Saturday, June 23, 2012
ဒေါ်အောင်ဆန်းစုကြည်အတွက် ဆရာမောင်စွမ်းရည်ရဲ့ ကဗျာ
ပြည်သူ့ သမီး ၆၇ နှစ်
သူ့ ခမျာ
မိဖမရှိရှာ။
မိခင်လဲဆုံး
ခင်ပွန်းဆုံးတော့
လုံးချင်းတကိုယ်
အိမ်အိုကြီးမှာ တဦးသာ။
သူ့ မှာသားနှစ်ယောက်
တယောက်က အင်္ဂလန်မှာ
တယောက်က အမေရိကန်မှာ
သူနေတာက မြန်မာပြည်။
မိတကွဲ ဖတကွဲ
လင်တကွဲ သားတကွဲ
တကွဲစီနေ
ဗမာ့မြေမှာ
ကန်ခြေက အိမ်အိုကြီးမှာ
မီးမလာလဲ တယောက်တည်းသာ။
အိပ်ရာဝင်လဲ ဘုရားတရား
အိပ်ရာထလဲ ဘရားတရား
စနွရားသာ ဖျော်ဖြေရာ။
သို့ သော် သူ့ မှာ
ဗမာပြည်သား၊ ပြည်သူများက
သူ့ မိသားစု
စုရဲ့ အဖေ၊ စုရဲ့ အမေ
အစ်ကိုတွေ မောင်တွေ
ညီမ အစ်မတွေ
တောနေ၊ မြို့ နေ
ဝေးနေ နီးနေ
တပြေလုံးမှာ အားလုံးဆွေမျိုး
အဖိုးအဖွား အားကိုးမှီတွယ်
ဘယ်အခါမှ အဖော်မမဲ့
ဆွေလဲ မမဲ့ ၊ မျိုးမမဲ့။
ယခု
စု အသက် ၆၇၊
နောက်ဆယ်မှာ ၇၇
နောက်ဆယ်နှစ်နဲ့ 
နောက်ဆယ်နှစ်မှာ ၉၇
၁၀၀ လွန်လဲ၊ ပြည်သူ့ ထဲ က “သမီးစု “
ပြည်သူထဲက “အမေစု”
 ပြည်သူ့ အကျိုး ဆထက်တိုး
ကောင်းကျိုးအထွေထွေ မွန်စေသော်။
ဒေါင်းအိုးတဝေေ၀ တွန်စေသော်။
မောင်စွမ်းရည်
၂၀၁၂ ဇွန် ၁၉
Thursday, June 21, 2012
ဥရောပရောက် အမေ့ပုံရိပ်များ (ရ)
ဇွန်လ (၂၁) ရက်နေ့ မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ 
 ကြီးကျယ်ခမ်းနားလှတဲ့ ဗြိတိန် နိုင်ငံ ပါလီမန် နှစ်ရပ်စလုံးမှာ မိန့် ခွန်းပြောခဲ့ပါတယ်။ အခုလို  ဗြိတိန်ပါလီမန် မှာ မိန့် ခွန်းပြောခွင့် ကို ကမ္ဘာကျော် နိုင်ငံ့ခေါင်းဆောင်တွေကိုသာ ဂုဏ်ထူးဆောင် အခွင့်အရေး တရပ် အဖြစ် ဗြိတိန်အစိုးရက ပေးလေ့ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်ကတည်းက ဗြိတိန်ပါလီမန် နှစ်ရပ်စလုံးမှာ စကားပြောခွင့်ရတဲ့ ကမ္ဘာ့ခေါင်းဆောင် ၄ ဦးသာ ရှိခဲ့ဖူးပြီး၊ နောက်ပိုင်း စကားပြောခွင့် ရသူတွေကတော့ ဗါတီကန်က လက်ရှိ ပုပ်ရဟန်းမင်းကြီး ၁၆ နဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားတို့ ဖြစ်ကြပါတယ်။ အရှေ့ တောင်အာရှနိုင်ငံ က ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဦးဆုံး စကားပြောခွင့် ရတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်နေတာမို့  အမေစုရဲ့  မိန့် ခွန်း ဟာ ကမ္ဘာ့ သမိုင်းဝင် မိန့် ခွန်းဖြစ်လို့ နေပါတယ်။
အမေစု ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသား ချားလ် နဲ့  ကြင်ယာတော် တို့ နဲ့  တွေ့ ဆုံခဲ့ပြီး နေ့ လည်ပိုင်းမှာ ဗြိတိန် ၀န်ကြီးချုပ် နဲ့ နေ့လည်စာ စားပါတယ်။ 
ဗြိတိန်ပါလီမန် မှာ အမေစု မိန့် ခွန်း ပြောစဉ် (photo:PA)
အမေစု ဟာ အိမ်ရှေ့ မင်းသား ချာလ်း နဲ့  ကြင်ယာတော် ကမီလာ တို့ နဲ့  အတူ  သစ်ပင်စိုက်ခဲ့ပါသေးတယ်။ (photo:EPA)
မိန့် ခွန်းပြောပြီး ခန်းမမှ မထွက်ခွာခင် အခုလို ၀ိုင်းပြီး နှုတ်ဆက်ခြင်းခံနေရတဲ့ ဒို့ ခေါင်းဆောင်
မြန်မာ့အရေးကို  ဗြိတိန် နိုင်ငံ က ဆက်လက် ပူးပေါင်း ကူညီသွားဖို့  အမေစု က ခုလို တိုက်တွန်းပြောကြားခဲ့
Wednesday, June 20, 2012
ဥရောပရောက် အမေ့ပုံရိပ်များ (၆)
တခြားနိုင်ငံ က ခရီးစဉ်တွေ နဲ့  နှိုင်းယှဉ်ရင် ဗြိတိန်ခရီးဟာ အမေစု အတွက် အတိတ်က အရိပ်ခြေရာတွေ နဲ့    ပြည့်နေပြီး ချိုမြိန်မှု၊ခါးသီးမှု စတဲ့ ရောထွေးတဲ့ ခံစားမှုတွေ ကို ပေးမယ့် နေရာလေးပါ။
 ဗြိတိန်ဟာ...
