ငါတို့ပြည်
ငါတို့မြေ
ငါတို့ရေကို
တိုင်းတစ်ပါးလက်ကပြန်ဆွဲယူ
ငါတို့အလံပြန်စိုက်နိုင်ခဲ့တဲ့ ၁၉၄၈
ငါတို့လူမျိုး
ငါတို့အကျိုးအတွက်တဲ့
တိုင်းပြည်အုပ်ချုပ်
မင်းလုပ်ခဲ့ကြတဲ့
အာဏာရူးတို့ကတော့
သန်းခြောက်ဆယ်ကိုလျစ်လျူရှု
ပေါက်ဖော်ကြီးလက်ထဲထည့်
တိုင်းပြည်ကိုထုဆစ်ခဲ့ကြတာ
အရိုးတောင် ခပ်နဲ့နဲ့ပဲကျန်တော့တယ်။
မှိန်ဝါးဝါးရှေ့ကလမ်း
မှန်းစမ်းပြီးတော့ လျှောက်ကြည့်ရမှာပဲ
ပေးဆပ်ခဲ့ကြတဲ့
ဒီမိုကရေစီပျိုးပင်
ရေအရင်းအမြစ်သန်လို့
လန်းလန်းဝင့်ဝင့် ရှင်သန်နိုင်ပါစေ။
သည်အပင်လေးရှင်သန်ဖို့အရေး
အတိတ်က တိုက်ပွဲဝင်ခဲ့ကြသော
ကမ္ဘာမကြေ မြန်မာပြေ
တိုင်းရင်းသားတွေညီညွတ်ကြပါစေ။
ဒီမြေမှာပေါက် ဒီရေကိုသောက်ကြရတာချင်းတူရင်
ရရှိအခွင့်အရေးများလည်း ညီကြပါစေ။
မတူကွဲပြား ဘာသာများအကြားလည်း
စမ်းရေပမာ အေးချမ်းကြပါစေ။
များတူရည်မှန်း ဒီမိုကရေစီပန်းလည်း
လက်တွဲကာကူ လှမ်းကာချူမည်..
ရွှေပြည်တော်ကြီး နီးပါစေ…
ဆုမွန်
(ကဗျာရေးသားပေးပို့ သော ညီမငယ် ဆုမွန်အား ကျေးဇူးတင်ပါသည်။)
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။