Sunday, April 14, 2013

ဘယ်နေရာရောက်ရောက် မြန်မာဟာ မြန်မာ

Photo: internet


မိုင်ထောင်ချီခြား၊ တိုင်းတပါးမှာ
ပန်းတိုင် ဆီကို လျှောက်လို့ ချီ ရင်း...
ပျော်ရာမနေပဲ..တော်ရာနေရ….လူ့ ဘ၀။

ယဉ်ကျေးမှုခြား၊ တိုင်းတပါးမှာ
အခက်ခဲတွေ ကို ဖြတ်လို့ ကျော်ရင်း...
လွမ်းစိတ် တေလေ၊ ကြိုးစား ဖြေ ရ..အော်ဘ၀..ဘ၀။

ကျန်တာတွေ မမှု၊ မာန်ကို စု ပြီး
ကျားကုတ် ကျားခဲ ....နေနေငြားလည်း…
တူးပို့ သံပေး..သင်္ကြန် တေးကြောင့်
လွမ်းစိတ်တွေ ဝေ၊ မျက်ရည် ကြွေ ကာ...
မွေး မိ ရင်ခွင်..ပြေးခိုချင်၏...
မျှော်ကာ မှန်းဆ လွမ်း မ၀ပြီ... ရိုးရာ သင်္ကြန်ပွဲတော်ဆီ….


(အိမ်နဲ့ ဝေးနေတဲ့ သူများအားလုံး အတွက် ရည်ရွယ်ပါတယ်။ နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ) 
မစုဥာဏ်