Monday, March 26, 2012

သာစေ..မာစေ..တို့ မြန်ပြည် (ရေး - ဆုမွန်)






ငါတို့ပြည်
ငါတို့မြေ
ငါတို့ရေကို
တိုင်းတစ်ပါးလက်ကပြန်ဆွဲယူ
ငါတို့အလံပြန်စိုက်နိုင်ခဲ့တဲ့ ၁၉၄၈
သမိုင်းမှာတော့ လွတ်လပ်သောနိုင်ငံတဲ့ 

Sunday, March 25, 2012

မဟောသဓာ မရှိရင် အခက် (ဆရာတင်မိုး)

ဆရာတင်မိုး လက်နဲ့ ရေးထားပေးခဲ့တဲ့ ကဗျာ လေးတစ်ပုဒ် ပါ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ နဲ့  ကိုက်ညီလွန်းလို့  ပြန်လည် ဝေငှလိုက်ပါတယ်။


သေမင်း နှင့် ကျွန်မမိတ်ဆွေ နှစ်ဦးအကြောင်း


ဒီရက်ပိုင်း ကျွန်မရဲ့ အတွေးတွေ ကို စိုးမိုးနေတာက “သေခြင်းတရား” ဖြစ်သည်။ လူတွေ သေဆုံးနေကြသည် ကို နာရေးကြော်ငြာတွေထဲမှာဖြစ်ဖြစ်၊ တီဗီဖန်သားပြင်ပေါ်မှာ ဖြစ်ဖြစ် နေ့ စဉ် နဲ့  အမျှ မြင်တွေ့ ၊ ကြားသိနေရသည်မို့ ကျွန်မတို့  အားလုံး သေခြင်းတရား နှင့် မစိမ်းကြ။ သို့ သော် အဆိုပါ သေခြင်းတရားက ကျွန်မ၏ မိတ်ဆွေ နှစ်ဦး(Susan နှင့် Ting) နှင့် ပတ်သက်လာသောအခါ ကျွန်မ အတွေးပိုမိသည်။ တိတိကျကျဆိုရသော် သေခြင်းတရား၏ လှည့်စားတတ်သည့် သဘောသဘာဝ ကို တွေးနေမိခြင်းပင်ဖြစ်သည်။   

Photo: internet
Susan သည် အသည်းရောဂါ ကို ခံစားနေရသည့် အသက် ၃၀ အရွယ် ဝေဒနာရှင်တစ်ဦးဖြစ်သည်။ ကျွန်မ လက်တွေ့  ဆင်းနေသည့် ဆေးရုံမှာ မကြာခန ကုသမှု ခံယူနေခြင်းကြောင့် ကျွန်မတို့  နှစ်ယောက် မကြခန စကားပြောဖြစ်သည်။ Susan တစ်ယောက် အသည်း အစားထိုးကုသခံယူ ဖို့  စာရင်းသွင်းထားသော်လည်း၊ အမေရိကန် ပြည်ထောင်စုမှာ အသည်းအစားထိုး ကုသခံရဖို့  စောင့်ဆိုင်း နေသူပေါင်း ၁၇၀၀၀ ကျော် ရှိနေပြီး၊ လိုအပ်နေသော အသည်း၏ အမျိုးအစားနဲ့  တူရန်၊ သွေး အမျိုးအစားတူရန် စသဖြင့် လိုအပ်ချက်တွေ က များလွန်းသဖြင့် အစားထိုးကုသခွင့် မရလိုက်ပဲ သေဆုံးသွားသည့် လူနာများလည်း ရှိကြသည်။ ဒါကြောင့် Susan တစ်ယောက် သူ့  ကိုယ်သူ “သေလူ” ဟု  သဘောထားခဲ့ သည်။ ၀မ်းနည်း အားငယ်ခြင်း၊ နာကျင်ခြင်း၊ မယုံကြည်နိုင်ခြင်း စသည့် စိတ်ခံစားမှု အဆင့်ဆင့် ကို အချိန်ကာလ တစ်ခု အထိ ဖြတ်သန်းအပြီးမှာ Susan

Saturday, March 10, 2012

နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု မြန်မာနိုင်ငံက မဇင်မာအောင် ရရှိ

