Saturday, January 14, 2012

မြန်မာပြည်တွင်းမှ အပြောင်းအလဲများအတွက် အမေရိကန်အစိုးရက ကြိုဆိုထောက်ခံ

လတ်တလော မြန်မာနိုင်ငံအတွင်း ကြီးမားသော ပြောင်းလဲမှုများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများအား
လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးစစ်ပွဲများစတင်ခြင်း စသည့် အပြောင်းအလဲများ ကို အမေရိကန်အစိုးရက ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက်ပါတယ်။

ဟီလာရီကလင်တန်၏ ကြေငြာချက်တွင် မြန်မာပြည်တွင်း အပြောင်းလဲများကို  မိမိနှင့်အတူ အမေရိကန်သမ္မတ အိုဘားမားက ကြိုဆိုကြောင်း၊ အပြည်ပြည်ဆိုင်ရာ အစိုးရများကလည်း ကြိုဆိုသင့်ကြောင်း၊ မကြာမီ မြန်မာပြည်အတွက် အမေရိကန်နိုင်ငံဆိုင်ရာသံအမတ်ကို ခန့် အပ်စေလွတ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ သမိုင်းဝင် ဒီမိုကရေစီလှုပ်ရှားမှုများအတွက် အမေရိကန်အစိုးရက ပံ့ပိုးကူညီလုပ်ဆောင်သွားမည့် အကြောင်း ..စသဖြင့်ပါဝင်သည်။ 

ဆက်လက်ပြီး အမေရိကန်အစိုးရဘက်က "မြန်မာအစိုးရဘက်က လုပ်ဆောင်ချက်တွေ ကို ကျွန်မတို့ ဘက် က လုပ်ဆောင်ချက်တွေ နဲ့  တုန့် ပြန်ကူညီသွားမယ်" ....'ဒီစနေ၊တနင်္ဂနွေ မှာ သမတွဦးသိန်းစိန် နဲ့  ဒေါ်အောင်ဆန်ုးစုကြည် တို့ ကို ဖုန်းဆက်ပြီး ရှေ့ ဆက်လက်တွဲလုပ်ကိုင် မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးမှာပါ" လို့  ဟီလာရီ က ပြောဆိုသွားခဲ့ပါတယ်။


Add caption



No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။