Tuesday, January 17, 2012

ပြည်သူတိုင်း မဲပေးဖို့  တာဝန်ရှိတယ်ဆိုတဲ့ ဒေါ်အောင်ဆန်ုးစုကြည် ရဲ့ မိန့် ခွန်း ဗီဒီယို

 
မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဆိုင်းဘုတ်တင်ပွဲအခမ်အနားမှာ  ဒေါ်အောင်ဆန်းစုကြည်က  ပြည်သူလူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်း ဗီဒီယိုပါ။ Burma VJ အဖွဲ့ သားများကို ကျေးဇူးတင်ပါတယ်။

လွှတ်တော်ထဲမှာ နေရာ ၄၀ ပဲလွတ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က နေရာ ၄၀ စလုံးကို နိုင်ရင်တောင် ဘာတွေများ လုပ်နိုင်ပါ့ မလဲ လို့ မေးနေသူများအတွက် ..ဒေါ်အောင်ဆန်ုးစုကြည်က ..

‘တကယ်စိတ်ဆနွရှိရင် လူတစ်ယောက်တည်းနဲ့ တောင်မှ တစ်တိုင်းပြည်လုံးကို လှုပ်ရှားစေနိုင်တယ် ‘ လို့ ပြောကြားသွားသလို ...ပြည်သူတွေရဲ့  အနာဂတ်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်ထဲမှာ မရှိဘူး၊
လွှတ်တော်ကိုယ်စားလှယ်များရဲ့  အနာဂတ်သာလျှင် ပြည်သူ့ လက်ထဲမှာ ရှိတယ်လို့ လဲ ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေဆီက မဲကို လိုနေတဲ့ အချိန်ဖြစ်ပေမယ့် တဘက်စောင်းနင်းမပြောပဲ အမှန်တရားအတိုင်း ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းကို နားထောင်ရင်း ..ကျွန်မတို့ အမြဲမြင်တွေ့ နေကြ  "တပ်မတော်သာအမိ၊ တပ်မတော်သာအဖ"  ဆိုတဲ့ ဆိုင်းဘုတ် တွေကို သွားသတိရမိပါတယ်။ အမြင်ခြင်းကွာခြားပါပေ့ လို့ လဲတွေးလိုက်မိတယ်။


'ဒီမိုကရေစီစနစ်မှာ ပြည်သူတွေက အားလုံးကို သိပိုင်ခွင့်ရှိတယ်။ မေးခွန်းတွေမေးတဲ့ အကျင့်ကို လုပ်ပါ'
.....လို့  ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းထဲမှာ ပြောသွားပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အားလုံးဝန်းရံကြပါစို့ ။ ပြည်သူတွေရဲ့  အကျိုးအတွက် လွှတ်တော်ထဲမှာ ပြောဆိုဆောင်ရွက်ပေးမယ့် ဒေါ်စုနဲ့  အဖွဲ့ သားတွေကို မဲပေးကြပါစို့ ။ 


No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။