  • ငယ်ရွယ်နုပျိုပြီး၊ ရိုးသားကြိုးစားတဲ့ ကျောင်းသူဘ၀ကို အမေ ဖြတ်သန်းခဲ့တဲ့ နေရာ......
  • ခင်ပွန်းသည်နဲ့  မေတွာမျှခဲ့တဲ့ နေရာ......
  • ချစ်စဖွယ် သားငယ်နှစ်ဦး နဲ့ ပျော်ရွင်စရာ မိသားစုအသိုက်အမြုံလေးရှိခဲ့တဲ့နေရာ.....
  • ၀မ်းနဲ့ မလွယ်တဲ့ သန်းပေါင်းများစွာသောပြည်သူတွေ အတွက် ရင်လွယ်သားတွေ ကို အမေ ရင်နာနာနဲ့  စွန့် ခွာသွားခဲ့တဲ့နေရာ....
  • မိခင်ကို တမ်းတရင်း၊ ကင်ဆာရောဂါကြောင့် သေလုမျောပါးဖြစ်နေတဲ့ ဖခင်နားမှာ သား၂ယောက်  နာကျင်စွာ ဖြတ်သန်း ကြီးပြင်းခဲ့ကြတဲ့ နေရာ.....
  •    နောက်ဆုံး ကင်ဆာရောဂါနဲ့ ဝေဒနာခံစားပြီး ဆုံးပါးခါနီး ခင်ပွန်းသည် ဆီကို လာမတွေ့ ပဲ  မြန်မာပြည်သူတွေ အတွက် ဆက်လက်တိုက်ပွဲဝင်ဖို့  ပြတ်ပြတ်သားသား အမေ ဆုံးဖြတ်ခဲ့တာမို့ ၊ ဇနီးဖြစ်သူ ကို တမ်းတရင်း ခင်ပွန်းဖြစ်သူ အထီးကျန်စွာ ဆုံးပါးသွားတဲ့ နေရာ.....
  • မြေးတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေဟောင်းတွေ နဲ့  ပြန်စုံတွေ့ ရတဲ့ နေရာ လေးမို့ ........   ဗြိတိန် ခရီးဟာ အမေစု အတွက် တော့ ခံစားမှု မျိုးစုံနဲ့ ပြည့်နေမယ့် ခရီးဖြစ်မှာအသေချာပါ။
 ဇွန်လ ၂၀ရက်နေ့ ( အောက်စဖို့ဒ်တက္ကသိုလ် က Honorary Doctor of Civil Law ဂုဏ်ထူးဆောင်ဒေါက်တာ ဘွဲ့ ကို လက်ခံရယူခဲ့တဲ့ နေ့ ) မှာ အမေစုဟာ ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ် အဲရစ် ရဲ့ အုတ်ဂူ ကို သွားရောက် ဂါရ၀ပြုခဲ့တယ်လို့  သိရပါတယ်။ ကျွန်မမြင်ယောင်မိတယ်။ မြန်မာဝတ်စုံလေးနဲ့ ၊ လိုက်ဖက်တဲ့ ပ၀ါလေးနဲ့ ၊ ပန်းပန်ပြီး ...ကျက်သရေရှိရှိ လှနေမယ့် အမေစု၊  မြေပြင်မှာ ငြိမ်သက်စွာလဲလျောင်းနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ အုတ်ဂူရှေ့ မှာ ဘယ်လို ခံစားမှုမျိုးတွေနဲ့ ရှိနေခဲ့မလဲ ဆိုတာကို.....
ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ( ပြည်ပကို ထွက်လာချင်ပေမယ့်၊ ပြည်တွင်းပြန်ဝင်ခွင့် မရနိုင်လို့ ) မြန်မာပြည်သူတွေ အတွက် ငဲ့ကွက်ပြီး သေလုမျောပါး ခင်ပွန်းကို လာမတွေ့ နိုင်တဲ့ အတွက်  ခွင့်လွတ်နားလည်ပေးဖို့  တောင်းပန် တိုးလျိုး စကားတွေနဲ့  အမေ မျက်ရည်ကျနေမလား.......
(ဒါမှမဟုတ်)  ခေါင်းဆောင်တစ်ဦး မို့  လူတွေရှေ့ မှာ ပုဂလိက ခံစားမှုတွေ ကို ဟန်လုပ်ပြီး အံကိုကြိတ်ပြီး သိမ်းဆည်းနေခဲ့ရသလား ......
