Tuesday, May 22, 2012

ရိုင်းပင်းကူညီမှု ကို လက်ဆင့်ကမ်းကြသူများ


နယူးယောက်မြို့  ကို ရောက်ရှိလာတဲ့ ကိုကျော်သူနဲ့  မရွေဇီးကွက်

အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေကြတဲ့ ကိုကျော်သူ နဲ့  မရွေဇီးကွက် တို့  ဇနီးမောင်နှံ ကို ရောက်လေရာ မြို့ တွေ မှာ မြန်မာမိသားစုတွေ က  အခမ်းအနားတွေနဲ့  ၀ိုင်းဝန်းကြိုဆိုနှုတ်ဆက်ကြ ပါတယ်။

ယခင်က နယူးယောက်မှာ အခမ်းအနားတွေ ကျင်းပတဲ့ အခါ (ဥပမာ..နိုင်ငံရေးသမားတွေ ကျင်းပတဲ့ ပွဲ၊ ဘုန်းကြီးပွဲ ၊ ယူအဲန်မှ မြန်မာမိသားစုပွဲ စသဖြင့်) များသော အားဖြင့် သူ့ အဖွဲ့  နဲ့  သူ ပဲ ကျင်းပ ကြလေ့ရှိပေမယ့်၊ ကိုကျော်သူတို့  ကို ကြိုဆိုတဲ့ ပွဲမှာတော့ အသက်အရွယ်မရွေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ အဖွဲ့ အစည်းပေါင်းစုံ က မြန်မာတွေ တက်ရောက် လာကြပြီး ကိုယ့်တာဝန်နဲ့  ကိုယ်  ၀ိုင်းဝန်း ကူညီ ကြတာကို မြင်ရသလို၊ အမေရိကန်လူမျိုး တစ်ဦးက ချက်လက်မှတ် တစ်စောင် ကောက် ရေးပြီး လှူဒါန်းနေတာ    မြင်ရတော့ ကျွန်မခေါင်းထဲ အတွေးတွေ ၀င်လာတယ်။ 

အတွေး(၁) 
ရုပ်ရှင်မင်းသားဘ၀ မှ သုဘရာဇာ ဘ၀ ကို ပျော်ပျော်ကြီး ခြေစုံပစ် ၀င်ခဲ့တဲ့ ကိုကျော်သူ...
      သေသောသူ များ ကို သုသန်သို့  ကောင်းမွန်စွာပို့ ဆောင်ပေး ကာ..
            ကျန်ရစ်သူ မိသားစု ရဲ့  အပူမီးကို လျော့ချပေး နိုင် ရုံသာမက...
                      ပြည်ပရောက်မြန်မာများကို စည်းရုံးရေး မိန့် ခွန်း ပြောစရာ မလိုပဲ
                                                           စည်းလုံးခြင်း လမ်းစ ပေါ်  ဆွဲတင်ပေးနိုင်ပါလားလို့ ...
 
အတွေး(၂)

ကိုယ်တန်ဖိုး ထားတဲ့ အရာတွေ ကို စွန့် လွတ်ပြီး  အနစ်နာခံ ကြသူများဟာ၊ အဲဒီအရာတွေကို တကယ် မဆုံးရှုံးပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ အရာကို တခြားသူတွေ ဆီ ပြန် ပြီး လက်ဆင့်ကမ်းပေးလိုက်ခြင်း သာ ဖြစ်တယ်။ (အမည်မသိ အဂ်လိပ်စာဆို) 

ကိုကျော်သူတို့ ဇနီးမောင်နှံ နဲ့  နာရေးကူညီမှုအသင်းရဲ့  လက်တွေ့ ကျကျလုပ်ဆောင်မှု၊ လူအချင်းချင်း ရိုင်းပင်းကူညီမှုတွေ ဟာ မြင်ရသူ၊ ကြားသိရသူများ ကို လက်ဆင့်ကမ်း ကူးစက်စေပါတယ်။

အတွေး(၃) 
၁၀ နှစ်ကျော် ကာလ အတွင်း အတားစီး၊ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေ ကို ကြုံတွေ့ ရတိုင်း ကိုကျော်သူနဲ့  တကွ နာရေးကူညီမှု အသင်းမှ ၀န်ထမ်းများ က
"သူ့ ကို ကူညီလိုက်ရင် ငါဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်း အစား "ငါသာ မကူညီရင်၊ သူဘာဖြစ်သွားနိုင်သလဲ" ဆိုတဲ့ မေးခွန်းတွေ နဲ့  ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်တယ် လို့ ကျွန်မ ယုံကြည်တယ်။ 
ကိုကျော်သူ တို့  ဇနီးမောင်နှံနှင့် တကွ နာရေးကူညီမှုအသင်းမှ ၀န်ထမ်းများ၊ အများအကျိုးအတွက် စွန့် လွတ်အနစ်နာခံနေသူ များအားလုံး ကို လေးစားလျှက် 
                                                                  
