Saturday, March 3, 2012

အမေစု ကို လန်းဆန်းစေတဲ့ ပြည်သူလူထု

တနေ့ က G-talk မှာ မြန်မာပြည်က သူငယ်ချင်ားတ်ပုံသတင်းထောက် တစ်ယောက်နဲ့  ကျွန်မ စကားပြောဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တလျောက် အနီးကပ် လိုက်ပါပြီး သတင်းဓာတ်ပုံ တွေ ရိုက်ကူးရသူမို့ ၊ သွားလေရာ နေရာတိုင်း ထောင်သောင်းချီတဲ့ လူအုပ်ကြီးတွေနဲ့  တိုးဝှေ့  သွားရတာ အင်မတန်မှ ပင်ပန်းတဲ့ အကြောင်း၊ သွားတဲ့ နေရာဒေသ ကို လိုက်ပြီး ရာသီဥတု က ပူလိုက်၊ အေးလိုက် ပြောင်းနေတော့ နေသိပ်မကောင်းတဲ့ အကြောင်း ပြောပြပါတယ်။ 

 “ကျွန်တော် တောင် နံဘေးကလိုက်ပြီး ဒီလောက်ပင်ပန်းရင်၊ အသက်အရွယ်ကြီး နေတဲ့ အမေစု ဆို ပိုပြီး ပင်ပန်းတာပေါ့ ၊ အမေ က တစ်ယောက်တည်း နားနေတဲ့ အချိန်မှာ ပင်ပန်းနွမ်းနယ်တဲ့ ပုံ ပေါက်နေပေမယ့်၊ သူ့ ကို အားပေးထောက်ခံနေတဲ့ လူအုပ်ကြီးရှေ့ ရောက်သွားရင် အလိုလို ပြုံးပျော်ပြီး လန်းလန်း ဆန်းဆန်းဖြစ်သွားတယ်” လို့  သူငယ်ချင်းက ပြောပြပါတယ်။ 


ကျွန်မမြင်ယောင်မိပါတယ်၊ ကုန်းတစ်တန်၊ လေကြောင်းတစ်တန် နဲ့  ခရီးဝေးကို သွား၊ ခရီးရောက်မဆိုက် ထောင်ပေါင်းများစွာသော ပြည်သူတွေ ကို နှုတ်ဆက်ရ၊ မိန့် ခွန်းပြောရ၊ ရောက်လေရာ နေရာတိုင်းမှာ အခက်အခဲတွေကို တိုင်တည်ရင်ဖွင့်ကြသူတွေ၊ အကူအညီတောင်းခံသူတွေ ရဲ့ အခက်အခဲတွေ ကို ကြားနာရ၊ ညစာစားပွဲတွေမှာ အယူအဆအမျိုးမျိုးနဲ့  လူတွေ ပြောဆိုတိုင်ပင်ကြတာကို နားထောင်ရ နဲ့  အမေ ပင်ပန်းနေမှာပဲ လို့ ...


ပင်ပန်းတဲ့ ဒဏ်တွေကြောင့် ထင်ပါရဲ့  မနွလေးမှာ ၁၀မိနစ်လောက် တရားဟောပြီး အမေစု နေမကောင်းတဲ့ အတွက် ခနတာ ပြန်အနားယူရတဲ့ အကြောင်း၊ အနားယူပြီးမှ မိန့် ခွန်းကို ဆက်လက်ပြောကြားနိုင်ခဲ့တယ်လို့  သိရပါတယ်။ သူ့ ကျန်းမာရေး ထက် ပြည်သူ့ အရေးကို အလေးထားတဲ့ အမေစု ပါ။ 

တနေ့ တာ အချိန်တွေ ကို ပြည်သူလူထု အတွက် ပဲ အကျိုးရှိရှိ အသုံးချနေတဲ့ အမေစု၊ အခက်အခဲ အတားဆီးအမျိုးမျိုးကို ကျော်ဖြတ်ရင်း ပြင်းပြတဲ့ ယုံကြည်ချက်တွေနဲ့  အသက်ကို ပာနမထားပဲ၊ ပြတ်ပြတ်သားသား ရှေ့ ကို ပဲ ဆက်လှမ်းနေတဲ့ အမေစု ကို လေးစားစွာဂါရ၀ပြုပါတယ်။
 

မြေပြန့် က နေပူဒဏ်
တောင်ပေါ်က အအေးဒ် ကို အံတု
ခရီးကြမ်းလို့  ပင်ပန်းတာတွေ ကို သူ မမှု ……  

မြန်မာပြည်အနှံ့ က နွမ်းနယ်နေတဲ့ လူထု အတွက်     
   အားမာန်တွေ ဆောင်ကျဉ်း၊ မျှော်လင့်ချက် အလင်းတန်းတွေ ဖြန့် ကျက်ဖို့   
                         လာပြီ..လာပြီ..နော် အမေစု။  
                                       ညီစေ..ညီစေ.နော် လူထု။ 
              
