Wednesday, January 11, 2012

နယူးယောက်တိုင်း(မ်)သတင်းစာမှာ ဖော်ပြထားတဲ့ မြန်မာပြည်က အမျိုးသမီး တေးဂီတအဖွဲ့ အကြောင်း

အခုလ အစောပိုင်းက ထုတ်ဝေခဲ့တဲ့ နယူးယောက်တိုင်း(မ်)သတင်းစာမှာ မြန်မာပြည်က အနုပညာတင်ဆက်မှုတွေနဲ့  ပတ်သက်ပြီး ဆင်ဆာတင်းကြပ်မှုတွေ လျော့ပါးသွားတဲ့ အကြောင်းနဲ့ ၊ မြန်မာ အမျိုးသမီး အဆိုတော်တွေ အနေနဲ့  ခေတ်ရေစီးကြောင်းနဲ့  အညီ သီဆိုဖျော်ဖြေရာမှာ မြန်မာ့ယဉ်ကျေးမှု ကို ထိုးဖောက်နိုင်ဖို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ အကြောင်း ကို  Me N Ma Girls အဖွဲ့  မှ အဆို အကပညာရှင်များ ပြောကြားချက်တွေ နဲ့  တင်ဆက်ထားတဲ့ ဗီဒီယို ပါ။ အဆိုပါ အဖွဲ့ ကို သြစတေးလျက အကပညာရှင် Nicole May ကဦးဆောင်ဖွဲ့ စည်းထားကြောင်း သိရပါတယ်။ 

ခေတ်ရေစီးကြောင်းနဲ့ အညီ လူငယ်အဆိုတော်ရဲ့  သီဆိုဖျော်ဖြေမှုတွေ ကို ကြိုက်နှစ်သက်သူတွေ ရှိကြသလို၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ ဖြစ်တယ်လို့ မြင်နေသူတွေလဲ ရှိကြပါတယ်။ အခုလို ဆင်ဆာတင်းကြပ်မှုတွေ လျော့ပါးသွားချိန်မှာ ခေတ်သစ် သီဆိုဖျော်ဖြေမှုတွေ ကို ပွဲကြည့် ပရိသတ်တွေ က ဘယ်လောက် အတိုင်းအတာ အထိ လက်ခံမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။


Me N Ma Music Band (photo: New York Times)
The five members of Myanmar’s first girl band are pushing the limits of artistic acceptability in this socially conservative country. (photo: New York Times)


သင်္ကြန်ပွဲတော် အကြောင်းသီဆိုထားသည့် သီချင်း Festival Video

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။