
ခရမ်းနုရောင်နှင်း(သို့ မဟုတ်) ခင်ဝမ်းသို့ တမ်းခြင်းများ (အောင်ဝေး)
မန်းတလေးမြို့ က လူတွေ အကြောင်း (ကံချွန်) 
အဆိုအမိန့်  နှင့် ကျကျမ်း ကာတွန်းများ (အော်ပီကျယ်)
စာဖတ်ခန်း ၁
စာပေ ကို ချစ်မြတ်နိုးသူတွေ အတွက် နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ စာအုပ်လေးတွေ ကို မျှဝေလိုက်ပါတယ်၊ ငွေကြေးအခက်အခဲကြောင့် ပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ ၀ယ်ယူလို့ မရနိင်တဲ့ စာအုပ်မျိုးဖြစ်နေလို့ ပဲ ဖြစ်ဖြစ် စာဖတ်ဖို့ ဖြစ်ပေါ်လာတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးလို စိတ်နဲ့  စာအုပ်များကို ဝေမျှခြင်းသာဖြစ်ပါတယ်၊ စီးပွားရေးအကျိုးအမြတ်အတွက် ပြန်လည် အသုံးပြုခြင်းမပြုလုပ်ကြဖို့  နဲ့  အခြေအနေအရပ်ရပ်ကြောင့် မူရင်းစာရေးဆရာ ဆရာမတွေဆီက ခွင့်ပြုချက်တောင်းခံခြင်း မပြုနိုင်တာကို အနှူးအညွတ်တောင်းပန်ပါတယ်၊
အောက်မှာပေးထားတဲ့ link ကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်၊
 ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း  
ကဗျာများ 
The Lady
မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကား ကို ကနေဒါနိုင်ငံမှာကျင်းပနေတဲ့  2011 တိုရန်တို ရုပ်ရှင်ပြပွဲမှာ စတင်လို့ ပြသနေပါပြီ၊ ဇာတ်ဆောင်မင်းသမီး မီရှဲယ်ယိုးကိုယ်တိုင် ပြပွဲကို တက်ရောက်ခဲ့ပြီး ဇာတ်ကားနဲ့  ပတ်သက်တဲ့ အကြောင်းတွေကို အင်တာဗျူးတွေ ပေးခဲ့ပါတယ်၊ ဒီဇာတ်ကားကြောင့်  မြန်မာနိုင်ငံအကြောင်းကို ပိုပြီးလူသိများလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊
Saturday, September 10, 2011
contact
littlevoicefromburma@gmail.com
မိတ်ဆက်
ဝက်ဆိုက်ကို  ရေးသားနေဆဲဖြစ်ပါတယ်၊ ၀င်ရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်၊