Saturday, May 26, 2012
ကိုကျော်သူရဲ့  ပထမဆုံး ထွက်ပေါက်
စက်တင်ဘာ သာသနာ
 မေလ ၂၅ ရက်နေ့ ၊ နယူးယောက်မြို့ တရုတ်တန်းက Project Reach မှာ ကျင်းပခဲ့တဲ့ First Break Out (ကျော်သူရဲ့  ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံ ပန်းချီပြပွဲ)  မှ ပုံများဖြစ်ပါတယ်။  
 ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော် များကို ဆွမ်း၊ရေချမ်းကပ်ခဲ့တဲ့  ကိစ္စကြောင့် အဲဒီ အချိန် က စပြီး ယခု အမေရိကန် ကို အလည်အပါတ် ရောက်လာတဲ့ အချိန် အထိ မြန်မာအစိုးရ က ကိုကျော်သူ ရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေ အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။ ပြည်တွင်း မှာပြသခွင့်မရခဲ့တဲ့ ပန်းချီကားချပ်တွေ ဖြစ်တာမို့ ၊ မိုင်ထောင်ပေါင်း များစွာ ဝေးကွာတဲ့ 
နေရာမှာ ရှိနေတဲ့ ကိုကျော်သူ့ ပရိသတ်များ ကြည့်ခွင့် ရစေရန် ရည်ရွယ်ပါတယ်။ 
ကျနော့် နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေ လူထုကိုပြသခွင့်ရခြင်းဟာ ကျနော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ဆိုချင်ပါတယ် (ကျော်သူ)
လှုံ ခြုံမှု နွေးထွေးမှု
စစ်နဲ့ ငြိမ်းချမ်းရေး ($1500 ဖြင့် ရောင်းချပြီး)
Kiss Me Quick
အိုးဘားမား ($700 ဖြင့် ရောင်းချပြီး)
ကိုကျော်သူ့ လက်ရာကို ကြည့်ပြီး တွေ သွားတဲ့ ဆရာမောင်စွမ်းရည် ရဲ့ အတွေး တွေ ကို ကျွန်မ စိတ်ကူးနဲ့  ဖမ်းဆုပ်ကြည့်တဲ့ အခါ ရွေဝါရောင် ကဗျာတစ်ပုဒ် ကို ဖတ်လိုက်ရတယ်။ 
လူရှုပ်ရှုပ်၊ ကားရှုပ်ရှုပ် နဲ့  ဆူညံနေတဲ့ နယူးယောက်မြို့ လယ်က အခန်းလေးတစ်ခုမှာ မြန်မာ့ရိုးရာ ကို ဖော်ကျူးထားတဲ့ ကားချပ်တွေ ၀န်းရံထား ပြီး မြန်မာသံတွေ နားထောင်နေရတာဟာ ထူးဆန်းတဲ့ ခံစားမှု တစ်ခုပါပဲ။
အောင်စည်အောင်မောင်း ($ 800 ဖြင့် ရောင်းချပြီး)
အဆိုပါ ပန်းချီပြပွဲ ကို မေလ ၂၅ ရက်ကနေ၊ မေလ ၂ရ ရက်နေ့ အထိ ပြသထားမှာ ဖြစ်ပြီး၊ စုစုပေါင်း ပန်းချီကား ချပ် ၂၆ ချပ် ရှိတဲ့ အထဲ က ပြပွဲ ပထမရက်မှာ ကားချပ်ပေါင်း ၉ ချပ် (အမေရိကန် ဒေါ်လာ ၇၄၀၀) ရောင်းချခဲ့ပြီးဖြစ်ပါတယ်။
အင်းစိန်ထောင်ရဲ့ အခန်းကျဉ်းထဲကနေ လှမ်းမြင်ရတဲ့ မြင်ကွင်း ကို ရေးဆွဲထားတာ လို့  ကိုကျော်သူက ပြောပါတယ်။ ကားချပ်ရဲ့ အမည် ကို  လွတ်ငြိမ်းခွင့် လို့  ပေးထားပါတယ်။
ကိုကျော်သူရဲ့ ရင်ခုန်သံ ကို ပရိသတ်များက အခုလို စိတ်ဝင်တစား နားထောင်ခဲ့ကြ။
မြန်မာ့ရိုးရာ ($500 ဖြင့် ရောင်းချပြီး)
သစွာဖောက်
 ပရိသတ်တွေရဲ့ မေးခွန်းတွေ ဖြေပေးရ၊ာတ်ပုံတွဲရိုက်ရနဲ့  အလုပ်များနေတဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်သူ ကို ဂုဏ်ယူတဲ့ အပြုံးနဲ့ လိုက်ကြည့်နေတဲ့ မရွှေဇီးကွက် ကို ပြပွဲ အကြောင်း မေးကြည့်တော့...
"မြန်မာပြည်မှာ တုန်းက တော့ အိမ်မှာပဲ ပြခဲ့တာလေ။ လွတ်ငြိမ်းခွင့် ဆိုတဲ့ ပန်းချီကား ကို သံတိုင်တွေ နဲ့  လုပ်ထားတဲ့ အခန်းကျဉ်းထဲ ထည့်ပြီး ပြထားတယ်၊ သံတိုင် တံခါးကို ဆွဲဖွင့်လိုက်ရင် ထောင်ထဲ က တံခါးတွေ အသံမြည်သလို မျိုးဖြစ်အောင်လုပ်ထားတော့ အိမ်မှာ လာကြည့်တဲ့ သူတွေ ထဲ က တချို့ ဆို မျက်ရည်ကျသွားတာတွေ ရှိတယ်။ အခု ဒီမှာ လုပ်တဲ့ ပွဲ က ဘယ်သူမဆို ၀င်ကြည့်လို့ ရတယ်။ ပိုပြီး လွတ်လွတ်လပ်လပ် ရှိတယ်၊ ပရိသတ်နဲ့  ပိုပြီး ထိတွေ့ မှု ရ တာပေါ့ " လို့ ပြောပါတယ်။  (မချောအိသိမ်းရဲ့  ပြောစကားအရ ကားချပ်တွေ ကို ကိုကျော်သူ စိတ်တိုင်းကျ ခင်းကျင်းပြသဖို့  ပြင်ဆင်ရာမှာ  အချိန် အခက်အခဲ၊ ပစ္စည်းအခက်အခဲ တွေ ရှိခဲ့တယ်လို့  သိရပါတယ်။ ဥပမာ ကားချပ်တစ်ခု ပေါ်မှာ သံစူးကြိုးနဲ့  လိုက်ပြီး ပတ်ဖို့ လုပ်ရာမှာ မြန်မာပြည် ကလို သံစူးကြိုးမျိုး ရအောင် အတော်လေး ရှာယူရတယ်လို့ သိရပါတယ်) 
ကိုကျော်သူရဲ့  ပါရမီဖြည့်ဘက်
ရုပ်ရှင်မင်းသား အဖြစ်၊ ဒါရိုက်တာအဖြစ်၊ နာရေးကူညီမှု အသင်းရဲ့  ဥကဌအဖြစ်၊ ပန်းချီဆရာ အဖြစ် အလုပ်တွေ များနေတတ်တဲ့ ကိုကျော်သူ ရဲ့ ဇနီးသည် ဘ၀ ကို အမ ဘယ်လို ဖြတ်သန်းခဲ့သလို လို့  မေးတော့ မျက်လုံးဝိုင်းဝိုင်းနဲ့  အမက.....