၂၀၁၂ နိုင်ငံ တကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် အတွက် ဆုချီးမြှင့်ခံရတဲ့ အမျိုးသမီး၁၀ဦးမှာ  မြန်မာနိုင်ငံက ၈၈မျိုးဆက်ကျောင်းသူ/နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင် လဲ ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးများနေ့ ဖြစ်တဲ့ မတ်လ(၈)ရက်နေ့ မှာ အဆိုပါ ဆုပေးပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မှာ ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့  အမေရိကန် သမ္မတကတော် Michelle Obama တို့  တက်ရောက်ခဲ့ ကြပါတယ်။

ဆုပေးပွဲစင်မြင့်မှာ ဆော်ဒီအာရေဗျ၊ လစ်ဗျား၊ အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ကိုလံဘီယာ၊ မဲလ်ဒါးဗစ်၊ ပါကစ္စတန်နဲ့ တူရကီနိုင်ငံ စတဲ့ နိုင်ငံတွေ က အမျိုးသမီးတွေနဲ့  အတူ မြန်မာအမျိုးသမီးတစ်ဦး ကို ယှဉ်တွဲ မြင်တွေ့ ရတာ အင်မတန်မှ ဂုဏ်ယူစရာကောင်းလှပါတယ်။


အဆိုပါဆု ကို ၂၀၀၇ ခုနှစ် မှာ စတင်ချီးမြှင့်ခဲ့ပြီး၊ အခုအချိန်အထိ နိုင်ငံပေါင်း ၃၄ နိုင်ငံက အမျိုးသမီးပေါင်း ၄၆ ဦးကို ဆုချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဆုရရှိသူ အမျိုးသမီးများဟာ အမေရိကန် နိုင်ငံအတွင်းရှိ မြို့ ကြီး ၁၀ မြို့  ကို သွားရောက် လည်ပတ်လေ့လာခွင့် ရမှာဖြစ်ပြီး၊ နိုင်ငံတကာ ခေါင်းဆောင်မှု အစီအစဉ်၊ အမေရိကန်မှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ ဆုံမှု အစီအစဉ်များမှာ ပါဝင်သွားကြမယ်လို့ သိရပါတယ်။

Saturday, March 3, 2012

ပုတီးသွယ် (တင်မိုး)






"ပုတီးသွယ်" 

ရှုမ၀နိုင်ဘု
စု အလှ နှမငယ်။


ဘယ်ဂုဏ်ကြောင့် လှပါလိမ့်
စွယ်စုံရ တို့ ခေါင်းဆောင်
အလင်းရောင် လမ်းညွန်ပြ
လောက လူဝယ်။


ပညာက ကြွယ်ကြွယ်
ကြယ်ပါပေ့ စိတ်ထား။


အောင်ဆန်းဆို ဗိုလ်ချုပ်ရဲ့
ရင်အုပ်မကွာ ချစ်သမီး
လူထုရဲ့ ချစ်မငြီး
ပုတီးသွယ်ပါတကား။




တင်မိုး


ဇွန်(၁၂) ၂၀၀၅ အမေရိကန်ဖလော်ဒီဒါ၊ရေကြည်အိုင်အရပ် 



(source: ရင်ခွင်သစ်၏ facebook)

အမေစု ကို လန်းဆန်းစေတဲ့ ပြည်သူလူထု

တနေ့ က G-talk မှာ မြန်မာပြည်က သူငယ်ချင်ားတ်ပုံသတင်းထောက် တစ်ယောက်နဲ့  ကျွန်မ စကားပြောဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တလျောက် အနီးကပ် လိုက်ပါပြီး သတင်းဓာတ်ပုံ တွေ ရိုက်ကူးရသူမို့ ၊ သွားလေရာ နေရာတိုင်း ထောင်သောင်းချီတဲ့ လူအုပ်ကြီးတွေနဲ့  တိုးဝှေ့  သွားရတာ အင်မတန်မှ ပင်ပန်းတဲ့ အကြောင်း၊ သွားတဲ့ နေရာဒေသ ကို လိုက်ပြီး ရာသီဥတု က ပူလိုက်၊ အေးလိုက် ပြောင်းနေတော့ နေသိပ်မကောင်းတဲ့ အကြောင်း ပြောပြပါတယ်။ 