(ဒါမှမဟုတ်) ခင်ပွန်းဖြစ်သူ အားပေးထောက်ခံခဲ့၊ မျှော်လင့်ခဲတဲ့ အတိုင်း   မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာနေပြီ ဆိုတဲ့ အကြောင်း၊ အနစ်နာခံရကျိုးနပ်တဲ့ အကြောင်း  ၀မ်းပန်းတသာနဲ့  ခင်ပွန်းသည် ကို အမေ တိုင်တည်ပြီး ပြောပြနေမလား......... 
  အတွေးပေါင်းများစွာနဲ့ ကျွန်မစိတ်တွေ မွန်းကြပ်လို့ လာပါတယ်။ အောက်စဖိုဒ့် မှာ ဘွဲ့ ယူပြီး မိန့် ခွန်းပြောရာမှာ အမေစု က " အောက်မေ့စရာ အတိတ်က ဖြစ်ရပ်တွေ ထဲ က အကောင်းဆုံး အစိတ်အပိုင်းတွေ ကို ရွေးချယ်ပြီး ရှေ့ ဆက်ရမယ့် အင်အားတွေ အဖြစ် အသုံးပြုရမှာဖြစ်တယ်" လို့  ပြောဆိုသွားပါတယ်။ နာကျင်စရာတွေ ကို အင်အားတွေ အဖြစ် အသုံးပြုနိုင်စွမ်းရှိတဲ့ အမေစု ကိုလည်း ပိုပြီး လေးစားလာမိတယ်။ 
ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင် တယ် ပြောပြော၊ အမေစု ဟာလည်း ကျွန်မတို့ လိုပဲ အသွေး အသားနဲ့  ခံစားတတ်သူ လူသားတစ်ဦး မဟုတ်ပါလား။ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှု ရလဒ်ဖြစ်လာတဲ့ အထိ မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့တဲ့ အမေ့နောက်မှာ သူ့ မိသားစုဝင်တွေ ရဲ့ နားလည်မှု၊ အနစ်နာခံမှုတွေ လည်း အရေးကြီးတဲ့ အခန်းကနေ ပါခဲ့တယ် ဆိုတာကို ငြင်းဆန်လို့ မရတာ အမှန်ပါ။   
                                                                                        မစုဥာဏ်
 *************************************************************************
( မြန်မာ့နိုင်ငံရေးအတွက် အမေစုရဲ့ လှုပ်ရှားမှုတွေ ကို ထောက်ခံအားပေးခဲ့၊ နောက်ကွယ်ကနေ စွန့် လွတ် အနစ်နာခံခဲ့တဲ့ မိုက်ကယ်အဲရစ် ရဲ့ အကြောင်း ကို ကျွန်မရေးခဲ့တဲ့ ဆောင်းပါး   မိုက်ကယ်အဲရစ်ရဲ့ လူသိနည်းသော စွန့် လွတ်အနစ်နာခံမှုများ 
မှာ ဖတ်နိုင်ပါတယ်။)
အောက်ဖော်ပြပါ ပုံများဟာ ဇွန်လ ၁၉ ရက် နဲ့  ၂၀ ရက်နေ့ က ဗြိတိန်နိုင်ငံရောက် အမေ့ ပုံရိပ်များဖြစ်ပြီး၊  AP, AFP သတင်းဌာနများမှ တဆင့် ပြန်လည်ကူးယူထားခြင်းဖြစ်ပါတယ်။
အမေ့မွေးနေ့ မှာ ဘုန်းတော်ကြီး ဒလိုင်လားမား နဲ့ အတူ တွေ့ ရစဉ် ( AP)
အောက်စဖိုဒ့်တက္ကသိုလ် မှ ဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (Honorary Doctor of Civil Law) ကိုလက်ခံရယူ(ပုံ-အေပီ)
ဘွဲ့ နှင်းသဘင် အခမ်းအနားအတွင်း မိန့် ခွန်းပြောရာမှာ အမေစု က  မြန်မာပြည်တွင်းက ကျောင်းသားတွေ ကို အဆင့်မြင့်မြင့် ပညာသင်ကြားခွင့်ရအောင် အောက်စဖိုဒ့် အမိ တက္ကသိုလ် က ကူညီပေးဖို့ ထည့်သွင်းပြောဆိုသွားပါတယ်။
ဘီဘီစီ အသံလွင့်ဌာန မှာတွေ့ ရတဲ့ အမေစု (AP)
LSE ဆွေးနွေးပွဲမှာ အမေစု မွေးနေ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံ ကို ပေးအပ်ခဲ့ကြပါတယ်။ ဇွန်လ ၁၉ ရက် (အေပီ)
Tuesday, June 19, 2012
ဥရောပရောက် အမေ့ ပုံရိပ်များ(၅)
ဇွန်လ ၁၈ ရက်နေ့ မှာတော့ အမေစု ဟာ အိုင်ယာလန် နိုင်ငံ Dublin မြို့ မှာ Freedom of Dublin ဆု(၂၀၀၀ ပြည့်နှစ်တုန်းက အမေစု ကို ဒပ်ဗလင်မြို့ သူမြို့ သားတွေ ချီးမြှင့် ခဲ့တဲ့ ဆု) နဲ့​ Amnesty International ခေါ် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအဖွဲ့ က ချီးမြင့်တဲ့ Ambassador of Conscience award အသိဥာဏ်ပညာထူးချွန်ဆု တို့​ကို  လက်ခံ ရယူ ခဲ့ပါတယ်။ 