"ကိုယ်နဲ့ လက်ထပ်တုန်းက သူ က ရုပ်ရှင်မင်းသားမဖြစ်သေးတော့ အစပိုင်းမှာ ခက်တာပေါ့ နော်(ရီမောလျှက်)။ အမက ရုပ်ရှင်သရုပ်ဆောင်အလုပ် ကို ၀ါသနာလည်းမပါဘူး။ သူလုပ်တာကို သဘောလည်း မကျပေမယ့် မကန့် ကွက်ခဲ့ပါဘူး။ ရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းကြောင့် မိသားစု အတွက် အချိန်နည်းတာမှန်ပါတယ်။ ဒါပေမယ့် အစ်မတို့  နာရေးကူညီမှု လုပ်ငန်းလုပ်တဲ့ အခါမှာ နာမည်ကြီးရုပ်ရှင် မင်းသားဖြစ်တဲ့အတွက် လူတွေ ရဲ့ စိတ်ဝင်စားမှု ကို ပိုရစေခဲ့ပြီး၊ အသင်းအတွက် အထောက်အကူဖြစ်စေခဲ့တာမို့ အစ်မ ၀မ်းသာပါတယ်။  ကောင်းတာတွေထဲက နောက်တစ်ခု က ဘာလဲဆိုတော့ သူ့ အနုပညာလုပ်ငန်းတွေ နဲ့  အလုပ်များနေချိန်မှာ သားသမီးတွေ ကို ထိန်းကျောင်းဖို့ အစ်မ ပို ပြီး အချိန်ရခဲ့တယ်။ ဘာပဲပြောပြော ကလေးတွေ က ပညာရေးမှာ ထူးချွန်ကြတဲ့ အတွက် ကျေနပ်မိပါတယ်"  တဲ့။
ကိုကျော်သူ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိပြီး တစ်ပတ်လောက် အကြာမှာ အနုပညာလုပ်ကိုင်ခွင့် နဲ့  ပတ်သက်ပြီး ပိတ်ပင်ထားတာတွေ ကို ဖယ်ရှားလိုက်ပြီ လို့  သိရတဲ့ အတွက် ကိုကျော်သူ့ လက်ရာ   ပန်းချီပြခန်းတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကို မကြာခင် ပြန်လည်မြင်တွေ့ ခွင့်ရတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 
                                                                                                                   မစုဥာဏ်
Friday, May 25, 2012
ဘယ်နေရာ ရောက်ရောက် လူထုဘက် က ရပ်တည်နေတဲ့ ကိုကျော်သူတို့  ဇနီးမောင်နှံ
အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေ ကို ထောက်ခံတဲ့ အနေနဲ့  အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကို ခေတရောက်ရှိနေတဲ့ ကိုကျော်သူတို့  ဇနီးမောင်နှံ တို့ ကလည်း  မြန်မာမိသားစုတွေနဲ့ အတူ အခုလို ငြိမ်းချမ်းစွာ နဲ့ ဆနဖော်ပြခဲ့ကြပါတယ်။ 
လူထု ကို ၂၄နာရီ လျှပ်စစ်မီး ရစေချင်တဲ့ ကိုကျော်သူ (ပုံ မစုဥာဏ်)
၂၄ နာရီမီးအမြဲ ရနေတဲ့ နယူးယောက်မြို့ မှာ၊ လျှပ်စစ်မီးကို အမှောင်ချပြီး အခုလို ငြိမ်းချမ်းစွာ ဆနဖော်ထုတ်။(ပုံ မစုဥာဏ်)
ကိုကျော်သူ၊ မရွေဇီးကွက်တို့ နှင့် နယူးယောက်မှ မြန်မာမိသားစုများ(ပုံ မစုဥာဏ်)
နယူးယောက်မြို့ တရုတ်တန်းမှာ ရှိတဲ့ Project Reach မှာ မေလ ၂၅ ရက်နေ့ က ကျင်းပခဲ့တဲ့ "ကျော်သူရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံပန်းချီပြပွဲ" ဖွင့်ပွဲ အခမ်းအနားမှာ ဒီအစီအစဉ် လေးကို ပါ ထည့်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
(မှတ်မှတ်ရရ၊ ကျွန်မ ရောက်နေတဲ့ ၅ နှစ်တာ ကာလအတွင်း နယူးယောက်မြို့ မှာ လျှပ်စစ်မီး တစ်ခါ ပဲ ပျက်ဖူးပါတယ်။ ၂၀၀၃ ခုနှစ် သြဂုတ်လ မှာ၊ မုန်တိုင်းကျပြီး၊ တချို့ နေရာ ကရေကြီး၊ တချို့ နေရာမှာ သစ်ပင် ပိ တဲ့ အတွက် နယူးယောက်မြို့ ရဲ့ နေရာ တချို့ မှာ မီးပျက်သွားပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တွေ၊  စီးပွားရေးလုပ်ငန်းရှင် တွေ က Con Edison လို့ ခေါ်တဲ့ လျှပ်စစ်ကုမွနီကို ၀ိုင်းပြီး တရားစွဲကြ၊ မြို့ တော်ဝန် အပါအ၀င် တာဝန်ရှိသူတွေ ကလည်း လျော်ကြေးပြန်ပေးဖို့ Con Edison ကို ၀ိုင်းပြီး ဖိအားပေးကြပါတယ်။ နယူးယောက်မြို့ သူ မြို့ သား တွေ အတော်လေး မကျေမနပ်ဖြစ်ကြ၊ သတင်းစာတွေ၊ တီဗီတွေ ထဲမှာ ဒီမီးပျက်တာကို ပဲ သတင်းထူးတစ်ခု အဖြစ် ဖော်ပြကြတဲ့ အခါ (ရှမ်းပြည်က လျှပ်စစ်မီး မရဖူးတဲ့ ရွာလေးမှာ ကြီးလာတဲ့ ) ကျွန်မ စိတ်ထဲ ဒီလူတွေ ပိုတတ်ရန်ကော လို့  တွေးမိတယ်။ အလုပ်ထဲ ရောက်လို့  သူငယ်ချင်းတွေ က မီးပျက်တာကို ၀ိုင်းပြီး ပူညံပူညံ လုပ်နေချိန်မှာ ကျွန်မ က အေးအေးဆေးဆေးဖြစ်နေလို့ သူတို့ တွေ က မေးတဲ့အခါ၊ မြန်မာပြည်၇ဲ့  မြို့ ကြီးတွေ မှာတောင် လျှပ်စစ်မီး ကို ၂၄ နာရီ ပုံမှန်မရတဲ့အကြောင်း၊ လျှပ်စစ်မီး လုံးဝမရသေးတဲ့ နေရာတွေ အများကြီးရှိကြောင်း ပြောပြတော့ သူတို့ တွေ မျက်လုံးပြူးကုန်တယ်။ ၂၁ ရာစုမှာ တတိုင်းပြည်လုံး လျှပ်စစ် မီးမရသေးတဲ့ နိုင်ငံဆိုပြီး မြန်မာပြည် မြေပုံ ကို အပြေးအလွှား ရှာကြည့်တဲ့ သူက ကြည့် နဲ့  ဖြစ်ကုန်တယ်။ ဒါတောင် သူတို့ တွေ လို မီးပျက်တာကို တရားစွဲဖို့  မပြောနဲ့ ၊ မီးမလာ လို့  ငြိမ်းငြိမ်းချမ်းချမ်း ဖယောင်းတိုင် ထွန်းပြီး တောင်းဆို ရုံနဲ့  အဖမ်းခံရနိုင်တယ် ဆိုတာ မသိသေးလို့ ။ ကိုယ့်တိုင်းပြည် မကောင်းကြောင်း ဘယ်ပြောချင်ပါ့ မလဲ၊ ခက်တာက .....)
မြန်မာပြည်မှာ ၂၄ နာရီ မီးလင်းတာ မြင်တွေ့ ချင်နေတဲ့ အမေအို (ပုံ-facebook)
မြန်မာပြည်နဲ့  မိုင်ထောင်ပေါင်းများစွာ ဝေးနေပေမယ့် မြန်မာ ဟာ မြန်မာပါပဲ။ (ပုံ မစုဥာဏ်) 
 အိမ်ပြန်ရောက်တော့ လျှပ်စစ်မီးတွေ ကို အမှောင်ချလိုက်ပြီး၊ ကျွန်မ ဖယောင်းတိုင် ၂ တိုင်ထွန်းပြီး ဆုတောင်းပါတယ်။ တစ်တိုင်က ပြည်တွင်းမှာ ၂၄ နာရီ လျှပ်စစ်မီး ပေးဖို့ ၊ နောက်တစ်တိုင်က ဖယောင်းတိုင် လှုပ်ရှားမှုနဲ့  ငြိမ်းချမ်းစွာ ဆနထုတ်ဖော်နေသူ များ ကို မဖမ်းဆီး ဖို့ သက်ဆိုင်ရာ အစိုးရ ဆီ တောင်းဆိုခြင်း ပဲ ဖြစ်ပါတယ်။
Tuesday, May 22, 2012
ရိုင်းပင်းကူညီမှု ကို လက်ဆင့်ကမ်းကြသူများ
နယူးယောက်မြို့  ကို ရောက်ရှိလာတဲ့ ကိုကျော်သူနဲ့  မရွေဇီးကွက်
အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေကြတဲ့ ကိုကျော်သူ နဲ့  မရွေဇီးကွက် တို့  ဇနီးမောင်နှံ ကို ရောက်လေရာ မြို့ တွေ မှာ မြန်မာမိသားစုတွေ က  အခမ်းအနားတွေနဲ့  ၀ိုင်းဝန်းကြိုဆိုနှုတ်ဆက်ကြ ပါတယ်။
ယခင်က နယူးယောက်မှာ အခမ်းအနားတွေ ကျင်းပတဲ့ အခါ (ဥပမာ..နိုင်ငံရေးသမားတွေ ကျင်းပတဲ့ ပွဲ၊ ဘုန်းကြီးပွဲ ၊ ယူအဲန်မှ မြန်မာမိသားစုပွဲ စသဖြင့်) များသော အားဖြင့် သူ့ အဖွဲ့  နဲ့  သူ ပဲ ကျင်းပ ကြလေ့ရှိပေမယ့်၊ ကိုကျော်သူတို့  ကို ကြိုဆိုတဲ့ ပွဲမှာတော့ အသက်အရွယ်မရွေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ အဖွဲ့ အစည်းပေါင်းစုံ က မြန်မာတွေ တက်ရောက် လာကြပြီး ကိုယ့်တာဝန်နဲ့  ကိုယ်  ၀ိုင်းဝန်း ကူညီ ကြတာကို မြင်ရသလို၊ အမေရိကန်လူမျိုး တစ်ဦးက ချက်လက်မှတ် တစ်စောင် ကောက် ရေးပြီး လှူဒါန်းနေတာ    မြင်ရတော့ ကျွန်မခေါင်းထဲ အတွေးတွေ ၀င်လာတယ်။ 
အတွေး(၁) 
ရုပ်ရှင်မင်းသားဘ၀ မှ သုဘရာဇာ ဘ၀ ကို ပျော်ပျော်ကြီး ခြေစုံပစ် ၀င်ခဲ့တဲ့ ကိုကျော်သူ...
      သေသောသူ များ ကို သုသန်သို့  ကောင်းမွန်စွာပို့ ဆောင်ပေး ကာ..
            ကျန်ရစ်သူ မိသားစု ရဲ့  အပူမီးကို လျော့ချပေး နိုင် ရုံသာမက...
                      ပြည်ပရောက်မြန်မာများကို စည်းရုံးရေး မိန့် ခွန်း ပြောစရာ မလိုပဲ
                                                           စည်းလုံးခြင်း လမ်းစ ပေါ်  ဆွဲတင်ပေးနိုင်ပါလားလို့ ...
