Tuesday, April 24, 2012
ကြွက်ထောင်ချောက်
photo: internet
“နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး၊ ဘယ်အစိုးရပဲ တက်တက် ငါတို့ စားဝတ်နေရေး အဆင်ပြေရင် ပြီးပြီ"  " မြန်မာပြည် တိုးတက်ပြောင်းလဲ ဖို့  ပြည်တွင်းက လူတွေမှာ ပိုပြီး တာဝန် ရှိတယ်၊ ငါတို့ က ပြည်ပ ကနေ ဘာမှ မလုပ်ပေးနိုင်ပါဘူး" ........ဒါမှမဟုတ်
"အိုဇုံးလွှာပါးလို့  ကမွာကြီး ပိုပြီး ပူနွေးလာတာကို တွေးပူနေကြတာ...ငါတို့ နဲ့  အဝေးကြီးပါ" ....လို့  ဆိုနေသူများ အတွက် ဒီကြွက်ထောင်ချောက် ပုံပြင်လေး ကို ဝေမျှ လိုက်ပါတယ်။ 
 တခါတုန်းက လယ်သမားကြီး နဲ့  သူ့ ဇနီးဟာ အိမ်မှာ ကြွက်ဖမ်းဖို့ ထောင်ချောက် တစ်ခု ၀ယ်လာခဲ့ကြတယ်။ သူတို့ နှစ်ယောက် ထောင်ချောက် ဆင်နေကြတာကို အိမ်ထဲမှာရှိနေတဲ့ ကြွက်ကလေး က မြင်သွားပြီး၊  ကြောက်လန့် တကြားနဲ့  အိမ်အပြင်ကို ထွက်ပြေးကာ “အမလေး… အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခုရောက်နေတယ်၊ သတိထားကြပါ” ဆိုပြီး ခြံထဲမှာ နေထိုင်နေကြတဲ့ တခြား တိရစာန်လေးတွေ ကို လှည့်ပတ် သတင်းပေး ပါတော့တယ်။
ကြွက်ရဲ့  အော်သံကို ကြားတဲ့ အခါ ကြက်မကြီး က “ဟဲ့..ကြွက်ကလေး မင်းတို့  ကြွက်တွေ အတွက်  တော့ ဒီထောင်ချောက်ဟာ သေမင်း ဖြစ်ချင် ဖြစ်နေလိမ့်မယ်၊ ငါတို့  ကြက်တွေ အတွက်တော့ စိတ်ဝင်စားစရာ ကိစွ မဟုတ်ဘူး၊ နောက်ထပ် လာပြီး မရှုပ်စမ်းနဲ့ ” လို့  ခပ်မာမာပဲ ပြောလွှတ် လိုက် တယ်။ 
ဦးဝက်ကြီးကတော့  “၀မ်းနည်းပါတယ် ကြွက်ကလေးရာ၊ ဒီကိစနဲ့  ပတ်သက်ပြီး ငါဘာမှ ၀င်ကူနိုင်မှာ မဟုတ်ဘူး၊ မင်းအတွက် ဆုတောင်းပေးနေပါ့မယ်ကွာ” လို့ ပြောပါတယ်။  
အလားတူပဲ ကိုကြီးနွား ကလည်း “ မောင်ကြွက်ရေ… အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတာ ငါနဲ့ တော့ အနေသာကြီးပါကွာ၊ မင်းအတွက်တော့  ငါစိတ်မကောင်း ပါဘူး” လို့ ပြုံးဖြီးဖြီး နဲ့ ပြန်ပြောသတဲ့။  
နောက်ဆုံးတော့..ကြွက်ကလေး ဟာ ၀မ်းနည်းပက်လက် နဲ့ ခေါင်းငိုက်စိုက်ချပြီး၊ လယ်သမားရဲ့  ကြွက်ထောင်ချောက် အနွရယ်ကို တစ်ယောက်တည်း ရင်ဆိုင်မယ်ဖို့  ပြင်ဆင်ပါတော့တယ်။ ကြွက်ကလေးဟာ ခါတိုင်းညတွေ လို အပြင်မထွက်တော့ပဲ၊ တွင်းအောင်းလို့  နေလိုက်တယ်။
