Tuesday, January 24, 2012

၁၉၈၈ တော်လှန်ရေးအကြောင်း ကို ကမ္ဘာက ပိုမိုသတိထားမိစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား

Beyond Rangoon ရုပ်ရှင်ဇာတ်ကားဟာ ..မြန်မာနိုင်ငံ အကြောင်း..အထူးသဖြင့်..၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း နိုင်ငံရေးတက်ကြွသူများကို စစ်အစိုးရက ရက်ရက်စက်စက်ချေမှုန်းခဲ့တဲ့ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကားကို ၁၉၉၅ ခုနှစ်မှာ စတင်ပြသခဲ့ပြီး၊ ပြင်သစ်နိုင်ငံမှာ ၀င်ငွေအများဆုံး(ကြည့်ရှုသူ ပေါင်း ၄သိန်းကျော်ခဲ့) တဲ့ ရုပ်ရှင်ကားတစ်ကားလဲဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ John Boorman ရိုက်ကူးခဲ့ ပြီး၊ Laura Bowman ဆိုတဲ့ လော့အိန်ဂျဲလစ်က အမျိုးသမီးဆရာဝန် တစ်ဦးက သူမရဲ့ အားလပ်ရက် အပန်းဖြေခရီးအဖြစ် မြန်မာနိုင်ငံကို သွားရောက်စဉ် ၁၉၈၈ လူထူအုံကြွမှုနဲ့  ကြုံတွေ့ ခဲ့ရပြီး၊ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို မြင်တွေ့ ခဲ့ရတဲ့ အကြောင်း အခြေခံရိုက်ကူးထားတဲ့ drama ဇာတ်ကားဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်တွေကို မှတ်တမ်းတင်ရိုက်ကူးတဲ့ Documentary ဇာတ်ကားမျိုးမဟုတ်ပေမယ့်လဲ...(၁၉၉၀ ၀န်းကျင်ကာလ က မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်တွေ နည်းပါးနေသေးတဲ့ အချိန်မှာ) ဒီဇာတ်ကားကြောင့် မြန်မာပြည်အကြောင်း၊ ပြည်တွင်းက လူ့ အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းတွေ ကို
ကမ္ဘာက ပိုမိုသတိထားမိစေခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့  မကြည့်ရသေးသူများအတွက် ကြည့်လို့ ရအောင် post လုပ်ပေးလိုက်ပါတယ်။ 

Beyond Rangoon မှ ဇာတ်ဝင်ခန်းတစ်ခန်း

Beyond Rangoon မှ ဇာတ်ဝင်ခန်းတစ်ခန်း 





Beyond Rangoon ရုပ်ရှင်ကြည့်ရန် ဒီနေရာကို နှိပ်ပါ

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။