ထောင်ပေါင်းများစွာသော ပရိသတ်တွေ က အမေစု ကို ကြိုဆိုခဲ့ကြသလို၊ အဲဒီ ပွဲ မှာ U-2 အဖွဲ့ က Electric Burma ဆိုတဲ့ အမည်နဲ့  ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပြီး ကမ္ဘာကျော် ဂီတအနုပညာရှင်တွေဖြစ်တဲ့ Bob Geldof, Joely Richardson, Damien Rice နဲ့  Jack Gleeson တို့ လည်း အမေစု ကို ဂုဏ်ပြုခဲ့ပါတယ်။ နာမည်ကြိး ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ ကလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။ 
အမေစု ကလည်း မိန့် ခွန်းပြောရာမှာ 
  “ အိုင်ယာလန်နိုင်ငံက ကျွန်မကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာကို ကျွန်မရဲ့နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ဒီမိုကရေစီခရီးဟာ မပြီးဆုံးသေးတဲ့အတွက် ဆက်လက်ပြီး အိုင်ယာလန်ပြည်သူတွေ ဟာ ကျွန်မတို့နဲ့ တသားတည်းဆက်လက် ရပ်တည်နေမယ်လိုကျွန်မ ယုံကြည်တယ်” လို့  အမေစု က  ပြောဆိုခဲ့ပါတယ်။
အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး၊  Amnesty International အဖွဲ့ မှ ဒါရိုက်တာ နှင့် အိုင်ယာလန်  မှ မြန်မာမိသားစုများ ကို လေဆိပ်မှာတွေ့ ရစဉ်။ Photo: Sasko Lazarov/Photocall Ireland
ရုပ်ရှင် မင်းသမီး Joely Richardson လည်းတက်ရောက် (Reuters)
Photo: Sasko Lazarov /Photocall Ireland
အမေစု ရဲ့  Ambassador of Conscience award ဆုချီးမြှင့်ပွဲ ဂီတပွဲတော်သို့ အိုင်းရစ်ပေါ့ပ်ဘုရင်Bob Geldof တက်ရောက်။ 
အိုင်းရစ် အဆိုတော် Bob Geldof နဲ့ ချစ်သူ  Photo: Sasko Lazarov /Photocall Ireland
ရုပ်ရှင်သရုပ်ဆောင် Roger Moore နဲ့  ဇနီး လည်းတက်ရောက် Photo: Sasko Lazarov /Photocall Ireland
ကမာကျော် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော် တွေ ကြားမှာတောင် အမေစု က စူပါစတားပဲ။ ၀ိုင်းပြီး လက်မှတ်ထိုးခိုင်းသူတွေ ၀ိုင်းဝိုင်းလည်လို့  Photo: Sasko Lazarov /Photocall Ireland
အိုင်ယာလန်က ကလေးငယ်တစ်ဦး ကလည်း NLD ကို ထောက်ခံပါသတဲ့။ Photo: Sasko Lazarov /Photocall Ireland
 Amnesty International Ambassador of Conscience ဆု ကို အမေစု လက်ခံစဉ် 
 သမတ Michael D Higginsနဲ့  ဇနီး က အမေစု နဲ့  သားငယ် ကင်မ် ကို နှုတ်ဆက်
President Michael D Higgins greets Burmese pro democracy leader Aung San Suu Kyi at Aras an Uachtarain this afternoon as part of her visit to Dublin. Photo: Laura Hutton/Photocall Ireland
Monday, June 18, 2012
အမေ့ အတွက် မွေးနေ့ ဆုတောင်းများ
အမေစုရဲ့  ၆၇ နှစ်မြောက် မွေးနေ့ ဆုတောင်း အတွက် စာများနဲ့ ၊  ပန်းချီကားများ ရေးသားပေးကြတဲ့
 မိတ်ဆွေ များအားလုံး ကို အထူးပဲကျေးဇူးတင်ပါတယ်။ လူငယ်၊ လူကြီး ပူးပေါင်းဆောင်ရွက် ဖို့  အမြဲ တိုက်တွန်းနေတဲ့ အမေစု အတွက်၊ အမေ့ မွေးနေ့ မှာ ကျွန်မတို့ အခုလို (အဝေးကနေ) ပူးပေါင်းပါဝင် နိုင်ကြတာ ကြည်နှူးစရာပါ။
စာများ၊ ပုံများ ကို ဇူလိုင်လ ပထမအပတ်မှာ အမေစု ဆီ ကို အရောက် ပေးပို့ သွားမှာ ဖြစ်တဲ့ အတွက်၊ ဇွန်လ ကုန် အထိ ဆက်လက်ပြီး ရေးသားပေးပို့ နိင် ပါတယ်၊ ပေးပို့ လာတဲ့ စာအသစ် များကို နေ့ စဉ် update  လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Artist:  Baby Myint (New York) 
************************************************************ 
ဘုန်းကြီးတို့ သာသနာရေးဆိုင်ရာ လောက မှာ ဘာသာရေးကို အယုံမကြည်ရှိသူ ကို ယုံကြည်ဆည်းကပ်လာအောင်၊ ကြည်ညို ပြီးသားလူကို ပိုပြီး ကြည်ညို လာအောင် ဆောင်ရွက်နိုင်တဲ့ သာံ ကို စံနမူနာကောင်း အဖြစ် မှတ်ယူကြတယ်။
