Saturday, March 3, 2012

ပုတီးသွယ် (တင်မိုး)






"ပုတီးသွယ်" 

ရှုမ၀နိုင်ဘု
စု အလှ နှမငယ်။


ဘယ်ဂုဏ်ကြောင့် လှပါလိမ့်
စွယ်စုံရ တို့ ခေါင်းဆောင်
အလင်းရောင် လမ်းညွန်ပြ
လောက လူဝယ်။


ပညာက ကြွယ်ကြွယ်
ကြယ်ပါပေ့ စိတ်ထား။


အောင်ဆန်းဆို ဗိုလ်ချုပ်ရဲ့
ရင်အုပ်မကွာ ချစ်သမီး
လူထုရဲ့ ချစ်မငြီး
ပုတီးသွယ်ပါတကား။




တင်မိုး


ဇွန်(၁၂) ၂၀၀၅ အမေရိကန်ဖလော်ဒီဒါ၊ရေကြည်အိုင်အရပ် 



(source: ရင်ခွင်သစ်၏ facebook)

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။