Saturday, May 26, 2012

ကိုကျော်သူရဲ့  ပထမဆုံး ထွက်ပေါက်


စက်တင်ဘာ သာသနာ
 မေလ ၂၅ ရက်နေ့ ၊ နယူးယောက်မြို့ တရုတ်တန်းက Project Reach မှာ ကျင်းပခဲ့တဲ့ First Break Out (ကျော်သူရဲ့  ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံ ပန်းချီပြပွဲ)  မှ ပုံများဖြစ်ပါတယ်။  
 ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော် များကို ဆွမ်း၊ရေချမ်းကပ်ခဲ့တဲ့  ကိစ္စကြောင့် အဲဒီ အချိန် က စပြီး ယခု အမေရိကန် ကို အလည်အပါတ် ရောက်လာတဲ့ အချိန် အထိ မြန်မာအစိုးရ က ကိုကျော်သူ ရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေ အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။ ပြည်တွင်း မှာပြသခွင့်မရခဲ့တဲ့ ပန်းချီကားချပ်တွေ ဖြစ်တာမို့ ၊ မိုင်ထောင်ပေါင်း များစွာ ဝေးကွာတဲ့ 
နေရာမှာ ရှိနေတဲ့ ကိုကျော်သူ့ ပရိသတ်များ ကြည့်ခွင့် ရစေရန် ရည်ရွယ်ပါတယ်။ 

   
ကျနော့် နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေ လူထုကိုပြသခွင့်ရခြင်းဟာ ကျနော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ဆိုချင်ပါတယ် (ကျော်သူ)
လှုံ ခြုံမှု နွေးထွေးမှု
စစ်နဲ့ ငြိမ်းချမ်းရေး ($1500 ဖြင့် ရောင်းချပြီး)
Kiss Me Quick
အိုးဘားမား ($700 ဖြင့် ရောင်းချပြီး)
ကိုကျော်သူ့ လက်ရာကို ကြည့်ပြီး တွေ သွားတဲ့ ဆရာမောင်စွမ်းရည် ရဲ့ အတွေး တွေ ကို ကျွန်မ စိတ်ကူးနဲ့  ဖမ်းဆုပ်ကြည့်တဲ့ အခါ ရွေဝါရောင် ကဗျာတစ်ပုဒ် ကို ဖတ်လိုက်ရတယ်။ 
လူရှုပ်ရှုပ်၊ ကားရှုပ်ရှုပ် နဲ့  ဆူညံနေတဲ့ နယူးယောက်မြို့ လယ်က အခန်းလေးတစ်ခုမှာ မြန်မာ့ရိုးရာ ကို ဖော်ကျူးထားတဲ့ ကားချပ်တွေ ၀န်းရံထား ပြီး မြန်မာသံတွေ နားထောင်နေရတာဟာ ထူးဆန်းတဲ့ ခံစားမှု တစ်ခုပါပဲ။
အောင်စည်အောင်မောင်း ($ 800 ဖြင့် ရောင်းချပြီး)
အဆိုပါ ပန်းချီပြပွဲ ကို မေလ ၂၅ ရက်ကနေ၊ မေလ ၂ရ ရက်နေ့ အထိ ပြသထားမှာ ဖြစ်ပြီး၊ စုစုပေါင်း ပန်းချီကား ချပ် ၂၆ ချပ် ရှိတဲ့ အထဲ က ပြပွဲ ပထမရက်မှာ ကားချပ်ပေါင်း ၉ ချပ် (အမေရိကန် ဒေါ်လာ ၇၄၀၀) ရောင်းချခဲ့ပြီးဖြစ်ပါတယ်။
အင်းစိန်ထောင်ရဲ့ အခန်းကျဉ်းထဲကနေ လှမ်းမြင်ရတဲ့ မြင်ကွင်း ကို ရေးဆွဲထားတာ လို့  ကိုကျော်သူက ပြောပါတယ်။ ကားချပ်ရဲ့ အမည် ကို  လွတ်ငြိမ်းခွင့် လို့  ပေးထားပါတယ်။