လယ်သမားကြီးဟာ သူ့ ဇနီးကို အရေးပေါ် ဆေးရုံတင်လိုက်ပေမယ့်၊ အဆိပ်ရှိန်ကြောင့် ဇနီးဖြစ်သူ ဟာ ဖျားနာပြီး၊ အားအင်နည်းပါးလို့ တဲ့ အခါ လယ်သမားကြီးဟာ အိမ်က ကြက်တွေကို သတ်ပြီး၊ ကြက်စွပ်ပြုတ် ဟင်းရည် ပြုတ်တိုက်ပါတယ်။ ဒါပေမယ့်လည်း ဇနီးသည် ဟာ ပြန်ကောင်းမလာပဲ နောက်ဆုံးမှာ သေဆုံး သွားပါတော့တယ်။ ဇနီးသည်ရဲ့ အသုဘ အတွက် ရွာသူရွာသားတွေ ဟာ လယ်သမားကြီးရဲ့  အိမ်ကို တဖွဲဖွဲ ရောက်လာပြီး ၀ိုင်းလို့ ကူညီကြပါတယ်။ သူ့ ဇနီးရဲ့  အသုဘ ကို ကောင်းကောင်းမွန်မွန် လုပ်ပေးချင်တဲ့ လယ်သမားကြီးဟာ အသုဘလာတဲ့ သူတွေ ကို ကျွေးဖို့ ၊ အိမ်မှာ ရှိတဲ့ နွား နဲ့  ၀က်ကို ပေါ်ပြီး ဟင်းလျာချက်ပြုတ်စေပါတယ်။  
လုံခြုံစိတ်ချရတဲ့ နေရာမှာ ပုန်းအောင်းနေတဲ့ ကြွက်ကလေးဟာ သူ့ မိတ်ဆွေတွေ တစ်ကောင်ပြီး တစ်ကောင် အသတ်ခံရတာကို ၀မ်းနည်းပက်လက်နဲ့  မြင်တွေ့ ပြီး တရားရ လို့ နေလေရဲ့ ။  
ဒါကြောင့် တစ်ယောက်ယောက် က အခက်အခဲတွေ၊ ပြသာနာတွေ နဲ့  ကြုံတွေ့ နေရတာကို မြင်တဲ့ အခါတိုင်း.. “ငါနဲ့  မဆိုင်ပါဘူး”  “ငါ့ပြသာနာ မဟုတ်ဘူး၊ အနေသာကြီးပါ” လို့  မတွေးပဲ ၊ ဒီပုံပြင်လေးကို သတိရစေချင်ပါတယ်။ တစ်ယောက်နဲ့  တစ်ယောက်၊ တစ်နိုင်ငံနဲ့  တစ်နိုင်ငံ ကင်းကွာပြီးနေထိုင်လို့  မရတော့တဲ့ ခေတ် ကာလ တစ်ခု ကို ရောက်လို့ လာပါပြီ။  
တကယ်တော့ ကျွန်မတို့ အားလုံးဟာ ဘ၀ သံသရာ စက်ဝန်းထဲမှာ အတူတကွ စီးမျောနေကြသူတွေ ပဲဖြစ်ကြပါတယ်။ ချည်မျှင် သေးသေးလေးတွေနဲ့  ယက်ထားတဲ့ ပိတ်စ တစ်စ မှာ ချည်မျှင်လေးတစ်ပင် ပြတ်သွားရင် ကျန်တဲ့ ချည်မျှင်တွေ ရဲ့ တောင့်တင်းခိုင်မာမှု ကို ထိပါးပြီး၊ နောက်ဆုံးမှာ အထည်တစ်ခုလုံး ပျက်စီးတတ်ရ သလို ပါပဲ။
                                                                                            ခင်မင်စွာဖြင့်        
                                                                                              မစုဥာဏ်