အတွေး(၂)
ကိုယ်တန်ဖိုး ထားတဲ့ အရာတွေ ကို စွန့် လွတ်ပြီး  အနစ်နာခံ ကြသူများဟာ၊ အဲဒီအရာတွေကို တကယ် မဆုံးရှုံးပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ အရာကို တခြားသူတွေ ဆီ ပြန် ပြီး လက်ဆင့်ကမ်းပေးလိုက်ခြင်း သာ ဖြစ်တယ်။ (အမည်မသိ အဂ်လိပ်စာဆို) 
ကိုကျော်သူတို့ ဇနီးမောင်နှံ နဲ့  နာရေးကူညီမှုအသင်းရဲ့  လက်တွေ့ ကျကျလုပ်ဆောင်မှု၊ လူအချင်းချင်း ရိုင်းပင်းကူညီမှုတွေ ဟာ မြင်ရသူ၊ ကြားသိရသူများ ကို လက်ဆင့်ကမ်း ကူးစက်စေပါတယ်။
အတွေး(၃) 
၁၀ နှစ်ကျော် ကာလ အတွင်း အတားစီး၊ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေ ကို ကြုံတွေ့ ရတိုင်း ကိုကျော်သူနဲ့  တကွ နာရေးကူညီမှု အသင်းမှ ၀န်ထမ်းများ က
"သူ့ ကို ကူညီလိုက်ရင် ငါဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်း အစား "ငါသာ မကူညီရင်၊ သူဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်းတွေ နဲ့  ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်တယ် လို့ ကျွန်မ ယုံကြည်တယ်။ 
Sunday, May 13, 2012
အမေနေ့  မှတ်တမ်း
Photo:internet
 အမေနေ့  ကို ရောက်လာပြန်ပြီ။
မြန်မာပြည် က ရွာလေးတစ်ရွာ မှာရှိနေတဲ့ အမေ တစ်ယောက် သတိထားမိချင်မှ ထားမိမယ့်  နေ့ တစ်နေ့ ပေါ့ ။ အမေရိကန် ပြည်ထောင်စု အပါအ၀င် ကမာ့နိုင်ငံ အများစုမှာ၊ မိခင်များကို ဂုဏ် ပြု တဲ့ အနေနဲ့  နှစ်စဉ် မေလ ရဲ့ ဒုတိတ တနဂ်နွေနေ့  ကို Mother's Day (အမေနေ့ ) အဖြစ် သတ်မှတ်ကြပါတယ်။ အမေနေ့  မရောက်ခင် တစ်ပတ်လောက် ကတည်းက စတိုးဆိုင်တွေ၊ ပန်းဆိုင်တွေ နဲ့  ရှေ့ ပင်း စဲန်တာ တွေမှာ အမေနေ့ အတွက် အထူးလျော့ဈေး ဆိုပြီး ရောင်းချပေးကြ၊ သားသမီးတွေ ကလည်း ပို့ စကဒ်တွေ၊ လက်ဆောင်တွေ ၀ယ်ပြီး အမေတွေ ကို “ I love you mom” ဆိုပြီး နှုတ်ဆက်ကြ နဲ့  အရေးတယူ ရှိကြတဲ့ နေ့ တစ်နေ့ ပါပဲ။
 ငယ်ငယ်ကတည်းက အမေနဲ့  အတူတူ နေရတဲ့ အချိန် မရှိသလောက် ဖြစ်ခဲ့တာက တကြောင်း၊ တခြား မိသားစုတွေ လို ဖက်လှဲတကင်း မနေတတ်တဲ့ ကျွန်မတို့  မိသားစု ရဲ့  ဆက်ဆံရေး ပုံစံကြောင့် အမေ့ ကို တခါမှ “I love you” လို့  မပြောခဲ့ဖူးတာ သတိထားမိတယ်။ ကျွန်မလို ပဲ အမေတွေ ကို ချစ်တဲ့ အကြောင်း နှုတ်ကနေ ဖွင့်မပြောတတ်တဲ့(ဒါမှမဟုတ်) ဖွင့်ပြောခွင့် မရတဲ့ သားသမီးတွေ မြန်မာပြည် မှာ တော်တော်များများ ရှိမယ်ထင်ပါတယ်။
ဒီအချိန်ဆို အမေတစ်ယောက် အလုပ်ရှုပ်နေမလား၊ ဒါမှမဟုတ် ရှမ်းရိုးမတောင်တန်း ကို လှမ်းမျှော်ကြည့်ရင်း ကျွန်မ ကို များ သတိရနေ မလား။ ပညာရေးမှာ ကောလိပ်ပညာရေး အဆင့်ထိ သူကိုယ်တိုင် သင်ကြားခွင့်မရခဲ့ပေမယ့် သူ့ သားသမီးတွေ ကို ပညာတတ်ကြီးတွေ သိပ်ဖြစ်စေချင်တဲ့အမေ။ ကျွန်မ ကလေးဘ၀ ကတည်းက အဖေဆုံးသွားတဲ့ အခါ၊ ကျန်ခဲ့တဲ့ သားသမီး ၅ ယောက်ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့  မြို့  ကျောင်းတွေ ကို ပို့ ၊ တချို့ ကို အမျိုးအိမ်ထား၊ တချို့ ကို ဘော်ဒါဆောင်ထား နဲ့  အမေ တစ်ယောက် မိန်းမတန်မဲ့ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ကျွန်မတို့  ကို ကျောင်းထားခဲ့တယ်။ လယ်ကွက်တွေ၊ စပါးခင်းတွေ ပေါ်မူတည်ပြီး စီးပွားရေးလုပ်ရတာမို့  စပါးအထွက်နှုန်း ကျတဲ့ နှစ်တို့ ၊ သီးနှံတွေ သိပ်မအောင်တဲ့ နှစ်တို့  ဆိုရင် စီးပွားရေးက ကြပ်တည်းလှပေမယ့်၊ ကျွန်မတို့  ရဲ့  ပညာရေးကို မထိခိုက်အောင် အမေထောက်ပံ့ ခဲ့တယ်။
