Sunday, May 13, 2012
အမေစု အတွက်
ပိန်ပိန်ပါးပါး နဲ့ 
အားနွဲ့ တဲ့ မိန်းမသားလို့ 
ယောင်မှားပြီး လျော့မတွက်နဲ့ ။
အမှန်တရားအတွက် 
အာာရှင် ကို ဖီဆန် 
စိန်ခေါ်မှု တွေကို အံတုရဲတဲ့ သတိရှိတယ်။
အသက်ဘေးနဲ့  ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရပေမယ့် 
ပြည်သူ့ ဒုကကို လျစ်လှူ မရှု
ခိုင်မာတဲ့ မေတာ ထု ရှိတယ်။
အားငယ်စွာ ငိုကြွေးနေသူတွေ ကို  
နှူးညံ့တဲ့ လက်တွေနဲ့  ထွေးဖက်
ကြင်နာစွာ မျှဝေတတ်တဲ့ နှလုံးသား ရှိတယ်။
သဘောထား တင်းမာနေသူတွေ ကို  
စိတ်ရှည်ရှည် ဆွေးနွေး၊ လိုအပ်ရင် အလျော့ပေးပြီး
ဝမ်းနဲ့ မလွယ် သားမမယ် တဲ့ ပြည်သူလူထု အတွက်
ရင်လွယ်သားတွေ ကို ခွဲထွက်ရဲ တဲ့ ပေးဆပ်မှု တွေ ရှိတယ်။
မိခင်ရင်း နဲ့ မခြား မေတာထားနိုင်လို့  ပြည်သူတွေ ကလည်း
အမေ စု လို့  ချစ်စနိုး ခေါ်ကြတယ်။ 
အမေစု ပြုံးရင် ပျော်ကြတယ်။ 
အမေစု နှင့် တကွ အမေ များ အားလုံး...ပျော်စရာ အမေနေ့  ဖြစ်ပါစေ လို့ ...... 
                                                   မစုဥာဏ်
(၂၀၁၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့ တွင် ကျရောက်သော အမေနေ့ အထိမ်းအမှတ်) 
ပုံ - facebook
photo: facebook
ပုံ- facebook
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။