Sunday, February 26, 2012

အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေလိုက်တဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦး၏ စာအုပ်


မြန်မာ စာရေးဆရာမ မခက်မာ (နိုင်ငံရေး အကျဉ်းသူဟောင်း) ရဲ့ " The Souls of Fallen Flowers" (အကြွေပန်းများ၏၀ိဥာဉ်များ) အမည်ရှိ ၀ထွု စာအုပ် ကို အမေရိကန်ပြည်ထောင်စု မှာ ဖေဖော်ဝါရီ လ ၂၄ ရက် နေ့ က စတင် ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခု အနေနဲ့ ….စာအုပ် ထုတ်လုပ်ရာမှာ ခေတ်မီ စက်ကိရိယာများနဲ့  ထုတ်လုပ်တာ မဟုတ်ပဲ လက်မှုနည်းပညာတွေ နဲ့  အချိန်ယူ ထုတ်လုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ (စက်မှုနည်းပညာတွေ ထွန်းကားလှတဲ့ အမေရိကန်ပြည်ထောင်စုမှာ hand-made ခေါ် လက်မှုလုပ်ငန်းတွေ ကို အင်မတန်မှ တန်ဖိုးထားကြပါတယ်။)  
  
မခက်မာ၏လက်ရာ

Saturday, February 25, 2012

ကျိုက်ထီးရိုးဘုရားဖူး သွားသူများ ကို ငြိမ်းချမ်းစွာ ဖူးမျှော်စေချင်ပါသည်

ရေးသားပေးပို့ သူ မဆုမွန်
ကျမတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများဟာ စေတနာထက်သန်ကြသည့်အလျောက် အလှူရေစက် လက်နဲ့မကွာ ဆိုသလို လှူဒါန်းလိုက်ကြတာများ ကမ္ဘာကတောင် အံသြချီးမွမ်းကြရတာ အားလုံး အသိကြပါပဲ။ တကယ့်ကို ကြည်ညိသပ္ပါယ်ဖို့ကောင်းတဲ့ တန်ခိုးကြီး စေတီတော်ကြီးတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးတို့ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်မြတ်ကြီး တို့ကိုကြည့်လိုက်မယ်ဆိုရင် မြန်မာတို့ရဲ့ သဒ္ဒါအားကို မြင်ကြ ရမှာပါ။ ဒီလို နတ်လူ သာဓုခေါ်တဲ့ မွန်မြတ်တဲ့အလှုဒါနတွေကို အကြောင်းပြုပြီး ကျမမှာ ရေးစရာ အကြောင်း အရာလေးတစ်ခု က ဒီရက်ပိုင်းမှာ ရှိလာပါတယ်။
လူကြီးအမျိုးနဲ့ ကျိုက်ထီးရိုး
လွန်ခဲ့တဲ့ရက်သတ္တပါတ်မှာ အမေရိကမှာနေတဲ့ ကျမရဲ့သူငယ်ချင်းပြန်ရောက်လာတာနဲ့ သူငယ်ချင်း တွေဆုံတုန်း ကျိုက်ထီးရိုးသွားကြမယ်ဆိုပြီး ကျမတို့တွေ ရန်ကုန်ကနေ ထွက်လာ ခဲ့ကြ ပါ တယ်။ နွေဦးလို့သာ ဆိုပေမယ့် ပူလိုက်တဲ့နေဆိုတာလည်း တော်သလင်းနေအလား ထင်မှတ်ရပါတယ်။ ရန်ကုန်ကနေမနက် ၁၀နာရီခွဲလောက်မှာထွက်ခဲ့တဲ့ ကျမတို့ကားကလည်း ကျိုက်ထိုနားရောက်ခါနီးမှ ပျက်သွားတော့ ဦးလေး တစ်ယောက်က ကားစောင့်နေခဲ့ပြီး သိပ်တက်ကြွနေတဲ့ ကျမတို့ကတော့ လမ်းကြုံကားတစ်စီး အကူအညီနဲ့ တောင်တက်ကားအမီရောက်အောင် ခရီးဆက်ခဲ့ကြတယ်။ တောင်ခြေကိုကျမတို့ရောက်ပြီးတာနဲ့ တောင်တက်ကားကလည်း သိပ်စောင့်စရာမလိုလိုက်ရပဲ တောင်တော်ပေါ်ကိုပေါ့ပါးစွာနဲ့ တက်လာနိုင်ခဲ့ပါတယ်။ သည်မှာ တောင်တက်ကားအကြောင်းကို ကျမနည်းနည်းပြောချင်ပါတယ်။ 
တောင်တက်ကားဖြစ်သည့်အလျောက် ကားကြီးကိုသုံးထားပြီး ခရီးသည်တွေကို ရှေ့ခန်းနောက်ခန်းဈေးနှုန်း ခွဲပြီး (ဈေနှုန်းကတော့ ၅၀၀ ပဲကွာပါတယ်)
နောက်ခန်းမှ စီးသူများ၊ ကားပေါ်ကို အခုလို တက်ရပါတယ်။ (ပုံ- မနွယ်)
တင်ပါတယ်။ နောက်ခန်းမှာတော့ ကိုင် စရာ တန်းမရှိပဲ တောင်တက်လည်းကြမ်းသည့် အတွက် ရှေ့ ခန်း ကို ထိုင် ချင်ကြသူတွေ များကြပါတယ်။  ရှေ့ခန်းကတော့ ဦးရာ လူစနစ်နဲ့တင်ပါတယ်။ ဒီမှာတင် ကျမသတိထားမိတာက ဦးစားပေးပုံစံ (ဥပမာ သက်ကြီးရွယ်အို၊ သံဃာစသဖြင့်) မရှိတာကို တွေ့ရပါတယ်။ သန်သန်မာမာယောင်္ကျားကြီးများတန်မဲ့ ဦး