အင်္ဂလိပ်စာ တစ်လုံးမှ မတတ်တဲ့ အမေက၊ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်လာလို့ ရွာထဲက ကလေးတွေ ကို စုပြီး ကျွန်မ အင်္ဂလိပ်စာသင်ပေးတာကို တပြုံးပြုံးနဲ့  အင်မတန် ဂုဏ်ယူနေတတ်ခဲ့တာ မှတ်မိသေးတယ်။ အငွေ့ တထောင်းထောင်းထ နေတဲ့ မှုန်ညင်းစောဟင်းရည် ကို ချက်ကျွေး တတ်တဲ့ အမေ၊ငါ့သမီး ပညာတတ်ကြီး ဖြစ်လာမှ အမေ ကောင်းကောင်း အနား ယူမယ် လို့  ပြောလေ့ရှိတဲ့ အမေ။ အမေ့ရဲ့  ထောက်ပံ့မှု၊ အားပေးမှုတွေ နဲ့  ပညာကို မပူမပင် သင်ခဲ့ရတဲ့ အတွက် ကြောင့် ထင်ပါရဲ့ ။ ဘွဲ့ ရပြီးတဲ့ အခါ တခြား သူငယ်ချင်းတွေက စီးပွားရေးလောက ထဲ ခြေစုံပစ်ဝင်သွားကြ၊ အိမ်ကို ငွေပြန်ပို့  ကြတဲ့အခါ၊ ကျွန်မ ကတော့  ပညာသင်တာကို အားမရသေးပဲ၊ ရန်ကုန်မှာ ရရာ အလုပ်တစ်ခု ၀င်လုပ်ပြီး သံရုံးတွေ၊ အင်္ဂလိပ်စာ သင်တန်းတွေ ကို ဆက်ပြီး တက်ဖြစ်ပါတယ်။
ရွာလေးက ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေ က ဆယ်တန်းအောင်ပြီး တာနဲ့ ကောလိပ်ဆက်မတက်ကြတော့ပဲ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ ကို ထွက်သွားပြီး အလုပ်လုပ်ကြ၊ အိမ်ကို ငွေပြန်ပို့ ကြလို့  တခြား အမေတွေ က သူတို့ သားသမီးပို့ လိုက်တဲ့ လက်ဆောင် ပစ္စည်းတွေ အကြောင်း ပြောကြ ဆိုကြတဲ့ အခါ၊ ဘာမှ ပြောစရာ မရှိတဲ့ အမေတစ်ယောက် အားငယ်နေ မလားလို့  တခါ တခါ ကျွန်မ တွေးမိပါတယ်။  “ အမေ.. အင်္ဂလိပ်စာ သင်တန်းတွေ တက်နေရလို့  အမေ့ ကို သမီး လစဉ် ငွေမပို့ နိုင်သေးဘူးနော်” လို့  ဖုန်းဆက် ပြောတဲ့ အခါတိုင်း အမေက “ အမေ့ အတွက် မပူနဲ့ သမီး၊ ပညာ ကို သာ ကြိုးစားသင်” လို့  ပြန်ပြောခဲ့ လေ့ ရှိတယ်။
ရန်ကုန်မှာ တုန်းက အိမ်ကို ငွေမပို့ နိုင်တဲ့ ကျွန်မ၊ အမေရိကန် ပြည်ထောင်စု ကို ရောက်လာတော့လည်း၊ တစ်ယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်ရပြန်တယ်။ ကျောင်းမတက်ပဲ၊ ကလေးထိန်း တဲ့ အလုပ် လုပ်ရင် တောင်မှ တစ်လ ကို ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ လောက် အထိ ရနိုင်တာမို့ ၊ အမေရိက ကို ရောက်လာတဲ့ မြန်မာတွေ တော်တော်များများ အိမ်ကို ငွေပြန်ပို့ နိုင်ကြပါတယ်။ ဒါပေမယ့် မြန်မာပြည် က ဘွဲ့  နဲ့  မတင်းတိမ်နိုင်ခဲ့တဲ့ ကျွန်မ က ကျောင်းဆက်တက်ခဲ့တာမို့ ၊ အိမ်ကို ငွေမပို့  နိုင်ပြန်ပါဘူး။
အိမ်မှာ တခြား မောင်နှမတွေ က အိမ်ထောင်ကျ၊ အိမ်ကခွဲထွက်သူက ထွက်နဲ့  အမေ့ အတွက် မလွယ်လှတဲ့ ကာလမှာ ကျွန်မကလည်း အခက်အခဲတွေ နဲ့  ရင်ဆိုင်နေခဲ့ရတယ်။ ဘွဲ့  လွန်ပညာရေး ဖြစ်လို့  အစိုးရ ကထောက်ပံ့တဲ့ ပညာရေးထောက်ပံ့ငွေ (Grant) ကို မရတဲ့ အတွက်၊ ကျွန်မ အလုပ် တဘက်၊ ကျောင်းတဘက်နဲ့  ရုန်းကန်ရပြန်ပါတယ်။ ကျွန်မရဲ့  အတန်းဖော်သူငယ်ချင်းတွေ က ကားမောင်းပြီး ကျောင်းတက် နိုင် ကြပေမယ့်၊ ကားဝယ်ဖို့  မတတ်နိုင်တဲ့ ကျွန်မကတော့ သူများတွေ ထက် ပို အားစိုက် ရတယ်။ ကျွန်မ တက်တဲ့ ကျောင်းက နယူးယောက် မြို့ လယ်ခေါင် မှာရှိတဲ့ Grand Central မှတ်တိုင် ကနေ ၄၅ မိနစ် လောက် ရထားစီးရတဲ့ မြို့  လေးမှာ ရှိပါတယ်။ ရထားက တစ်နာရီကို တစီးလောက်ပဲ ရှိတာမို့  ရထားတစ်စီး နောက်ကျရင် ဘူတာရုံမှာ နောက်ထပ် တစ်နာရီစောင့် ရပါတယ်။ အဲ..အိမ်ကနေ Grand Central မှတ်တိုင် ကို သွားဖို့  မိနစ် ၃၀ လောက် ကြာတာမို့ ၊ စုစုပေါင်း အချိန် တစ်နာရီခွဲလောက် ရထားပေါ်မှာ ကုန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ အသည်းအသန် စာဖတ်ရတယ်။ မနက် ၈ နာရီ အတန်း ရှိတဲ့ ရက်ဆိုရင်၊ အိမ်ကနေ မနက် ၅ နာရီ လောက် မှာ ထွက်ရပါတယ်။ ဒါမှ ရထားတစ်စီး လွတ်သွားလို့  နောက်တစ်စီးစောင့် ရရင် အတော်ပဲဖြစ်မှာမို့ ပါ။
