Saturday, December 31, 2011

သံတိုင် နောက်ကွယ်က သူရဲကောင်း မေမေ

(လာမယ့်ဇန်န၀ါရီလ (၄)ရက်နေ့ မှာ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ်ပေးမယ်ဆိုတဲ့ သတင်းတွေ  ကြားနေရပေမယ့် ဘယ်သူတွေ ပါမယ်၊ ဘယ်နှစ်ယောက် လွတ်ပေးမယ်ဆိုတာ မသိရသေးပါဘူး။ သံတိုင်ခြားနေတဲ့ အမေနဲ့ သားသမီးများအတွက် ရည်စူးပြီး ဒီဆောင်းပါး ကို တဖန်ပြန် တင်ပေးလိုက်ပါတယ်။) 
                              မစုဥာ်
***********************************************************************
အခုနှစ် အစောပိုင်း ဂျပန်နိုင်ငံမှာ မြေငလျင်လှုပ်တုန်းက သတင်းတပုဒ်မှာ၊ သုံးလသား အရွယ် ကလေးငယ်တစ်ဦးကို သူ့ အမေက အသက်ပေးကယ်တင်သွားတဲ့အကြောင်း ဖတ်လိုက်ရတော့ ကျွန်မ စိတ်ထဲတော်တော် တုန်လှုပ်မိပါတယ်။ ဂျပန်အမျိုးသမီးဟာ သုံးလသားအရွယ်ကလေးငယ် ရဲ့ အပေါ်မှာ အုပ်မိုးပြီး၊ အပေါ်က ပြိုကျလာနေတဲ့ အုတ်ခဲ အပိုင်း အစတွေကို သူ့ ကိုယ်နဲ့  ကာကွယ်ပေးပြီး အသက်အသေခံသွားခဲ့ပါတယ်။ ကိုယ့်သားသမီးအတွက် အသက်ကို စွန့်  လွတ်ဖို့  တောင် ၀န်မလေး တဲ့ မိခင်မေတာက အနှိုင်းအဆမဲ့ကြီးမြတ်လှပါတယ်။ တချိန်တည်းမှာ ပဲ အများ အကျိုး သယ်ပိုးနေရတဲ့ အတွက် ကိုယ့်သားသမီးကို လျစ်လျူရှုထားရတဲ့  အမေတွေ၇ဲ့  ၇င်ထဲမှာ ဘယ်လိုရှိမလဲလို့  ကျွန် မ တွေးမိတယ်။ ဥပမာ ထောင် ၆၅ နှစ်အချခံထားရတဲ့  ၈၈ကျောင်းသူ မနီလာသိန်းလို လသားအရွယ် သမီးငယ်ကို ကျောခိုင်းပြီး အများအကျိုး အတွက် ဆောင်ရွက်ခဲ့တဲ့ အဖြစ်မျိုးမှာ သမီးကို ထွေးပွေးယုယခွင့် မရတဲ့ အမေတစ်ယောက်အနေနဲ့  ဘယ်လောက်များ ပင်ပန်း ဆင်း၇ဲလိုက်မလဲ။

“ကျွန်မသမီးကို ကျွန်မအရမ်းချစ်ပါတယ်၊ တချိန်ချိန်မှာ ကျွန်မအပေါ်ကို သမီး နားလည် လာလိမ့်မယ် လို့  မျော်လင့်ပါတယ်” လို့  သူမအဖမ်းမခံရခင် ရာဝတီ သတင်းဌာနနဲ့  အင်တာဗျူးတစ်ခုမှာ မနီလာသိန်းက ပြောသွား ခဲ့ပါတယ်။ 
Nilar Thein, an activist/political prisoner from Burma who is currently serving her 65 years of sentence in Thayet prison, she left her five months old daughter and fought for her country. 

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတဖျော်ဖြေပွဲ ဗီဒီယို

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး ကျင်းပတဲ့ "ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေရေးပွဲတော်" ကို မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗီရှင်းစင်တာမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲဟာ မြန်မာနိုင်ငံရဲ့  အကြီးမားဆုံး ဂီတဖျော်ဖြေပွဲ တစ်ခုဖြစ်ပြီး၊ အမေဒေါ်အောင်ဆန်းစုကြည် က သူ့ ဘ၀မှာ ဒီလိုပွဲမျိုး မကြည့်ရတာ နှစ်ပေါင်း ၄၀ကျော်ခဲ့ပေမယ့် စောင့်ရကျိုးနပ်တဲ့ပွဲလို့  ချီးကျူးပြောကြားသွားခဲ့ပါတယ်။ အခုလို ပွဲမျိုးတွေ များစွာ ပေါ်ပေါက်လာနိုင်ပါစေလို့ ....

မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထုတ်လွင့်သည် Burma VJ အဖွဲ့ အား ကျေးဇူးတင်ပါသည်။

ဗီဒီယိုကြည့်ရန်း ပည်ထောင်စုတိုင်းရင်းသားများပညာရေး အတွက် ဂီတဖျော်ဖြေပွဲ 




Happy New Year 2012


ကျွန်မရဲ့ blog ကို ၀င်ရောက် ကြည့်ရှုသူ အားလုံး၊ ဝေဖန် အကြံပေးစာများ ပေးပို့ သူအားလုံး ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ 
         အားလုံးအတွက်...
                     ငြိမ်းချမ်းပျော်ရွင်သော နှစ်သစ်ဖြစ်ပါစေ လို့  ဆုမွန်တောင်းလိုက်ပါတယ်။  
                                                                               
                                                                                              မစုဥာ် 

 











နှစ်သစ်မှာ ......
          ကိုယ့်ရဲ့ အားနည်းမှု၊ ချို့ ယွင်းမှု တွေကို အမြဲတမ်းအောင်နိုင်တဲ့သူဖြစ်ပါစေ။
               ဘေးပတ်ဝန်းကျင်က လူတွေနဲ့  ငြိမ်းချမ်းတဲ့ ဆက်ဆံရေးရှိပါစေ။
                  ယခင်နှစ်တွေထက် ပိုပြီး ထူးချွန်တဲ့ သူ
                     အများအကျိုးသယ်ပိုးနိုင်သူဖြစ်ကြပါစေ။ 
                              (Benjamin Franklin  ၏ မိန့် ခွန်းမှ )

Thursday, December 29, 2011

မီးလျှံကြားမှ စွန့် လွတ်၊စွန့် စားရဲသူများ

Photo: 7 day news

လူတွေ ဟာ မိမိကိုယ်ကို အချစ်ဆုံးလို့ ဆိုကြပါတယ်။ “ကမ္ဘာမီးလောင် သားတောင်ချနင်း” ဆိုတဲ့ စကားပုံ ကို ကြည့်ခြင်းအားဖြင့် လည်း အဲဒီဆိုရိုးက မှန်တယ်လို့ ကျွန်မထင်ခဲ့ပါတယ်။ အဖွဲ့ လိုက်ာတ်ပုံကို ရိုက်ကြလို့ာတ်ပုံ ကို ပြန်ကြည့်ကြတဲ့ အခါ၊ လူတွေ အများကြီးထဲက ကိုယ့်ပုံကို အရင်ဦးဆုံး ရှာကြည့်မိတဲ့ အသေးဖွဲ အပြုမူကြောင့်၊ လူတွေဟာ မသိစိတ်ထဲကနေ မိမိကိုယ်ကို အချစ်ဆုံးပဲ ဆိုတာ ကျွန်မထောက်ခံခဲ့ပါတယ်။ ဒါပေမယ့်..ဒီကနေ့  မင်္ဂလာတောင်ညွန့် က မီးလောင်မှု မှာ အသက်ပေးသွားတဲ့ မီးသတ်ရဲဘော်တွေ ကြောင့် ကျွန်မ ခေါင်းထဲ အတွေးတွေ အများကြီး ၀င်လာခဲ့ပါတယ်။

Wednesday, December 28, 2011

မိုက်ကယ်အဲရစ်၏ လူသိနည်းသော စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း

Michael Aris, Aung San Suu Kyi and their first son Alexander, in 1973 Photo: ARIS FAMILY COLLECTION/GETTY IMAGES

(၀န်ခံချက်၊ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်အကြောင်း ကို ကျွန်မဖတ်ဖူးသော အင်တာနက် စာမျက်နှာများမှ အချက်အလက်များအား ကိုးကားပြီး မိုက်ကယ်အဲရစ်နေရာမှ ၀င်ရောက်ခံစားကာ မိမိဘာသာ ရေးသားထားခြင်းဖြစ်ပါသည်။ တစုံတရာ အမှားအယွင်းရှိခဲ့ပါက စာရေးသူရဲ့ တာဝန်သာဖြစ်ပါကြောင်း။) 
 *************************************************************************
အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က တောင်တန်းတွေ ကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ကိုယ်တို့  နှစ်ယောက် အပူအပင် ကင်းကင်းနဲ့  အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။