ဆန်စရန်စစ်စကို မှ ကိုဇာဂနာ၏ ဟောပြောပွဲ တွင် ဒေါ်မာမာအေးနှင့် မြန်မာအနုပညာရှင်များ ပါဝင်ဖျော်ဖြေခဲ့

ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ၊ အမေရိကန်ပြည်ထောင်စု ဆန်စရန်စစ်စကို မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကိုဇာဂနာရဲ့  ဟောပြောပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားမှာ ကိုဇာဂနာရဲ့  ဟောပြောမှု တွေ အပြင်၊ အဆိုတော် ဒေါ်မာမာအေးရဲ့  သီဆိုမှု၊ ဆန်စရန်စစ်စကို မှ မြန်မာအနုပညာရှင်များရဲ့  ဖျော်ဖြေမှု တွေ နဲ့  အတူ ပွဲကြည့် ပရိသတ်များနဲ့  အမေးအဖြေ တွေ ကို လည်း စုံစုံလင်လင် ထည့်သွင်း ကျင်းပသွားခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားမှ ရံပုံငွေ အမေရိကန် ဒေါ်လာ ၄ သောင်းကောက်ခံရရှိခဲ့ကြောင်းသိရပါတယ်။ 

ဗီဒီယို ကြည့်ရန် အောက်မှာ ပေးထားတဲ့ လင့်(ခ) များကို နှိပ်ပါ။ 

Thursday, February 23, 2012

နာဂစ်မုန်တိုင်း ကြောင့် တောင်းခံနေရသော လက်များ အကြောင်း ပြသလိုက်တဲ့ ပန်းချီသန်းဌေးမောင်ရဲ့  အနုပညာ ပြကွက် (ဗီဒီယို)

 အမေရိကန် ပြည်ထောင်စု Pittsburgh မြို့ ကို ရောက်ရှိနေတဲ့ မြန်မာ ပန်းချီဆရာ သန်းဌေးမောင်ရဲ့ အနုပညာပြပွဲ တစ်ခုမှာ ဆာလောင် ငတ်မွတ်ပြီး အစာတောင်းနေတဲ့ လက်များ  ကို ပလတ်စတာနဲ့  ပုံတူ ပြုလုပ်ပြီး အခုလို ပြသခဲ့ပါတယ်။