 အဲ…လောကီရေးရာမှာတော့ ဒကာမကြီး အောင်ဆန်းစုကြည် ဟာ စံနမူကောင်း အဖြစ် အတုယူရမယ့် သူဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်သူ တွေ ကို ငြိမ်းချမ်းစွာ နဲ့ တွေ့ ဆုံဆွေးနွေးရေး လမ်းစပေါ် ရောက်လာအောင်၊ သွေးကွဲနေသူတွေ ကို ပြန်လည်ညီညွတ်လာအောင်၊ လိုအပ်နေတဲ့ နေရာမှာ မေတာနဲ့  ကူညီဖေးမတတ်ကြအောင် ပြောဆို လုပ်ကိုင်နိုင်တယ်။ ဒကာမ လို လူတွေ အများကြီး ရှိနေရင် ကမ္ဘာကြီး က ငြိမ်းချမ်းမှာ အမှန်ပဲ။
ဒီကနေ့  ကျရောက်တဲ့ ၆၇ နှစ်မြောက် မွေးနေ့ မှ သက်တော်ရာကျော်ရှည်ပါစေ။
ဘုန်းဘုန်းဦးဝိလာသ (မဟာအောင်မြေကျောင်းတိုက်၊ နယူးယောက်)
**************************************************************************************
Artist: May Thet Thet Khine( New York)
You are one in a million.
You make us proud, You are my source of inspiration....happy 67th birthday Ah may Suu.
May Thet Thet Khine (new York)  
********************************************************
 ဒေါင်းမိခင်စု၊ မွေးနေ့ ဆု
အာဃာတမထား
မာန်မာနမထား
မေတ္တာပွားမှု သူရှေ့ ရှု
ပြည်သူတို့ ရဲ့ စု။
လှံစွမ်မကြောက်၊ ကျည်ဆန်မကြောက်
မဖီမဖောက်၊ ဒူးမထောက်
နတ်မောက်ရဲ့ ဆု၊ ဒို့ ရဲ့ စု။
သေနတ်မပါ၊ ဓါးမပါ
သစ္စာမီးဒုတ်၊ သူကိုင်ဆုပ်
ကျွန်ုပ်တို့ ရဲ့ စု။
စုရဲ့ မေတ္တာ၊ စု သစ္စာနဲ့ 
ဗမာတ၀န်း၊ ဘေးမသန်းဖို့ 
ငြိမ်းချမ်းရေးဆု၊ စုရဲ့ ဆု။
ပြည်သူ့ စစ်သား၊ ဒို့ စစ်သားနဲ့ 
အများကောင်းမှု၊ ဒို့ ကောင်းမှု နဲ့ 
ကျန်းမာစေဆု၊ ချမ်းသာဆု။
ဒို့ တောင်းတမှု၊ စုတွက် ဆု။
ခွပ်ဒေါင်းနီနီ၊ ဒို့ စုကြည်သည်
သက်ရှည်ကျန်းမာ၊ နှစ်ရာကျော်။
ပြည်သူ့ ကောင်းမှု၊ ဒို့ ကောင်းမှု
ပေါင်းစုနုမော်၊ သာဓုခေါ်။
နွေမိုးတရာ၊ ပန်းတရာနဲ့ 
လန်းဖြာကြည်မွှေး၊ အေးစေသောဝ်။
စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည် (နယူးယောက်)
(၂၀၀၅ ခုနှစ် ဒေါ်စု မွေးနေ့ အတွက် ရေးခဲ့တဲ့ ကဗျာ ကို ပြန်လည် ဖော်ပြခွင့် ပြုတဲ့ အတွက် ဆရာမောင်စွမ်းရည် ကို ကျေးဇူးတင်ပါတယ်)
****************************************************************************************
" မွေးနေ့ရှင်မရှိဘဲ နှစ်စဉ် ကျင်းပလာခဲ့မွေးနေ့များ
ဒီနှစ်မှာတော့ မွေးနေ့ ရှင်ကိုယ်တိုင်  မွေးနေ့ပွဲလေးကို ကျင်းပနိုင်ပြီပေါ့".....................
"ကျနော် တို. ကြည်ညိုလေးစား၊အာကိုးရသော အမေ 
လှပသော အနာဂတ်ကိုဖန်တီးပေးနိုင်စွမ်းရှိတဲ အမေ
 ပြည်သူတွေအတွက် ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ပေးတဲအမေ
ကျန်းမာ၊ချမ်းသာပြီ၊အသက်ရာကျော်ရှည်၍
လှပသော အနာဂတ်  သမိုင်းတစ်ခေတ်ကို
အမေချစ်သော၊ အမေ့ကိုချစ်သော ပြည်သူများနှင့်အတူ၊
 နှစ်ပေါင်းများစွာ တိုင်အောင် လက်တွဲ ထူထောင်နိုင်ပါစေ ~
(ဝေးတနေရာမှ အမေ့ရဲ သား  )
၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦး (နယူးယောက်)
***********************************************************************************
*************************************************************************************
Photo: internet
Happy Birthday, Amay, you are our leader as well our expectation.
