Friday, January 6, 2012

ပြောင်းလဲဖို့  အချိန်တန်ပါပြီ



ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ၊ ပြောင်းလဲမှုကို ဆန့် ကျင်နေမယ်ဆိုရင် (ဒါမှမဟုတ်) တောင့်ခံနေမယ်ဆိုရင် ကျွန်မတို့ ဟာ ကြီးပွားတိုးတက်မှာ မဟုတ်ဘူး။ ကြီးပွားတိုးတက်မှု မရှိဘူးဆိုရင် စစ်မှန်တဲ့ ရှင်သန်ခြင်း မဟုတ်ဘူး။ ဒါကြောင့် ပြောင်းလဲမှုဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။  

ကျွန်မတို့ လူ့ အဖွဲ့ အစည်းမှာ.. ဟောင်းနွမ်းတဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေကို မစွန့် လွတ်သေးသရွေ့ ....ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ပေါ်ပေါက်လာမှာမဟုတ်ဘူး။
ပြောင်းလဲမှု တွေနဲ့  ရင်ဆိုင်ကြုံတွေ့ ရတိုင်း (အကောင်းဘက်ကို ပြောင်းလဲမယ့် ပြောင်းလဲမှုပင်ဖြစ်ပါစေ) လူတွေ ဟာ အကြောက်တရား၊ မလှုံခြုံမှု၊ မသေချာ မရေရာမှု စတာတွေ ကို ရင်ဆိုင်ကျော်ဖြတ် ရစမြဲပါ။ ကျောက်ခေတ်လူသားဘ၀ ကနေ နည်းပညာမြှင့်မား တဲ့ ခေတ်ဆီကို ရောက်လာနိုင်တာဟာ အဲဒီအဆင့်တွေကို ကျော်ဖြတ်ပြီး၊ ပြောင်းလဲမှုတွေကို လူတွေ က လက်ခံခဲ့၊ ပြုလုပ်ခဲ့ကြလို့ ပဲဖြစ်ပါတယ်။ 

လူတွေမဆိုထားနဲ့ ၊ ခွန်အားကြီးပြီး မုန်ယို ခက်ထန်တဲ့ စရိုက်ရှိတဲ့ ဆင်ရိုင်းတွေကို လေ့ကျင့်ပေးလိုက်တဲ့ အခါ အခုလို ယဉ်ပါးတဲ့ ဆင်လေးတွေ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ 

ပုံ ၁ မှ ၅ (နယူးယောက်မြို့ တွင် ကပြဖျော်ဖြေသွားသော ဆပ်ကပ်ပွဲတစ်ခုမှ ပုံများ)



ပုံ(၃)
ပုံ(၄)







လူသားစားတဲ့  ကျားတွေကိုလဲ အိမ် မှာ မွေးတဲ့ ကြောင်လေးတွေလို ခိုင်းလို့ ရအောင် လူတွေ က လေ့ကျင့်ပေးနိုင်တယ်။ 

ပုံ(၅)
ပုံ ၅မှ ၇ (ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ရှိ Sea World တွင်ရိုက်ထားသောပုံများ )
  နောက်ဆုံး လူ့ စကားနားလည်ဖို့  မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ (လူတွေကိုတောင် ရန်မူနိုင်တဲ့) ဝေလ ငါးတွေကို အခုလို ယဉ်ပါးသွားအောင် သင်ကြားပေးနိုင်တာလဲ လူတွေပါပဲ။ 
ပုံ(၆)
ပုံ(ရ) ဝေလငါး ပေါ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးချတော့မည့် သူ

ပုံ-အင်တာနက်




























ပုံ-အင်တာနက်

ဒါပေမယ့် အဲဒီ လူ ဆိုတဲ့ သတွဝါတွေက  ခက်ထန်ကြမ်းတမ်းပြီး သွေှးဆာလာတဲ့ အခါ အင်မတန်မှ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်တွေ အထိန်းကွပ်မဲ့ဖြစ်ရပါတယ်။ဒီအကျည်းတန်တဲ့ အခြေအနေတွေ ကို ပြောင်းလဲဖို့ .....


 တပ်မတော်သားတွေ ကို ပြည်သူတွေ က ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုနေပါတယ်။ 