                                                                     မစုဥာဏ်
****************************************************************************
အောက်မှာ ဖော်ပြထားတဲ့ ပုံများက Facebook နှင့်  အင်တာနက် များမှ  ဒေါ်အောင်ဆန်းစုကြည်ရဲ့  စည်းရုံးရေးခရီးစဉ်များ အကြောင်း မှတ်တမ်းတင်ာတ်ပုံ များကို စုစည်းတင်ပြခြင်းဖြစ်ပါတယ်။ မြန်မာ့သမိုင်း အတွက် အရေးကြီးလှတဲ့ အခါသမယ မှာ သမိုင်းဝင် မှတ်တမ်းများ ရိုက်ကူးပေးတဲ့ မူရင်ားတ်ပုံဆရာများ အားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 

မနျလေးအောင်ပင်လယ်မှ လူပင်လယ်ကြီး
မန်းပြည်သူလူထု
"လူပင်လယ် မဟုတ်ပါဘူး လူသမုဒွရာကြီးပါ" လို့  တင်စား တဲ့ ရွေမန်းသား ကိုညိုကြီးရဲ့ ရိုက်ချက်ပါ။
ပထမအကြိမ် မနွလေးမှာ ဟောပြောဖို့  ခွင့်မပြုလိုက်ခြင်းကြောင့် အခုလို ပြင်ဆင်ချိန်တွေ ပိုရစေခဲ့သလို ဖြစ်သွားတယ်
ရွေမန်းသားဘိုးဘိုးများရဲ့  ယိမ်းအကပါ

တပ်မတော်သားေးတွလည်း အမေစု ကို ချစ်ခင်(ရှမ်းပြည်နယ်ခရီးစဉ်မှ) 
 မန်းသားတွေရဲ့ လူဝံကြီးအကကြောင့် ခရီးပန်းနေတဲ့ အမေစု အခုလို ရယ်ရယ်မောမော
ဘယ်လောက်ပဲ ပင်ပန်းနေပစေ၊ လူထုရှေ့ ရောက်ရင် ပြုံးပျော်လန်းဆန်းနေတဲ့ အမေစု
မနွလေးခရီးစဉ်မှာ အမေစု က..တံတားဦးလေဆိပ် ကနေ အောင်ပင်လယ် အထိ တောက်လျှောက် ကားပေါ်မှာ မတ်တပ်ရပ်ပြီး လူထု ကို လက်ပြ ကာ တုန့် ပြန်နှုတ်ဆက်ခဲ့ပါသတဲ့။တခြားခရီးစဉ် တွေ တုန်းကလည်း ခြေထောက်တွေ တောင့်ပြီး ညောင်းညာနေပေမယ့်၊ ပြည်သူလူထု ကို လေးစားအသိမှတ်ပြုတဲ့ အမေစု က အပြုံးမပျက် ခဲ့တဲ့ အကြောင်းတွေ ကြားသိရပါတယ်။ (မဆီမဆိုင် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က တိုင်းခန်းလှည့်ရင် လာရောက် ကြိုဆိုသူတွေ က လက်အုပ်ချီပြီး နှုတ်ဆက်ဖို့  အတွင်းမိန့် တွေထုတ်ပြီးခိုင်းခဲ့ဖူးတာတွေ ကို သွားသတိရမိပါတယ်။ အမေစုရဲ့  ခရီးစဉ်တွေ မှာ ပြည်သူကို ဘာအမိန့် မှ မထုတ်ထားပါဘူး၊ အားလုံး က သဘောထား အစစ်အမှန်တွေ နဲ့ လာရောက် ကြိုဆိုကြပါတယ်)

ဇရာကို အံတု၊ အမေစု ကို ဂုဏ်ပြုဖို့ ရောက်လာတဲ့ အမေအို၊ ပါးမှာ NLD အလံကပ်ပြီး လက်ထဲမှာ ပန်းအိုးလေးကိုင်လို့ 


 လွတ်လပ်မှု ရောင်ခြည်ဦးကို မြင်တွေ့ ရလို့  ပျော်မြူးနေတဲ့ အဖွားတစ်ဦး

ဘုရားသားတွေလည်း အမေ စု ကို အခုလို အားပေးထောက်ခံ
မိုးရေစိုစိုနဲ့  အမေစု ကို အခုလို စောင့်ကြိုနေကြ
အမေစုရဲ့  မနွလေးခရီးစဉ်အတွင်း ပုံကောင်းကောင်းတွေ ရဖို့  အခုလို စွန့် စွန့် စားစားရိုက်ယူပေးခဲ့တဲ့ ကိုစိုးဇေယျာထွန်း

ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်မှ အပြုံး


4 comments:

  1. ရိုက်ချက်တွေအရမ်းကောင်းပါတယ် ကျေးဇူးပါ

    ReplyDelete
    Replies
    1. မှတ်ချက်လေးထားသွားတဲ့ အတွက် ကျေးဇူးပါ။
      သမိုင်းဝင် မှတ်တမ်းများ ရိုက်ကူးပေးတဲ့ ဓာတ်ပုံဆရာများ အားလုံး ကို ကျွန်မကလဲ ကျေးဇူးတင်ပါတယ်။

      Delete
  2. ကြည့်ရတာ အရမ်း ကြည်နူးဝမ်း သာမိပါတယ်ခင်ဗျာ ... ကျေးဇူးပါ ...

    ReplyDelete
  3. အားဖြစ်စေသောပုံတွေမို့ ဝင်ဝင်ကြည့်ဖြစ်နေတယ်

    ReplyDelete

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။