အလုပ်မိုးချုပ်မှ ပြီးတဲ့ ညတွေ ဆိုရင်၊ အိပ်ချင်မူးတူးနဲ့  ရထားမှတ်တိုင်မှာ ၇ထား စောင့်ရင်း စာဖတ်၊ ကျောင်းပြီးရင် အလုပ်ကို ပြေးနဲ့ ပဲ။ ဒုတိယ နှစ်ယောက်တော့ မှ သူငယ်ချင်းတစ်ယောက် က ကားကြုံတင်ခေါ်လို့  သက်သာခဲ့ရတယ်။
အလုပ်ကို အချိန်ပြည့်တစ်ခု၊ အချိန်ပိုင်းအလုပ်တစ်ခု၊ နဲ့ နွေရာသီ ကျောင်းပိတ်ချိန်မှာ လုပ်တဲ့ အလုပ် တစ်ခု ဆိုပြီး ၃ ခု လုပ်ခဲ့ရတယ်။ အိမ်ကနေ ငွေပြန်မတောင်း၇ပေမယ့်  ကျောင်းစာအုပ်ဖိုးတွေ၊ စားရိတ်တွေနဲ့ အိမ်ကို ငွေ ပြန်မပို့  နိုင်ခဲ့ပြန်ဘူး။ အီဂျစ်ကနေ ကျောင်းလာတက်တဲ့ သူငယ်ချင်းတစ်ယောက် က သူ့ မိဘတွေ ချမ်းသာလွန်းတဲ့ အတွက် ဘာအလုပ်မှ လုပ်ဖို့  လဲ မလို၊ စာကို ပဲ ကျက်တာတောင် ဖတ်စရာ စာများလို့ အိပ်ချိန် မလုံလောက်တဲ့ အတွက် ကျွန်မ ကို အမြဲ တမ်း "ရူးသွားမယ်နော်" လို့  ပြောယူရတဲ့ အထိပါပဲ။ အဲဒီလို ဆင်းဆင်းရဲရဲ နဲ့  ရုန်းကန်ရတာ ၃နှစ်ခွဲ ကြာသွား ခဲ့တယ်။ ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံး အမေ က သူပြောနေကျ စကားအတိုင်း “ငါ့သမီး ပင်ပန်းနေလား၊ အမေ့အတွက် မပူနဲ့ နော်၊ စာကို သာ ကြိုးစား” လို့  တောက်လျောက် ပြောခဲ့တယ်။ သားသမီးတွေ ဆီက ငွေကြေး အထောက် အပံ့ ကို မမျော်ကိုးပေမယ့် တကယ်ဆို အမေ အသက်ကြီးလာပြီး အရင် ကလို အလုပ် မလုပ်နိုင် တော့ တာ ကျွန်မသိပ် သိတာပေါ့ ။ ဒါပေမယ့် ကျွန်မ တကိုယ်ကောင်းဆန်စွာ နဲ့  အမေ့  ကို လျစ်လျူ ရှုခဲ့ရတယ်။
ကဲ..အခုတော့..ကျွန်မ ရချင်လှချည်ရဲ့  ဆိုခဲ့တဲ့ ဘွဲ့ လေးတစ်ခု ရလာပြီ။ ကျောင်းပြီးသွားရင် အမေ့ ကို လစဉ် ငွေပို့ နိုင်တော့မယ်ဆိုတဲ့ အတွေးတွေ နဲ့  ပျော်ခဲ့တဲ့ ကျွန်မ…လိုင်စင် စာမေးပွဲတစ်ခု ထပ်ဖြေပြီးမှ အလုပ် လုပ်ခွင့်ပြုမှာမို့ ၊ အဲဒီ စာမေးပွဲ အတွက် သင်တန်းကြေး၊ လိုင်စင်ကြေးပေး ၇မယ့် ပြေစာတွေ နဲ့  ကျောင်းတက်တုန်းက ချေးထားရတဲ့ ငွေ ဒေါ်လာ သောင်းပေါင်းများစွာကို ပြန်ပေးဖို့  အကြွေးတောင်း လာတဲ့ စာရွက်တွေ အလယ်မှာ ချွေးတွေ ပြန်ရင်း…အမေနေ့ မှာ အမေ့ ကို ပြောဖို့  စကားလုံးတွေ စီနေမိတယ်အမေ။
အမေများအား ဂါရ၀ပြုလျှက်
အမေစု အတွက်
ပိန်ပိန်ပါးပါး နဲ့ 
အားနွဲ့ တဲ့ မိန်းမသားလို့ 
ယောင်မှားပြီး လျော့မတွက်နဲ့ ။
အမှန်တရားအတွက် 
အာာရှင် ကို ဖီဆန် 
စိန်ခေါ်မှု တွေကို အံတုရဲတဲ့ သတိရှိတယ်။
အသက်ဘေးနဲ့  ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရပေမယ့် 
ပြည်သူ့ ဒုကကို လျစ်လှူ မရှု
ခိုင်မာတဲ့ မေတာ ထု ရှိတယ်။
အားငယ်စွာ ငိုကြွေးနေသူတွေ ကို  
နှူးညံ့တဲ့ လက်တွေနဲ့  ထွေးဖက်
ကြင်နာစွာ မျှဝေတတ်တဲ့ နှလုံးသား ရှိတယ်။
သဘောထား တင်းမာနေသူတွေ ကို  
စိတ်ရှည်ရှည် ဆွေးနွေး၊ လိုအပ်ရင် အလျော့ပေးပြီး
ဝမ်းနဲ့ မလွယ် သားမမယ် တဲ့ ပြည်သူလူထု အတွက်
ရင်လွယ်သားတွေ ကို ခွဲထွက်ရဲ တဲ့ ပေးဆပ်မှု တွေ ရှိတယ်။
မိခင်ရင်း နဲ့ မခြား မေတာထားနိုင်လို့  ပြည်သူတွေ ကလည်း
အမေ စု လို့  ချစ်စနိုး ခေါ်ကြတယ်။ 
အမေစု ပြုံးရင် ပျော်ကြတယ်။ 
အမေစု နှင့် တကွ အမေ များ အားလုံး...ပျော်စရာ အမေနေ့  ဖြစ်ပါစေ လို့ ...... 