                                                                          မစုဥာဏ်




*************************************************************************************
Photo Essay:

(ပုံ မစုဥာဏ်)
ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ) က ကြီးမှူးပြီး၊ မေလ ၂၀ ရက်နေ့ က နယူးယောက်မြို့ မှာ   ကျင်းပခဲ့တဲ့ အခမ်းအနားပါ။ 








အခမ်းအနားကို ပမထပိုင်းမှာ မြန်မာအစားအစာတွေ ရောင်းချတဲ့ ဈေးပွဲတော်၊ ဒုတိယပိုင်း မှာ ကိုကျော်သူတို နဲ့  တွေ့ ဆုံ တဲ့ အစီအစဉ် ဆိုပြီး နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး၊ ပရိသတ်ပေါင်း ၉၀၀ ကျော် ခန့်  တက်ရောက်ခဲ့ ကြပါတယ်။ စုစုပေါင်း အလှူငွေ အမေရိကန်ဒေါ်လာ နှစ်သောင်း ခြောက်ထောင် ကျော် ကို ရရှိခဲ့ ပြီး၊ အဆိုပါ အလှူငွေ ထဲ က နာရေးကူညီမှုအသင်း အတွက် ဒေါ်လာ တစ်သောင်းငါးထောင် ခုနှစ်ရာ ငါးဆယ့်ရှစ် ရရှိပြီး၊ ကျန်ငွေများကို ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြင့်ရေးအတွက် အသုံးပြုသွားမယ်လို့  သိရပါတယ်။

ကျွန်တော် ကိုကျော်သူ ရဲ့  စာဖတ်ပရိသတ် တစ်ယောက် ပါ လို့  ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည် မှ ကိုကျော်သူ့ ကို ကဗျာတစ်ပုဒ်ဖြင့် ကြိုဆို (ပုံ မစုဥာဏ်)


ဘုန်းဘုန်းများလည်း ကြွရောက်(ပုံ မစုဥာဏ်)


အသက် အရွယ်ပေါင်းစုံ ပါဝင်တဲ့ မြန်မာမိသားစုများ(ပုံ မစုဥာဏ်)
အခမ်းအနားမှူး မချောအိသိမ်း(ပုံ မစုဥာဏ်)

စင်မြင့်ပေါ်မှာ စကားပြောလေ့ မရှိလို့ ၊ ကြောက်တယ် လို့  ပြောတဲ့ မရွေဇီးကွက် တစ်ယောက် ပရီသတ်အားလုံးရဲ့  နှလုံးသား ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ (ပုံ မစုဥာဏ်)
"စင်ပေါ်မှာ စကားမပြောတတ်ဘူးလို့  ဆိုတဲ့ ကျွန်တော့ မိန်းမ က ၊ ပြောမယ့်ပြောတော့ စကားတွေ အကုန်ပြောသွားလိုက်တာ ကျွန်တော့ မှာ ပြောစရာ တောင် မကျန်တော့ဘူး" လို့  ရယ်ရယ်မောမော ဆိုတဲ့ ကိုကျော်သူ (ပုံ မစုဥာဏ်)


စားချင်စရာ ကော်ပြန့် စိမ်းပါ။ (ပုံ မစုဥာဏ်)

အစားအသောက်တွေ ကို အလုအယက် ၀ယ်ယူအားပေးကြစဉ် (ပုံ မစုဥာဏ်)


ရှမ်းရိုးရာ အစားအစာများလည်းပါဝင် (ပုံ မစုဥာဏ်)
ဖာလူဒါ ချိုချို အေးအေးလေး (ပုံ မစုဥာဏ်)
ကြက်သား၊ အမဲသား ဒံပေါက် (ပုံ မစုဥာဏ်)
ဝက်သားတုတ်ထိုး (ပုံ မစုဥာဏ်)
ဘယာကြော်သုပ် (ပုံ မစုဥာဏ်)
ယိုးဒယားသဘော်သီးထောင်း (ပုံ မစုဥာဏ်)


ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ) မှ အသင်းဝင်များကို ကိုကျော်သူ၊ မရွေဇီးကွက်တို့ နှင့် အတူ တွေ့ ရစဉ် (ပုံ- ကိုမြစိုး)

3 comments:

  1. ၀မ်းသာတယ်ဗျာ။ အခုလို ပြည်ပရောက် မြန်မာတွေ က မြန်မာ့အရေးအတွက် စုပေါင်းပြီး လှုပ်ရှားတာကို။

    ReplyDelete
  2. ကိုကျော်သူ၏ facebook မှ သတင်း-ဆောင်းပါး နှင့် မစုဥာဏ် ၏ ဘလောက်ဂ် မှ ပုံမျးကို မိမိ၏ စာမျက်နှာ
    www.sawkyawoo.com တွင် ဖေါ်ပြထားပါကြောင်း အသိပး ခွင့်ပန်အပ်ပါသည်။

    ReplyDelete
    Replies
    1. အခုလို အသိပေးဖော်ရတဲ့ အတွက် ကျွန်မ ကလည်း ပြန်ပြီး ကျေးဇူးတင်ပါတယ်။

      Delete

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။