 ပြပွဲမှာ လက်ပုံတွေ ကို လုပ်ပြဖို့  ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့  ပတ်သက်ပြီး ပန်းချီသန်းဌေးမောင် က ၂၀၀၈ ခုနှစ် အတွင်း နာဂစ်မုန်တိုင်း အပြီးမှာ အစားအစာ မလုံလောက်မှုတွေ ကြောင့် အလှူရှင်တွေ ဆီကနေ လက်ဖြန့် တောင်းခံခဲ့ရတဲ့ ဒုကသည်များ ရဲ့ လက်တွေ ကို  မြင်ယောင်မိပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။ အဲဒီ ကာလတွေ တုန်းက ပန်းချီသန်းဌေးမောင် နဲ့  ဇနီးဖြစ်သူ စာရေးဆရာမ မခက်မာတို့ ဟာ  မုန်တိုင်း သင့်ဒေသတွေ ကို အဖွဲ့ သားတွေနဲ့ သွားရောက်ခဲ့ပြီး အကူအညီတွေ ပေးခဲ့ကြပါတယ်။ " အစားအစာ အတွက်၊ ဘ၀လှုံခြုံမှု အတွက်၊ နွေးထွေးကြင်နာ မှုတွေ အတွက်...အခြား..အခြားသော..လိုအပ်ချက်တွေ အတွက်.. ငတ်မွတ်စွာ တောင်းခံနေတဲ့ ဖြန့် နေသော လက်များစွာကို ကျွန်တော် မြင်တွေ့ ခဲ့ရပါတယ်၊" လို့  ပန်းချီသန်းဌေးမောင် က ပြောပါတယ်။ 

Tuesday, February 21, 2012

ရှုံးနိမ့်ခြင်းကို အောင်မြင်ခြင်း အဖြစ်သို့  ပြောင်းလဲနိုင်ခဲ့သူများ


လူ့ ဘ၀ ဟာ ပန်းခင်းတဲ့လမ်း မဟုတ်တဲ့ အတွက် (ကျွန်မတို့ တွေ ဘယ်လောက်ပဲ အကောင်းဆုံး မျှော်လင့်ချက်တွေ ထားပြီး  ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှား နေပါစေ) တနေ့ နေ့  တချိန်ချိန်မှာ မျှော်လင့်မထားတဲ့ ဆုံးရှူံးမှုတွေ၊ စိန်ခေါ်မှု တွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဆုံးရှူံးမှု ပမာဏ ပေါ်မူတည်ပြီး စိတ်ာတ်ကျဆင်းရတာတွေ၊ မိမိကိုယ် မိမိ ယုံကြည်ချက် နည်းသွားတာတွေ ဖြစ်တတ်သလို.. တချို့  ဆိုရင် မိမိ အသက်ကိုပင် အဆုံးစီရင် သွားတဲ့အထိ အရှူံးပေးသွားတဲ့ သာကတွေ ရှိခဲ့ဖူးပါတယ်။

တချိန်တည်းမှာပဲ....စိန်ခေါ်မှု တွေ ကို အလှဲထိုးပြီး၊ ရှူံးနိမ့်ခြင်းတွေ ကို အောင်မြင်ခြင်း အဖြစ်သို့ ပြောင်းလဲ နိုင်ခဲ့တဲ့ သူတွေ ရဲ့  အကြောင်းတွေကို ကျွန်မ ဖတ်လိုက်ရတဲ့ အခါ... စာဖတ်သူများအတွက် (အထူးသဖြင့် အကောင်အထည် မဖော်နိုင်သေးတဲ့ အိပ်မက်တွေ ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေမယ့်သူများအတွက် ) ဒီအကြောင်းအရာ တွေ ကို ဝေငှပေးချင်စိတ် ပေါ်လာလို့ 

အောင်မြင်သွားသူတွေ အများကြီးထဲက တချို့ ရဲ့ အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။  

ဟင်နရီဖိုဒ့် နှင့် သူ တီထွင် ထုတ်လုပ်ခဲ့သည့် ဖိုဒ့်ကားတစ်စီး

Monday, February 20, 2012

အောင်မြင်ခြင်း၏ လျှို့ ဝှက်ချက်

Photo: internet


လူတိုင်း လူတိုင်းမှာ (အထူးသဖြင့်) လူငယ်တွေမှာ အောင်မြင်ချင်တဲ့ စိတ် ဆန္ဒ  တွေ ကိုယ်စီ ရှိတတ်ကြပါတယ်။ တချို့  က အောင်မြင်သွားကြ ပေမယ့်၊ လမ်းလျှောက်ရင်း လမ်းပျောက်သွားကြသူတွေလဲ ဒုနဲ့ ဒေးပါပဲ။ ဆိုခရေးတီးပြောတဲ့ အောင်မြင်သူတွေရဲ့ လျှို့ ဝှက်ချက်က ဒီလိုပါ။    

