Tuesday, January 31, 2012

အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိလာတဲ့ ကိုဇာဂနာ

အမေရိကန်ပြည်ထောင်စု ကို ထွက်ခွာလာခဲ့တဲ့ ကိုဇာဂနာ တစ်ယောက် ၀ါရှင်တန် ဒီစီမြို့ နားက ဒါးလာစ် လေဆိပ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့ မှာ ချောချောမောမော ရောက်ရှိလာခဲ့ပါပြီ။

လေဆိပ်မှာ ကိုဇာဂနာကို အာအက်ဖ်အေ သတင်းဌာနက သွားရောက်တွေ့ ဆုံပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။ မြန်မာပြည်တွင်း က လက်ရှိ အခြေအနေနဲ့  ပတ်သက်ပြီး မေးမြန်းရာမှာ ကိုဇာဂနာက ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ ဖြေကြားသွားခဲ့ပါတယ်။

ကိုဇာဂနာဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့ မှာ၊ ၀ါရှင်တန် ဒီစီမှာ ကျင်းပမယ့် National Endowment for Democracy လို့ခေါ်တဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေးကို ထောက်ပံ့ နေတဲ့အဖွဲ့က ကြီးမှူးကျင်းပတဲ့ မြန်မာ့အရေး ဟောပြောပွဲမှာ NLD က ဒေါ်ခင်သန်းမြင့်၊ NDF ပါတီက ဒေါ်ဘောက်ဂျာတို့ နဲ့  အတူ တက်ရောက် ဆွေးနွေးမှာ ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၄ ရက်မှာတော့ မေရီလန်း၊ ဗာဂျီနီးယားနဲ့ ဝါရှင်တန် ဒီစီပြည်နယ် ၃ ခုမှာ နေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပါမယ်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ မှာတော့ နယူးယောက်မြို့ မှာ ဟောပြောပွဲတစ်ခု နဲ့  ရုပ်ရှင်ပြပွဲကို ကျင်းပမှာဖြစ်ပြီး၊ မိသားစုရှိရာ လော့စ်အိန်ဂျလိစ်မြို့ကိုသွားဖို့လည်း စီစဉ်ထားကြောင်းသိရပါတယ်။

နယူးယောက်မှာ မြန်မာတွေ ထောင်နဲ့ ချီပြီးနေထိုင်ကြပေမယ့်၊ ကိုဇာဂနာရဲ့ ဟောပြောပွဲအတွက် ပွဲစီစဉ်သူများက လူအယောက် ၁၄၀ ခန့် သာ ဆန့် တဲ့ ရုပ်ရှင်ခန်းမငယ်တစ်ခုကို ငှားရမ်းထားတာကြောင့်၊လက်မှတ်များ တစ်ရက်တည်းနဲ့  ရောင်းကုန်သွားခဲ့ပြီး၊ ပွဲကို ကြည့်ချင်ပေမယ့် လက်မှတ်မရတော့တဲ့ မြန်မာများ စိတ်ညစ်နေကြကြောင်းကြားသိရပါတယ်။

photo: RFA

ကိုဇာဂနာနဲ့  အာအက်(ဖ) အေ အင်တာဗျူးကြည့်ရန် ဒီနေရာကို နှိပ်ပါ

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။