                                                   မစုဥာဏ်
(၂၀၁၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့ တွင် ကျရောက်သော အမေနေ့ အထိမ်းအမှတ်) 
ပုံ - facebook
photo: facebook
ပုံ- facebook
အမေနေ့ မှတ်စု
photo: internet
 အမေနေ့  ကို ရောက်လာပြန်ပြီ။
မြန်မာပြည် က ရွာလေးတစ်ရွာ မှာရှိနေတဲ့ အမေ တစ်ယောက် သတိထားမိချင်မှ ထားမိမယ့်  နေ့ တစ်နေ့ ပေါ့ ။ အမေရိကန် ပြည်ထောင်စု အပါအ၀င် ကမာ့နိုင်ငံ အများစုမှာ၊ မိခင်များကို ဂု ပြု တဲ့ အနေနဲ့  နှစ်စဉ် မေလ ရဲ့ ဒုတိတ တနဂ်နွေနေ့  ကို Mother's Day (အမေနေ့ ) အဖြစ် သတ်မှတ်ကြပါတယ်။ အမေနေ့  မရောက်ခင် တစ်ပတ်လောက် ကတည်းက စတိုးဆိုင်တွေ၊ ပန်းဆိုင်တွေ နဲ့  ရှေ့ ပင်း စဲန်တာ တွေမှာ အမေနေ့ အတွက် အထူးလျော့ဈေး ဆိုပြီး ရောင်းချပေးကြ၊ သားသမီးတွေ ကလည်း ပို့ စကဒ်တွေ၊ လက်ဆောင်တွေ ၀ယ်ပြီး အမေတွေ ကို “ I love you mom” ဆိုပြီး နှုတ်ဆက်ကြ နဲ့  အရေးတယူ ရှိကြတဲ့ နေ့ တစ်နေ့ ပါပဲ။
 ငယ်ငယ်ကတည်းက အမေနဲ့  အတူတူ နေရတဲ့ အချိန် မရှိသလောက် ဖြစ်ခဲ့တာက တကြောင်း၊ တခြား မိသားစုတွေ လို ဖက်လှဲတကင်း မနေတတ်တဲ့ ကျွန်မတို့  မိသားစု ရဲ့  ဆက်ဆံရေး ပုံစံကြောင့် အမေ့ ကို တခါမှ “I love you” လို့  မပြောခဲ့ဖူးတာ သတိထားမိတယ်။ ကျွန်မလို ပဲ အမေတွေ ကို ချစ်တဲ့ အကြောင်း နှုတ်ကနေ ဖွင့်မပြောတတ်တဲ့(ဒါမှမဟုတ်) ဖွင့်ပြောခွင့် မရတဲ့ သားသမီးတွေ မြန်မာပြည် မှာ တော်တော်များများ ရှိမယ်ထင်ပါတယ်။
ဒီအချိန်ဆို အမေတစ်ယောက် အလုပ်ရှုပ်နေမလား၊ ဒါမှမဟုတ် ရှမ်းရိုးမတောင်တန်း ကို လှမ်းမျှော်ကြည့်ရင်း ကျွန်မ ကို များ သတိရနေ မလား။ ပညာရေးမှာ ကောလိပ်ပညာရေး အဆင့်ထိ သူကိုယ်တိုင် သင်ကြားခွင့်မရခဲ့ပေမယ့် သူ့ သားသမီးတွေ ကို ပညာတတ်ကြီးတွေ သိပ်ဖြစ်စေချင်တဲ့အမေ။ ကျွန်မ ကလေးဘ၀ ကတည်းက အဖေဆုံးသွားတဲ့ အခါ၊ ကျန်ခဲ့တဲ့ သားသမီး ၅ ယောက်ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့  မြို့  ကျောင်းတွေ ကို ပို့ ၊ တချို့ ကို အမျိုးအိမ်ထား၊ တချို့ ကို ဘော်ဒါဆောင်ထား နဲ့  အမေ တစ်ယောက် မိန်းမတန်မဲ့ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ကျွန်မတို့  ကို ကျောင်းထားခဲ့တယ်။ လယ်ကွက်တွေ၊ စပါးခင်းတွေ ပေါ်မူတည်ပြီး စီးပွားရေးလုပ်ရတာမို့  စပါးအထွက်နှုန်း ကျတဲ့ နှစ်တို့ ၊ သီးနှံတွေ သိပ်မအောင်တဲ့ နှစ်တို့  ဆိုရင် စီးပွားရေးက ကြပ်တည်းလှပေမယ့်၊ ကျွန်မတို့  ရဲ့  ပညာရေးကို မထိခိုက်အောင် အမေထောက်ပံ့ ခဲ့တယ်။
အင်္ဂလိပ်စာ တစ်လုံးမှ မတတ်တဲ့ အမေက၊ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်လာလို့ ရွာထဲက ကလေးတွေ ကို စုပြီး ကျွန်မ အင်္ဂလိပ်စာသင်ပေးတာကို တပြုံးပြုံးနဲ့  အင်မတန် ဂ်ုယူနေတတ်ခဲ့တာ မှတ်မိသေးတယ်။ အငွေ့ တထောင်းထောင်းထ နေတဲ့ မှုန်ညင်းစောဟင်းရည် ကို ချက်ကျွေး တတ်တဲ့ အမေ၊ငါ့သမီး ပညာတတ်ကြီး ဖြစ်လာမှ အမေ ကောင်းကောင်း အနား ယူမယ် လို့  ပြောလေ့ရှိတဲ့ အမေ။ အမေ့ရဲ့  ထောက်ပံ့မှု၊ အားပေးမှုတွေ နဲ့  ပညာကို မပူမပင် သင်ခဲ့ရတဲ့ အတွက် ကြောင့် ထင်ပါရဲ့ ။ ဘွဲ့ ရပြီးတဲ့ အခါ တခြား သူငယ်ချင်းတွေက စီးပွားရေးလောက ထဲ ခြေစုံပစ်ဝင်သွားကြ၊ အိမ်ကို ငွေပြန်ပို့  ကြတဲ့အခါ၊ ကျွန်မ ကတော့  ပညာသင်တာကို အားမရသေးပဲ၊ ရန်ကုန်မှာ ရရာ အလုပ်တစ်ခု ၀င်လုပ်ပြီး သံရုံးတွေ၊ အင်္ဂလိပ်စာ သင်တန်းတွေ ကို ဆက်ပြီး တက်ဖြစ်ပါတယ်။
ရွာလေးက ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေ က ဆယ်တန်းအောင်ပြီး တာနဲ့ ကောလိပ်ဆက်မတက်ကြတော့ပဲ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ ကို ထွက်သွားပြီး အလုပ်လုပ်ကြ၊ အိမ်ကို ငွေပြန်ပို့ ကြလို့  တခြား အမေတွေ က သူတို့ သားသမီးပို့ လိုက်တဲ့ လက်ဆောင် ပစည်းတွေ အကြောင်း ပြောကြ ဆိုကြတဲ့ အခါ၊ ဘာမှ ပြောစရာ မရှိတဲ့ အမေတစ်ယောက် အားငယ်နေ မလားလို့  တခါ တခါ ကျွန်မ တွေးမိပါတယ်။  “ အမေ.. အင်္ဂလိပ်စာ သင်တန်းတွေ တက်နေရလို့  အမေ့ ကို သမီး လစဉ် ငွေမပို့ နိုင်သေးဘူးနော်” လို့  ဖုန်းဆက် ပြောတဲ့ အခါတိုင်း အမေက “ အမေ့ အတွက် မပူနဲ့ သမီး၊ ပညာ ကို သာ ကြိုးစားသင်” လို့  ပြန်ပြောခဲ့ လေ့ ရှိတယ်။