ကိုကျော်သူရဲ့ ရင်ခုန်သံ ကို ပရိသတ်များက အခုလို စိတ်ဝင်တစား နားထောင်ခဲ့ကြ။
မြန်မာ့ရိုးရာ ($500 ဖြင့် ရောင်းချပြီး)
သစွာဖောက်
 ပရိသတ်တွေရဲ့ မေးခွန်းတွေ ဖြေပေးရ၊ာတ်ပုံတွဲရိုက်ရနဲ့  အလုပ်များနေတဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်သူ ကို ဂုဏ်ယူတဲ့ အပြုံးနဲ့ လိုက်ကြည့်နေတဲ့ မရွှေဇီးကွက် ကို ပြပွဲ အကြောင်း မေးကြည့်တော့...
"မြန်မာပြည်မှာ တုန်းက တော့ အိမ်မှာပဲ ပြခဲ့တာလေ။ လွတ်ငြိမ်းခွင့် ဆိုတဲ့ ပန်းချီကား ကို သံတိုင်တွေ နဲ့  လုပ်ထားတဲ့ အခန်းကျဉ်းထဲ ထည့်ပြီး ပြထားတယ်၊ သံတိုင် တံခါးကို ဆွဲဖွင့်လိုက်ရင် ထောင်ထဲ က တံခါးတွေ အသံမြည်သလို မျိုးဖြစ်အောင်လုပ်ထားတော့ အိမ်မှာ လာကြည့်တဲ့ သူတွေ ထဲ က တချို့ ဆို မျက်ရည်ကျသွားတာတွေ ရှိတယ်။ အခု ဒီမှာ လုပ်တဲ့ ပွဲ က ဘယ်သူမဆို ၀င်ကြည့်လို့ ရတယ်။ ပိုပြီး လွတ်လွတ်လပ်လပ် ရှိတယ်၊ ပရိသတ်နဲ့  ပိုပြီး ထိတွေ့ မှု ရ တာပေါ့ " လို့ ပြောပါတယ်။  (မချောအိသိမ်းရဲ့  ပြောစကားအရ ကားချပ်တွေ ကို ကိုကျော်သူ စိတ်တိုင်းကျ ခင်းကျင်းပြသဖို့  ပြင်ဆင်ရာမှာ  အချိန် အခက်အခဲ၊ ပစ္စည်းအခက်အခဲ တွေ ရှိခဲ့တယ်လို့  သိရပါတယ်။ ဥပမာ ကားချပ်တစ်ခု ပေါ်မှာ သံစူးကြိုးနဲ့  လိုက်ပြီး ပတ်ဖို့ လုပ်ရာမှာ မြန်မာပြည် ကလို သံစူးကြိုးမျိုး ရအောင် အတော်လေး ရှာယူရတယ်လို့ သိရပါတယ်) 

