Sunday, January 22, 2012

ဘာဘာညာညာ ဇာဂနာ အပိုင်းအစ (၁)


ဇန်န၀ါရီလ ၂၁ ရက်နေ့ ၊ စက်ာပူမှာ ကိုဇာဂနာ နဲ့  ဒါ၇ိုက်တာ မင်းထင်ကိုကိုကြီး တို့ ရဲ့  ရုပ်ရှင်ပြပွဲနဲ့  အနုပညာဟောပြောပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဟောပြောပွဲကို "ရုန်းကန်ရှင်သန်နေသောအလှတရားများ" လို့  အမည်ပေးထားပြီး စက်ာပူရှိ ရသအလင်း ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။ ပွဲမကျင်းပမီ စက်ာပူရဲများက နိုင်ငံရေးဟောပြောပွဲလို့  သတင်းရပြီး လာရောက်စစ်မေးခဲ့တဲ့အတွက် ပွဲပျက်မလိုလို ဖြစ်ခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ အောင်မြင်စွာကျင်းပဲခဲ့တဲ့ အကြောင်းကြားသိရပါတယ်။ ရုပ်ရှင်ကားအချို့ ကို ပြသဖို့  စက်ာပူရဲများက ခွင့်မပြုခဲ့တဲ့ အတွက် အချို့  ကားများကို မပြသ နိင်ခဲ့ကြောင်း ကြားသိရပါတယ်။

ကိုဇာဂနာနှင့် ရသအလင်းဖောင်ဒေးရှင်းမှ အဖွဲ့ ဝင်များ(ပုံ-ဇာဂနာfacebook)

ဟောပြောပွဲ အစအဆုံး ရိုက်ကူးထားတဲ့ အခွေကို ရသအလင်းဖောင်ဒေးရှင်းက  မကြာမီ ပြန်လည်ရောင်းချမှာဖြစ်ပြီး၊ ရရှိသော ငွေများကို လှူဒါန်းသွားဖို့  ရှိတယ်လို့ သိရပါတယ်။






ဇာဂနာသိတဲ့ ဇာဂနာပါ (ပုံ-ဇာဂနာfacebook)
 ဟောပြောပွဲ အတွင်းရိုက်ကူးထားတဲ့ အခွေအပိုင်းအစ မှာ ယခင်က ရှိခဲ့တဲ့ မြန်မာပြည်တွင်းက ရုပ်ရှင် ဆင်ဆာစည်းကမ်းတွေကြောင့်၊ ဇာတ်ကားကို ရုံတင်ပြသရာမှာ ရုံမပြည့် ပြည့်အောင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ကို ခေါ်ယူပြီးကြည့်ခိုင်းရတာတို့ ၊ နောက်ဆုံး အထည်ချုပ်စက်ရုံ တွေ ပိတ်သွားတဲ့ အတွက် မျက်မမြင်ကျောင်းက ကျောင်းသားတွေ ခေါ်ကြည့်ရတဲ့ အကြောင်း တွေ ကို ကိုဇာဂနာက ဟာသနှောပြီး ပြောပြသွားပါတယ်။

ကိုဇာဂနာနဲ့  ကိုဇင်ဝိုင်းတို့  ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနှိပ်စက်ခဲ့တဲ့ အကြောင်းတွေကို ပြန်လည်ပြောပြဖြစ်ခဲ့ပေမယ့်၊ ကိုဇာဂနာ က သူ့ ကို နှိပ်စက်ခဲ့တဲ့ အရာရှိတွေကို လက်ဆွဲနှုတ်ဆက်နိုင်ခဲ့တဲ့အကြောင်း၊ အငြိုးအတေးမရှိကြောင်း တွေ ပြောပြသွားပါတယ်။ အသေးစိပ်သိလိုပါက....

ဘာဘာညာညာဇာဂနာ (၁) ဗီဒီယို ကြည့်ရန် ဒီနေရာကို နှိပ်ပါ

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။