ရန်ကုန်မှာ တုန်းက အိမ်ကို ငွေမပို့ နိုင်တဲ့ ကျွန်မ၊ အမေရိကန် ပြည်ထောင်စု ကို ရောက်လာတော့လည်း၊ တစ်ယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်ရပြန်တယ်။ ကျောင်းမတက်ပဲ၊ ကလေးထိန်း တဲ့ အလုပ် လုပ်ရင် တောင်မှ တစ်လ ကို ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ လောက် အထိ ရနိုင်တာမို့ ၊ အမေရိက ကို ရောက်လာတဲ့ မြန်မာတွေ တော်တော်များများ အိမ်ကို ငွေပြန်ပို့ နိုင်ကြပါတယ်။ ဒါပေမယ့် မြန်မာပြည် က ဘွဲ့  နဲ့  မတင်းတိမ်နိုင်ခဲ့တဲ့ ကျွန်မ က ကျောင်းဆက်တက်ခဲ့တာမို့ ၊ အိမ်ကို ငွေမပို့  နိုင်ပြန်ပါဘူး။
အိမ်မှာ တခြား မောင်နှမတွေ က အိမ်ထောင်ကျ၊ အိမ်ကခွဲထွက်သူက ထွက်နဲ့  အမေ့ အတွက် မလွယ်လှတဲ့ ကာလမှာ ကျွန်မကလည်း အခက်အခဲတွေ နဲ့  ရင်ဆိုင်နေခဲ့ရတယ်။ ဘွဲ့  လွန်ပညာရေး ဖြစ်လို့  အစိုးရ ကထောက်ပံ့တဲ့ ပညာရေးထောက်ပံ့ငွေ (Grant) ကို မရတဲ့ အတွက်၊ ကျွန်မ အလုပ် တဘက်၊ ကျောင်းတဘက်နဲ့  ရုန်းကန်ရပြန်ပါတယ်။ ကျွန်မရဲ့  အတန်းဖော်သူငယ်ချင်းတွေ က ကားမောင်းပြီး ကျောင်းတက် နိုင် ကြပေမယ့်၊ ကားဝယ်ဖို့  မတတ်နိုင်တဲ့ ကျွန်မကတော့ သူများတွေ ထက် ပို အားစိုက် ရတယ်။ ကျွန်မ တက်တဲ့ ကျောင်းက နယူးယောက် မြို့ လယ်ခေါင် မှာရှိတဲ့ Grand Central မှတ်တိုင် ကနေ ၄၅ မိနစ် လောက် ရထားစီးရတဲ့ မြို့  လေးမှာ ရှိပါတယ်။ ရထားက တစ်နာရီကို တစီးလောက်ပဲ ရှိတာမို့  ရထားတစ်စီး နောက်ကျရင် ဘူတာရုံမှာ နောက်ထပ် တစ်နာရီစောင့် ရပါတယ်။ အဲ..အိမ်ကနေ Grand Central မှတ်တိုင် ကို သွားဖို့  မိနစ် ၃၀ လောက် ကြာတာမို့ ၊ စုစုပေါင်း အချိန် တစ်နာရီခွဲလောက် ရထားပေါ်မှာ ကုန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ အသည်းအသန် စာဖတ်ရတယ်။ မနက် ၈ နာရီ အတန်း ရှိတဲ့ ရက်ဆိုရင်၊ အိမ်ကနေ မနက် ၅ နာရီ လောက် မှာ ထွက်ရပါတယ်။ ဒါမှ ရထားတစ်စီး လွတ်သွားလို့  နောက်တစ်စီးစောင့် ရရင် အတော်ပဲဖြစ်မှာမို့ ပါ။ 
photo:internet
အလုပ်မိုးချုပ်မှ ပြီးတဲ့ ညတွေ ဆိုရင်၊ အိပ်ချင်မူးတူးနဲ့  ရထားမှတ်တိုင်မှာ ၇ထား စောင့်ရင်း စာဖတ်၊ ကျောင်းပြီးရင် အလုပ်ကို ပြေးနဲ့ ၊ အိမ်ကနေ ငွေပြန်မတောင်း၇ပေမယ့်  အိမ်ကို ငွေ ပြန်မပို့  နိုင်ခဲ့ပြန်ဘူး။ အဲဒီလို ဆင်းဆင်းရဲရဲ နဲ့  ရုန်းကန်ရတာ ၃နှစ်ခွဲ ကြာသွား ခဲ့တယ်။ ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံး အမေ က သူပြောနေကျ စကားအတိုင်း “ငါ့သမီး ပင်ပန်းနေလား၊ အမေ့အတွက် မပူနဲ့ နော်၊ စာကို သာ ကြိုးစား” လို့  တောက်လျောက် ပြောခဲ့တယ်။ သားသမီးတွေ ဆီက ငွေကြေး အထောက် အပံ့ ကို မမျော်ကိုးပေမယ့် တကယ်ဆို အမေ အသက်ကြီးလာပြီး အရင် ကလို အလုပ် မလုပ်နိုင် တော့ တာ ကျွန်မသိပ် သိတာပေါ့ ။ ဒါပေမယ့် ကျွန်မ တကိုယ်ကောင်းဆန်စွာ နဲ့  အမေ့  ကို လျစ်လျူ ရှုခဲ့ရတယ်။
ကဲ..အခုတော့..ကျွန်မ ရချင်လှချည်ရဲ့  ဆိုခဲ့တဲ့ ဘွဲ့ လေးတစ်ခု ရလာပြီ။ ကျောင်းပြီးသွားရင် အမေ့ ကို လစဉ် ငွေပို့ နိုင်တော့မယ်ဆိုတဲ့ အတွေးတွေ နဲ့  ပျော်ခဲ့တဲ့ ကျွန်မ…လိုင်စင် စာမေးပွဲတစ်ခု ထပ်ဖြေပြီးမှ အလုပ် လုပ်ခွင့်ပြုမှာမို့ ၊ အဲဒီ စာမေးပွဲ အတွက် သင်တန်းကြေး၊ လိုင်စင်ကြေးပေး ၇မယ့် ပြေစာတွေ နဲ့  ကျောင်းတက်တုန်းက ချေးထားရတဲ့ ငွေ ဒေါ်လာ သောင်းပေါင်းများစွာကို ပြန်ပေးဖို့  အကြွေးတောင်း လာတဲ့ စာရွက်တွေ အလယ်မှာ ချွေးတွေ ပြန်ရင်း…အမေနေ့ မှာ အမေ့ ကို ပြောဖို့  စကားလုံးတွေ စီနေမိတယ်အမေ။
အမေများအား ဂါရ၀ပြုလျှက်
မစုဥာဏ်