အနင်းခံရတဲ့ မြက် ပိုသန်သတဲ့
အကျဉ်းခံရတဲ့ ငှက် ပိုပျံနိုင်လိမ့်မယ်
(ဆရာတင်မိုး)
Photo: internet |
ရန်ကုန်မှ သူငယ်ချင်းများပြောပြချက်အရနဲ့  facebook မှသတင်းများအရ ဒီကနေ့  မှာ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာပြီလို့ သိရပါတယ်။
တိုင်းပြည်နဲ့  လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ရော၊ သူတို့ နဲ့  နှစ်ပေါင်းများစွာခွဲခွာနေရပြီး သောကတွေ ဝေခဲ့ကြရတဲ့ မိသားစုဝင်တွေ အားလုံး အတွက်၊ အတိုင်းမသိဝမ်းသာပျော်ရွင်မိပါတယ်။ တကယ်တော့ 'ထောင်'ဆိုတာ (အထူးသဖြင့် နိင်ငံရေးအကျဉ်းသားတွေ အတွက်) နေသင့်တဲ့ အရပ်မှ မဟုတ်တာနော်။
အများပြည်သူရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးတဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ် ကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့  အစိုးရသစ်ရဲ့  ပူးပေါင်းဆောင်ရွက်မှုကြောင့် ရလာတဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေ စမြင်နေရပါပြီ။
ပြန်လည်လွတ်မြောက်လာသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်ဦးနှင့် ဇနီးပြန်လည်တွေ့ ဆုံစဉ် |
ကိုမင်းကိုနိုင်အား တွေ့ ဆုံနှုတ်ဆက်သူများနှင့်တွေ့ ရစဉ် |
အခုအချိန်အထိ သိရတဲ့ စာရင်းတွေ အရ...
- ဦးခွန်ထွန်းဦး
- ကိုမင်းကိုနိုင်
- ဦးခင်ညွန့် 
- ဦးကိုကိုကြီး
- ကိုဌေးကြွယ်
- ဘန်ဒိတ်ထွန်း
- အရှင်ဂမွီရ
- မမီးမီး
- မနီလာသိန်း
- မသက်သက်အောင်
- ကိုဥာဏ်လင်း
- ကိုဇော်ဇော်မင်း
- ကို အံ့ဖွယ်ကျော်
- ဒေါက်တာတင်မင်းထွဠ်
- ကိုမင်းဇေယျာ
- ကိုမြအေး
- ကိုဂျင်မီ
- ကိုမျိုးအောင်နိုင်
- ကိုသန်းတင်
- ကိုလှမျိုးနောင်
- ကိုသက်ဇော်
- ကိုပြုံးချို
- ကိုဇော်သက်ထွေး
- ဦးညီပု
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။