 “ကျွန်တော် တောင် နံဘေးကလိုက်ပြီး ဒီလောက်ပင်ပန်းရင်၊ အသက်အရွယ်ကြီး နေတဲ့ အမေစု ဆို ပိုပြီး ပင်ပန်းတာပေါ့ ၊ အမေ က တစ်ယောက်တည်း နားနေတဲ့ အချိန်မှာ ပင်ပန်းနွမ်းနယ်တဲ့ ပုံ ပေါက်နေပေမယ့်၊ သူ့ ကို အားပေးထောက်ခံနေတဲ့ လူအုပ်ကြီးရှေ့ ရောက်သွားရင် အလိုလို ပြုံးပျော်ပြီး လန်းလန်း ဆန်းဆန်းဖြစ်သွားတယ်” လို့  သူငယ်ချင်းက ပြောပြပါတယ်။ 


ကျွန်မမြင်ယောင်မိပါတယ်၊ ကုန်းတစ်တန်၊ လေကြောင်းတစ်တန် နဲ့  ခရီးဝေးကို သွား၊ ခရီးရောက်မဆိုက် ထောင်ပေါင်းများစွာသော ပြည်သူတွေ ကို နှုတ်ဆက်ရ၊ မိန့် ခွန်းပြောရ၊ ရောက်လေရာ နေရာတိုင်းမှာ အခက်အခဲတွေကို တိုင်တည်ရင်ဖွင့်ကြသူတွေ၊ အကူအညီတောင်းခံသူတွေ ရဲ့ အခက်အခဲတွေ ကို ကြားနာရ၊ ညစာစားပွဲတွေမှာ အယူအဆအမျိုးမျိုးနဲ့  လူတွေ ပြောဆိုတိုင်ပင်ကြတာကို နားထောင်ရ နဲ့  အမေ ပင်ပန်းနေမှာပဲ လို့ ...


ပင်ပန်းတဲ့ ဒဏ်တွေကြောင့် ထင်ပါရဲ့  မနွလေးမှာ ၁၀မိနစ်လောက် တရားဟောပြီး အမေစု နေမကောင်းတဲ့ အတွက် ခနတာ ပြန်အနားယူရတဲ့ အကြောင်း၊ အနားယူပြီးမှ မိန့် ခွန်းကို ဆက်လက်ပြောကြားနိုင်ခဲ့တယ်လို့  သိရပါတယ်။ သူ့ ကျန်းမာရေး ထက် ပြည်သူ့ အရေးကို အလေးထားတဲ့ အမေစု ပါ။ 

တနေ့ တာ အချိန်တွေ ကို ပြည်သူလူထု အတွက် ပဲ အကျိုးရှိရှိ အသုံးချနေတဲ့ အမေစု၊ အခက်အခဲ အတားဆီးအမျိုးမျိုးကို ကျော်ဖြတ်ရင်း ပြင်းပြတဲ့ ယုံကြည်ချက်တွေနဲ့  အသက်ကို ပာနမထားပဲ၊ ပြတ်ပြတ်သားသား ရှေ့ ကို ပဲ ဆက်လှမ်းနေတဲ့ အမေစု ကို လေးစားစွာဂါရ၀ပြုပါတယ်။
 

မြေပြန့် က နေပူဒဏ်
တောင်ပေါ်က အအေးဒ် ကို အံတု
ခရီးကြမ်းလို့  ပင်ပန်းတာတွေ ကို သူ မမှု ……  

မြန်မာပြည်အနှံ့ က နွမ်းနယ်နေတဲ့ လူထု အတွက်     
   အားမာန်တွေ ဆောင်ကျဉ်း၊ မျှော်လင့်ချက် အလင်းတန်းတွေ ဖြန့် ကျက်ဖို့   
                         လာပြီ..လာပြီ..နော် အမေစု။  
                                       ညီစေ..ညီစေ.နော် လူထု။ 
              
                                                                     မစုဥာဏ်
****************************************************************************
အောက်မှာ ဖော်ပြထားတဲ့ ပုံများက Facebook နှင့်  အင်တာနက် များမှ  ဒေါ်အောင်ဆန်းစုကြည်ရဲ့  စည်းရုံးရေးခရီးစဉ်များ အကြောင်း မှတ်တမ်းတင်ာတ်ပုံ များကို စုစည်းတင်ပြခြင်းဖြစ်ပါတယ်။ မြန်မာ့သမိုင်း အတွက် အရေးကြီးလှတဲ့ အခါသမယ မှာ သမိုင်းဝင် မှတ်တမ်းများ ရိုက်ကူးပေးတဲ့ မူရင်ားတ်ပုံဆရာများ အားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 

မနျလေးအောင်ပင်လယ်မှ လူပင်လယ်ကြီး