photo: internet |
အပြန်ခရီးမှာ သူဌေးကြီးက ”ငါ့ သားဒီခရီးက ဘယ်လိုနေသလဲကွ” လို့  မေးလိုက်တဲ့အခါ သားငယ်က
“အရမ်းကို တန်ဖိုးရှိတဲ့ ခရီးပဲဖေဖေ” လို့  ပြန်ဖြေပါတယ်။
သူဌေးကြီးက အားတက်သွားပြီး ”လောကမှာ မတူညီမှုတွေရှိကြတယ်။လူတွေဘယ်လောက် ဆင်းဆင်းရဲရဲနေကြရသလဲဆိုတာ ငါ့သားသတိထားမိရဲ့ လား” လို့  မေးလိုက်ပါတယ်။
သားငယ်ရဲ့  အဖြေစကားကြောင့် သူဌေးကြီး စကားတောင် ပြန်မပြောနိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။
“ဟာ..သိပ်သတိထားမိတာပေါ့ ဖေဖေ..ဥပမာ..ကျွန်တော်တို့  မှာ ခွေးတစ်ကောင်တည်းရှိပြီး၊ လယ်သမားတွေ မှာ ခွေးတွေ လေးကောင်တောင်ရှိတယ်၊ ကျွန်တော်တို့ မှာ ဘောင်တွေ တပ်ထားတဲ့ ရေကူးကန်ပဲရှိပြီး သူတို့ ဆီမှာ အဆုံးမရှိတဲ့ ကန်ကြီးတွေရှိတယ်၊ ကျွန်တော်တို့  ခြံထဲမှာ မီးအိမ်တွေပဲရှိပြီး သူတို့ ဆီမှာကြတော့ ကောင်းကင်က မရေမတွက်နိုင်တဲ့ ကြယ်တွေ အများကြီးရှိတယ်၊ ကျွန်တော်တို့ မှာ နေစရာ ခြံဝင်းသေးသေးပဲရှိပြီး သူတို့ မှာ ခြံဝင်းမခပ်ထားတဲ့ မြေနေရာတွေ မျက်စိတဆုံးရှိတယ်၊ ကျွန်တော်တို့ က အစားအစာတွေ ကို ၀ယ်ယူရပြီး၊ သူတို့ က ကိုယ့်ဘာသာ စိုက်ယူကြတယ်၊ ကျွန်တော်တို့ ရဲ့  ပိုင်ဆိုင်မှုတွေ ကို ကာကွယ်ဖို့  နံရံတွေ အုတ်တံတိုင်းတွေ ပဲရှိပြီး၊ သူတို့ ကို ကာကွယ်ဖို့ သူငယ်ချင်းမိတ်ဆွေတွေ ရှိကြတယ် ..သားတို့  ဘယ်လောက်ဆင်းရဲတယ်ဆိုတာ သိရအောင်ပြလိုက်တဲ့ ဒီခရီးအတွက်ဖေဖေ့ ကို ကျေးဇူးတင်ပါတယ်” တဲ့။
မစုညဏ် (ဘာသာပြန်)
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။