ကိုကျော်သူရဲ့  ပါရမီဖြည့်ဘက်
ရုပ်ရှင်မင်းသား အဖြစ်၊ ဒါရိုက်တာအဖြစ်၊ နာရေးကူညီမှု အသင်းရဲ့  ဥကဌအဖြစ်၊ ပန်းချီဆရာ အဖြစ် အလုပ်တွေ များနေတတ်တဲ့ ကိုကျော်သူ ရဲ့ ဇနီးသည် ဘ၀ ကို အမ ဘယ်လို ဖြတ်သန်းခဲ့သလို လို့  မေးတော့ မျက်လုံးဝိုင်းဝိုင်းနဲ့  အမက.....
"ကိုယ်နဲ့ လက်ထပ်တုန်းက သူ က ရုပ်ရှင်မင်းသားမဖြစ်သေးတော့ အစပိုင်းမှာ ခက်တာပေါ့ နော်(ရီမောလျှက်)။ အမက ရုပ်ရှင်သရုပ်ဆောင်အလုပ် ကို ၀ါသနာလည်းမပါဘူး။ သူလုပ်တာကို သဘောလည်း မကျပေမယ့် မကန့် ကွက်ခဲ့ပါဘူး။ ရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းကြောင့် မိသားစု အတွက် အချိန်နည်းတာမှန်ပါတယ်။ ဒါပေမယ့် အစ်မတို့  နာရေးကူညီမှု လုပ်ငန်းလုပ်တဲ့ အခါမှာ နာမည်ကြီးရုပ်ရှင် မင်းသားဖြစ်တဲ့အတွက် လူတွေ ရဲ့ စိတ်ဝင်စားမှု ကို ပိုရစေခဲ့ပြီး၊ အသင်းအတွက် အထောက်အကူဖြစ်စေခဲ့တာမို့ အစ်မ ၀မ်းသာပါတယ်။  ကောင်းတာတွေထဲက နောက်တစ်ခု က ဘာလဲဆိုတော့ သူ့ အနုပညာလုပ်ငန်းတွေ နဲ့  အလုပ်များနေချိန်မှာ သားသမီးတွေ ကို ထိန်းကျောင်းဖို့ အစ်မ ပို ပြီး အချိန်ရခဲ့တယ်။ ဘာပဲပြောပြော ကလေးတွေ က ပညာရေးမှာ ထူးချွန်ကြတဲ့ အတွက် ကျေနပ်မိပါတယ်"  တဲ့။

ကိုကျော်သူ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိပြီး တစ်ပတ်လောက် အကြာမှာ အနုပညာလုပ်ကိုင်ခွင့် နဲ့  ပတ်သက်ပြီး ပိတ်ပင်ထားတာတွေ ကို ဖယ်ရှားလိုက်ပြီ လို့  သိရတဲ့ အတွက် ကိုကျော်သူ့ လက်ရာ   ပန်းချီပြခန်းတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကို မကြာခင် ပြန်လည်မြင်တွေ့ ခွင့်ရတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 
                                                                                                                   မစုဥာဏ်

9 comments:

  1. ကျေးဇူးပဲနော်
    အောင်စည်အောင်မောင်း ပန်းချီကားကိုတော့ အရမ်းကြိုက်သွားပီ

    ReplyDelete
    Replies
    1. ဖတ်တဲ့အတွက်ရော၊ comment ပေးထားတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ်။

      Delete
  2. I like so much the Art Creation of WAR & PEACE .

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. Thank you. "War & Peace" is also one of Ko Kyaw Thu's favorite paintings.

      Delete
  3. သစ္စာဖောက်ပန်ချီကား ကိုတော်တော်လေးကြိုက်တယ်ဗျာ... နံမယ်ပေးတတ်ပုံကိုလေးစားပါတယ်..

    ReplyDelete
    Replies
    1. မှတ်ချက်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

      Delete
  4. စကာင်္ပူမှာရော ဦးကျော်သူ ရဲ့ လက်ရာ ပန်းချီပြပွဲ လုပ်ဦးမှာလား။ အဲဒီလို ပါဖောမင့် အတ်ဒ် တွေကို စကာင်္ပူက လူတွေ သိပ်ကြိုက်ကြပါတယ်။

    ReplyDelete
    Replies
    1. ဦးကျော်သူ အမေရိကန်ပြည်ထောင်စု ကို ရောက်ပြီး တစ်ပတ်လောက်မှာ အနုပညာလှုပ်ရှားခွင့်ပိတ်ပင်ထားတာတွေ ကို ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ မကြာခင် မှာ ကိုကျော်သူ့ ပန်းချီပြပွဲတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကို ပြန်လည်မြင်တွေ့ ရတော့မယ်လို့ သိရပါတယ်။

      Delete

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။