Myo Theingyi Cho (Singapore) 
*************************************************************************************
photo: su nyan
အမေ ရဲ့ ၆၇ နှစ် ပြည့် မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ တိုင်အောင် ကျန်းမာ ချမ်းသာ ဘေးကင်းစွာနဲ့ အေးအေးချမ်းချမ်း ရှင်သန် ရပ်တည်နိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ
Happy Birthday Mother Suu
We LOVE You  
စိုင်းခွမ်မိုင်း(မြန်မာပြည်) 
**************************************************************************************
ကျက်သရေရှိ တဲ့ အလှ
ငြိမ်းချမ်းတဲ့ နှလုံး နဲ့ 
ကြည်လင်အေးမြတဲ့ အမေ့ အပြုံး။
မြင်ရသူ စိတ်ရွှင်လန်းပြီး
အပျော် အပြုံး တွေ ကူးစေသမို့ 
အခုလို ပဲ အမြဲ ပြုံးပါ အမေ။ 
နန်းစံနွံ (နယူးယောက်) 
************************************************************************************
Happy Birthday to Myanmar Democracy Leader Aung San Suu Kyi.
Long Live Our Leader. 
ငြိမ်းချမ်းနိုင်(မြန်မာပြည်) 
 ************************************************************************************
(ဆက်လက်ဖော်ပြပါမည်) 
                                                                                                   မစုဥာဏ်
ဥရောပရောက် အမေ့ ပုံရိပ်များ (၄) နှင့် အမေစု ရဲ့  အဖြေအချို့ 
အမေစုရဲ့ ဥရောပ ခရီးစဉ်အတွင်း၊ ဇွန်လ ၁ရ ရက်နေ့ ၁၈ ရက်နေ့ က ဓာတ်ပုံ မှတ်တမ်း ပါ။ အမေစု ဟာ နော်ဝေးနိုင်ငံ ဘာဂန်မြို့ က မြန်မာတိုင်းရင်းသားမိသားစုတွေနဲ့ တွေ့ ဆုံခဲ့ပြီး၊ အော်စလို ဖိုရမ် မှာ မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု အကြောင်း ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။
ပြီးတော့ ကမ္ဘာကျော် U-2 အဖွဲ့ က အိုင်းရစ် အဆိုတော် ဘိုနို ရဲ့ ကိုယ်ပိုင် ရဟတ်ယာဉ် နဲ့  အတူ လိုက်ပါပြီး၊ အိုင်ယာလန် က ဂုဏ်ပြုပွဲ ကို တက်ရောက်တယ်။ အဆိုတော် ဘိုနိုဟာ အမေစု နေအိမ်အကျယ်ချုပ် ကျစဉ် ကာ လ ကတည်းက အမေ့ အတွက် ဂုဏ် ပြုတဲ့ သီချင်းတွေ ကို သီဆိုပေးခဲ့ပြီး၊ မြန်မာတွေ အကြောင်း ကမ္ဘာအနှံ့ က သူ့ ပရိသတ်တွေ သိအောင် ဆောင်ရွက်ပေးနေတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ပရိတ်သတ် သန်းချီကြည့်တဲ့ သူ့ သီဆိုပွဲတွေ မှာ အမေစု ပုံ ကို တီဗွီဖန်သားပြင်တွေ၊ ဒီဂျစ်တယ်ပုံတွေ နဲ့  ချိတ်ဆွဲ ပြသပြီး သီချင်းသီဆိုသလို၊ စင်ပေါ်မှာ စကားပြောရင် လဲ အမေစု အကြောင်း ထည့်ပြောလေ့ရှိပါတယ်။ ၂၀၀၀ ခုနှစ်အတွင်း အမေစု အတွက် ရည်ရွယ်ပြီး သီဆိုခဲ့တဲ့ "Walk On" ဆိုတဲ့ သီချင်းကို ဖြန့် ချီခဲ့ပါသေးတယ်။
အခု စာရေးသားနေချိန်မှာ ဘိုနို ရဲ့ U2အဖွဲ့ နဲ့ အတူ၊ ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များမှ အမေဆု ကို ဂုဏ်ပြုတင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော် ကို ကျင်းပနေပြီ ဖြစ်ပါတယ်။ 
အမေစု နဲ့  မြန်မာ့အရေး အတွက် သီချင်းတွေ ဆိုပေးခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် ဘိုနို  (AFP)
အော်စလိုဖိုရမ် မှာ သတင်းထောက်တွေ ရဲ့ အမေး ကို ဖြေကြားရာမှာ အမေစု က...