'အောင်မြင်ခြင်းရဲ့ လျှို့ ဝှက်ချက် အကြောင်း' ပြောပြဖို့ တောင်းဆိုလာတဲ့ လူငယ်လေးတစ်ယောက် ကို အတွေးအခေါ် ပညာရှင် ဆိုခရေးတီးက ချက်ခြင်း အဖြေ မပေးသေးပဲ၊ နောက်တနေ့  မနက်စောစော မှာ  မြစ်ကမ်းနံဘေး နားကို လာခဲ့ဖို့  ချိန်းလိုက်ပါတယ်။ 

နောက်တနေ့ နံနက် မြစ်ကမ်းနံဘေးကို လူငယ်လေး ရောက်လာတဲ့အခါ ဆိုခရေးတီးက သူနဲ့  အတူ ရေထဲကို ဆင်းလာဖို့  ခေါ်လိုက်ပြီး၊ေ၇နက်ပိုင်း ဘက်ကို တဖြည်းဖြည်း တိုးဝင်သွားလိုက်တယ်။  လည်ပင်းလောက်အထိ ရေနက်တဲ့ နေရာကို ရောက်တဲ့ အခါ ဘာမပြော ညာမပြောနဲ့  လူငယ်လေးကို ရေထဲ ဆွဲနစ်လိုက်ပါတော့တယ်။ လူငယ်လေးက ခွန်အားရှိသလောက် ရုန်းကန်ပေမယ့် သူ့ ထက် အားပိုသန်တဲ့ ဆိုခရေးတီးကို နိုင်အောင် မတွန်းနိုင်ခဲ့ပါဘူး။ ဆိုခရေးတီးဟာ လူငယ်လေးကို ရေအောက်မှာ တအောင့်လောက် နစ်ထားပြီး၊ အသက်ရှုကြပ်ကာ ပြာနှမ်းတော့မတတ်ဖြစ်တဲ့ အချိန်ကျမှ အပေါ်ကို ပြန်ပြီးဆွဲတင်လိုက်ပါတယ်။ 

ရေပေါ်ကို ရောက်ရောက်ချင်း လေကို အငမ်းမရရှူနေတဲ့ လူငယ်လေးကို ဆိုခရေးတီးက “မင်းရေနစ်နေတဲ့ အချိန်မှာ အလိုချင်ဆုံးက ဘာလဲကွ” လို့  မေးလိုက်တဲ့အခါ လူငယ်လေးက “လေပါခင်ဗျ” လို့  ပြန်ဖြေလိုက်ပါတယ်။ ဒီတော့မှ ဆိုခရေးတီးက “အေး အဲဒါ အောင်မြင်ခြင်းရဲ့ လျှို့ ဝှက်ချက်ပဲ၊ မင်းရေအောက်မှာ ရှိနေတုန်းက လေ ကို လိုချင်သလိုမျိုး၊ အောင်မြင်မှု ကို လိုချင်တဲ့  ဆန္ဒ  ပြင်းပြင်းပြပြ ရှိလာတဲ့ အခါ မင်းအောင်မြင် လာလိမ့်မယ်၊ တခြား ဘာလျှို့ ဝှက်ချက်မှ မရှိဘူး” လို့  ပြန်ဖြေလိုက်ပါသတဲ့။ 

အင်း...ကျွန်မကတော့ မြစ်ချောင်းတွေ မရှိတဲ့ တောင်ပေါ်ဒေသမှာ ကြီးပြင်းခဲ့သူဆိုတော့၊ ရေထဲ ဆင်းခွင့်မရခဲ့လို့  ရေအောက်မှာ လေ ကို ဘယ်လောက် လိုချင်စိတ်ပြင်းပြနိုင်သလဲ ဆိုတာ စမ်းသပ်ခွင့် မရခဲ့ပါဘူး။ ဒါကြောင့် မို့ ထင်ပါရဲ့ ....အခုထက်ထိ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေတုန်း။


Tuesday, February 14, 2012

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး' ( ရေးသူ-ဒေါ်အောင်ဆန်းစုကြည်)

(Rozonerking  facebook မှ ပြန်လည်ကူးယူဝေငှခြင်းဖြစ်ပါသည်) 
13 February 2012
' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး'

 ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့် ” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေအထောက်အထားများကို ကျမ စတင် စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲ ခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်း ရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။