အတိတ်က ဖြစ်ရပ်တွေကို မေ့လိုက်ပြီး သမိုင်းစာမျက်နှာ အသစ် ပြန်စဖို့ ၊ ဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ က အစ၊ ဒေါ်အောင်ဆန်ုးစုကြည် က အဆုံး အာာတ မထားတဲ့ 'သင်ပုန်းချေ စနစ်' နဲ့  ဒီမိုကရေစီနိင်ငံဆီကို အတူတူလှမ်းဖို့  လက်ကမ်းကြိုနေပါတယ်။ အရပ်သားအစိုးရ ဖြစ်တဲ့ ဦးသိန်းစိန် က တိုင်းရင်းသားတွေနဲ့  အပစ်အခတ်ရပ်စဲဖို့  ပြောပေမယ့် စစ်ပွဲတွေ မရပ်သေးတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးမယ်ပြောပြီး ဆက်လက်ထိန်းသိမ်းထားတာတွေ ကို ထောက်ခြင်းအားဖြင့် အစိုးရအဖွဲ့ အစည်းထဲမှာ အမာခံ (သို့ မဟုတ်) ပြောင်းလဲမှုတွေကို တင်းခံနေတဲ့ တပ်မတော်သားတွေ ကျန်နေသေးတာ သိသာပါတယ်။ စိုးရိမ်ကြောင့်ကြမှု (ဒါမှမဟုတ်) အာဏာ ကို မစွန့် လွတ်ချင်လို့ ..စတဲ့ ကျွန်မဦးနှောက်နဲ့  တွေးလို့ မမီနိုင်တဲ့ အကြောင်းတစ်ခုခု ရှိချင်ရှိနေနိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်...အာဏာရှင် စနစ်ဆိုတာကို လူတွေ က လက်မခံတော့ပါဘူး။ တောင့်တင်းခိုင်မာတဲ့ စစ်တပ်ရှိပြီး၊ သူ့ ကို ဆန့် ကျင်တဲ့ သူတွေကို ရက်ရက်စက်စက်နိမ်နှင်းခဲ့တဲ့ လစ်ဗျားနိုင်ငံက ကဒါဖီ တောင် အဆုံးမလှခဲ့ပါဘူး။ အဲဒီလို သွေးမြေကျမှုတွေ မရှိအောင် ငြိမ်းချမ်းတဲ့နည်းနဲ့  ဖြေရှင်းဖို့  အားလုံးက တောင်းဆိုနေတာပဲဖြစ်ပါတယ်။    


နိင်ငံရေးအကျဉ်းသားတွေပြန်လွတ်ပြီး၊ တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေကို ရပ်ပေးလိုက်တာနဲ့ တပြိုင်နက် စီးပွားရေးပိတ်ဆို့ မှုတွေကို ပြန်ဖွင့်ပေးချင်နေတဲ့ နိုင်ငံကြီးတွေက လဲ အဆင်သင့်ပါပဲ၊ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့  နှိုင်းစာရင် ဟိုး..ခပ်ဝေးဝေးမှာ နောက်ကျ ကျန်နေရစ်ခဲ့ပါပြီ။ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေး အစစ..အရာရာ ခေတ်နောက်ကျနေခဲ့ပါပြီ။ မြန်မာပြည်တွင်းမှာ ပညာမသင်နိုင်တဲ့ ကလေးတွေ သန်းနဲ့ ချီပြီးရှိနေပါတယ်၊ သိန်းပေါင်းများစွာသော တိုင်းရင်းသားတွေက အိမ်နီးချင်းနိုင်ငံတွေ မှာ ဒုကွသည်တွေ အဖြစ်နဲ့ ခိုလှုံနေကြရပါတယ်။ တိုင်းပြည်လဲနာ၊ ပြည်သူတွေလဲနာ လှပါပြီ။  


လူတွေလောက် တွေးခေါ်ဆင်ခြင်နိုင်စွမ်း မရှိတဲ့၊ ရိုင်းစိုင်းတဲ့  တိရိစွာန် တွေတောင် ယဉ်ပါးသွားတဲ့ အထိ ပြောင်းလဲနိုင်တာကို ကျွန်မတို့ တွေ့ နေရတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလို ပြည်သူချစ်သော တပ်မတော်သားများ အဖြစ်ကို ပြန်ပြောင်းဖို့  အသင့်တော်ဆုံးအချိန်ရောက်ပြီမို့ ..
ပြည်သူက ပေါက်ဖွားလာတဲ့ တပ်မတော်သားများ  ပြည်သူ့ မျက်နှာကို ထောက်....
    သံသယတွေ၊ အကြောက်တရားတွေ ကို ဖျောက်ပြီး.....ပြောင်းလဲကြပါတော့လို့ ...                                       
(ကျွန်မဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး၊ ပြည်သူ့ အကျိုး၊တိုင်းပြည်အကျိုးအတွက် စွန့် လွတ် စွန့်စား ရဲတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အားလုံးကို လေးစားတဲ့ သာမန် ကျောင်းသူတစ်ဦး ပဲဖြစ်ပါတယ်။ မြန်မာပြည်တွင်း က ကလေးတွေ အေးအေးဆေးဆေးပညာသင်နိုင်တာကို မြင်ချင်စိတ်နဲ့  ၊ တိုင်းရင်းသားဒေသက ထွက်ပြေးတိမ်းရှောင်နေရသူတွေ အားလုံး ကို ငြိမ်းချမ်းစေချင်တဲ့ စိတ်နဲ့ ...ဒီဆောင်းပါးကို ရေးသားခြင်းဖြစ်ပါတယ်)                      
                                                                                              မစုဥာဏ်

1 comment:

  1. When the time is ripe, nothing can block the tide of change.
    Everything that has a beginning has an end!

    ReplyDelete

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။