 မြန်မာနိုင်ငံ ကို Burma ကနေ Myanmar လို့ ပြောင်းလဲ ခေါ်ဆိုတာ ကို ဘာကြောင့် မကြိုက်ရတာလဲ ဆိုတဲ့ မေးခွန်းကို ဖြေရာမှာ  “မြန်မာဆိုတဲ့ နာမည်ကို မကြိုက်လို့  မဟုတ်ပါဘူး။ တိုင်းပြည်တစ်ခု ကို နာမည်ပြောင်းတဲ့ အခါ၊ ပြည်သူလူထု ကို ဆွေးနွေးတိုင်ပင်တာမျိုး သဘောထား ကောက်ယူတာမျိုး မရှိပဲ၊ သတင်းစာတွေ၊ တီဗွီ ထဲ ကနေ ရုတ်တရက် တိုင်းပြည်နာမည် ကို ပြောင်းလိုက်ပြီ လို့  ကြေငြာတာဟာ ဒီမိုကရေစီနည်းလမ်းနဲ့  မကိုက်ညီလို့  ကျွန်မ မကြိုက်တာပဲဖြစ်တယ်” လို့  ဖြေကြားခဲ့တယ်။  
Working togethet ... Myanmar opposition leader Aung San Suu Kyi, Norway's Foreign Minister Jonas Gahr Stoere and Irish singer and activist Bono.
မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု အကြောင်း ဆွေးနွေးပွဲ ဖိုရမ်မှာ တွေ့ ရတဲ့ အမေစု၊ နော်ဝေးနိုင်ငံခြားရေးဝန်ကြီး နဲ့  ဘိုနို(AP)
 ရိုဟင်ဂျာဟာ တွေကို မြန်မာနိုင်ငံသားတွေ အဖြစ် ခင်ဗျားလက်ခံသလား ဆိုတဲ့ မေးခွန်းကို သတင်းထောက်တစ်ယောက် က ချောင်ပိတ်ပြီး မေးလာတဲ့အခါ၊ အမေစု က.....
ပြသာနာတွေရဲ့ အရင်းမြစ်ဟာ တရားဥပဒေ စိုးမိုးရေးကင်းမဲ့လို့  ပဲဖြစ်တယ်။
မြန်မာနိုင်ငံသားဖြစ်ဖို့ ဘယ်လို အချက်အလက်တွေ နဲ့ သတ်မှတ်ထားသလဲ ဆိုတာ ကို တိတိကျကျ ပြည့်စုံတဲ့  ဥပဒေ မရှိသေးတဲ့ အချိန်မှာ ပြောရတာခက်ပါတယ်။ ဥပမာတစ်ခု ပြောပြရရင်၊ ရွေးကောက်ပွဲ အတွင်း ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့  စည်းကမ်းချက်မှာ မြန်မာနိုင်ငံသားဖြစ်ရမယ်လို့  သတ်မှတ်ထားတယ်။ ကိုယ်စားလှယ် တစ်ယောက်က မြန်မာပြည်မှာမွေးတယ်၊ သူ့ မိဘတွေ က မြန်မာတွေ ဖြစ်တယ်၊ ဒါပေမယ့် နောက်ပိုင်း သူ့ ဖခင်က တခြားနိုင်ငံတစ်ခု မှာ နိုင်ငံသားအဖြစ် ခံယူလိုက်လို့  သူ့ ကို သတ်မှတ်ချက်နဲ့  မကိုက်ညီဘူး ဆိုပြီး ပယ်လိုက်တယ်။ ဒါကြောင့် ကျွန်မတို့ ဆီမှာ မြန်မာနိုင်ငံသားဖြစ်ဖို့  ဘယ်လို ဥပဒေအချက်တွေ သတ်မှတ်ထားသလဲ ဆိုတာတောင် ကျွန်မ တို့ ရှင်းရှင်းလင်းလင်း မသိဘူး။ ရိုဟင်ဂျာတွေ ကို ဘင်္ဂလားဒေ့ရှ်ကလဲ သူတို့ နိုင်ငံသားမဟုတ်ဘူးလို့  ပြောတယ်၊ ကျွန်မတို့ ဘက်ကလည်း ကိုယ့်နိုင်ငံသား မဟုတ်ဘူးလို့ ပြောတယ်၊ ဒါဆို သူတို့ တွေ ဘယ်က ရောက်လာကြတာလဲ။
 (အဲဒီ သတင်းထောက်က ထပ်ပြီး ရိုဟင်ဂျာတွေ ကို မြန်မာနိုင်ငံသားအဖြစ် လက်ခံမှာလား၊ ငြင်းပယ်မှာလား လို့ မေးတဲ့အခါ)
ကျွန်မ မသိပါဘူး။ ရှင်က ရိုဟင်ဂျာလို့ ပြောတဲ့နေရာမှာ၊ ဘယ်သူတွေကို ရည်ညွန်းတာလဲ၊ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက နေထိုင်လာတဲ့သူတွေ လား၊ ဒါမှမဟုတ် သိပ်မကြာသေးခင်က မှ နယ်စပ်ကို ဖြတ်ကျော်လာတဲ့ သူတွေ ကို ပြောတာလား။ တချို့ ကလည်း အခု မြန်မာနိုင်ငံသား ဖြစ်ဖို့ ပြောဆိုနေတဲ့ ရိုဟင်ဂျာတွေ ဟာ မြန်မာပြည်တွင်း နှစ်အတော်ကြာ  နေထို်င်နေတဲ့ သူတွေ မဟုတ်ပဲ၊ လတ်တလောက မှ ဘဂ်လားဒေ့ရှ် နိုင်ငံက နေ ကူးလာတဲ့ သူတွေ ဖြစ်တယ်လို့  ပြောကြတယ်။ တချိန်တည်းမှာပဲ ဘဂ်လားဒေ့ရှ် ကလဲ သူတို့ ကို မြန်မာနိုင်ငံက ကူးလာတဲ့သူတွေ လို့ ပြောတယ်။ ဥပဒေစိုးမိုးရေးမရှိပဲနဲ့ ဒီပြသာနာကို မဖြေရှင်းနိုင်ဘူး။ အခု လတ်တလော မှာဖြစ်တဲ့ ပြသာနာကို ပဲ ကြည့်လို့ မရဘူး၊ မြန်မာနိုင်ငံသား ဖြစ်ရန် သတ်မှတ်ထားတဲ့ ဥပဒေ၊ တရားဥပဒေ စိုးမိုးမှု၊ လူဝင်မှု ကြီးကြပ်ရေး နဲ့  နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ လိုအပ်ချက် စတဲ့ ဥပဒေ အသေးစိပ်နဲ့  အခိုင်အမာရှိတော့မှ၊ အဲဒီ အချက်တွေ ပေါ်မူတည်ပြီး ကျွန်မတို့  ဆုံးဖြတ်လို့ ရမှာဖြစ်တယ်။ (ဒီ အမေးအဖြေ အစအဆုံး ဗွီဒီယို ရဲ့ လင့် ကို အောက်ဆုံးမှာ ပေးထားပါတယ်)
အမေစု Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Award ကို လက်ခံရယူစဉ် (Getty Images)
 From left, Norwegian Foreign Minister Jonas Gahr Stoere, Myanmar opposition leader Aung San Suu Kyi and Irish singer and activist Bono pose for the media after they attending a conference of the Oslo Forum at the Losby Gods resort, about 13 kilometers (8 miles) east of Oslo, Monday, June 18, 2012. The Oslo Forum is a n international network of armed conflict mediation practitioners. Photo: Markus Schreiber / AP
AP
Irish singer and activist Bono and Myanmar's opposition leader Aung San Suu Kyi, left, pose for the media after attending a conference of the Oslo Forum at the Losby Gods resort, about 13 kilometers (8 miles) east of Oslo, Monday, June 18, 2012. The Oslo Forum is an international network of armed conflict mediation practitioners. Photo: Markus Schreiber / AP
ဘိုနိုရဲ့ သီချင်းစာသား ကို ကြိုက်တယ်လို့  အမေစု က ပြောပါတယ်။ ထောက်ခံသူတွေ ရှိတာကောင်းတာပေါ့ ၊ အဆုံးသတ်မှာတော့ ကိုယ့်ခြေ၂ ချောင်းပေါ် ကိုယ့်ဘာသာ လျှောက်ယူရမှာပဲ လို့ ဆိုတဲ့ အမေစု။ (AP)
Dublin မြို့အထိ အမေစုကို သွားရောက်တွေ့ ဆုံတဲ့ ကိုဇာဂနာ (Reuters)
Myanmar democracy icon Aung San Suu Kyi (L) speaks to Naw Star Ri (R) during a meeting with Myanmar refugees in Norway at the Rafto Foundation, a human rights organization, in Bergen on June 17, 2012. (AFP Photo/Sean Meling Murray)
ဘာဂန် မြို့  က အမေစု နဲ့  မြန်မာမိသားစုတွေ့ ဆုံပွဲ မှ (AFP) 
အော်စလို ဖိုရမ် မှ အမေး၊ အဖြေ ဗွီဒီယို ကြည့်ရန် ဒီနေရာ ကို နှိပ်ပါ။ 
  မစုဥာဏ်
Saturday, June 16, 2012
ဥရောပရောက် အမေ့ ပုံရိပ်များ (၃) နှင့် မိန့် ခွန်း ဗီဒီယို
ဇွန်လ ၁၆ ရက်နေ့ ၊ နော်ဝေးနိုင်ငံ အော်စလို မြို့ မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး နိုဗလ်ဆု အပ်နှင်းပွဲ က ပုံတွေ ပါ။ အဲဒီဆု ကို ၁၉၉၁ မှာ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၁ နှစ် စာ စုဆောင်းထားရတဲ့ လက်ခုပ်သံတွေ မို့ ထင်ပါရဲ့ ။ စင်မြင့် ပေါ်မှာ အမေ မိန့် ခွန်းပြောဖို့ တက်လာတဲ့ အခါ ခန်းမထဲက ပရိသတ်တွေ က လက်ခုပ်တီးကြ၊ မတ်တပ်ရပ်ပြီး ထောက်ခံမှု ကို ပြကြနဲ့ ပါပဲ။ မြန်မာအမျိုးသားရေး စိတ်ဓာတ်ရှိသူ တိုင်း ဂုဏ်ယူ ရမယ့် နေ့ လေးပါပဲ။
မဗေဒါ အံကိုခဲ ပန်းပန်လျှက်ပဲ ဆိုသလိုများ၊ ဗေဒါရောင် ကို ၀တ်ထားသလား အမေစု။ Photo: AFP
Photo
အမေ့ ကို အခုလို အားလုံးက မတ်တပ်ရပ်ပြီး ကြိုဆိုခဲ့ကြတယ်။
သားငယ် ကင်မ် ကလဲ တက်ရောက်ခဲ့ (AFP)
ဆုပေးရေးကော်မတီဝင်တွေ နဲ့ အတူ
ဗီဒီယို (youtube) 
                                                                                                               မစုဥာဏ်