မြန်မာပြည်အတွင်းဝင်ရောက်ခွင့် ဗီဇာပိတ်ပင်ခံထားရတဲ့ ဟောလိဝုဒ်က
နာမည်ကြီး ရုပ်ရှင်မင်းသမီး မီရှဲယိုး ဟာ အခုတလော ဦးသိန်းစိန်အစိုးရအဖွဲ့ က ပြည်ဝင်ခွင့်ဗီဇာတွေအပေါ် တင်းကြပ်မှုတွေ လျော့ချလိုက်တဲ့အတွက် မြန်မာပြည် ကို
နောက်တခေါက်သွားရောက်လည်ပတ်ခွင့်ရဖို့  ထပ်မံ ကြိုးစားသွားမယ့်အကြောင်း ပြောကြားလိုက်ပါတယ်။
Photo: AP
မီရှဲယိုးဟာ၂၀၁၀ခုနှစ်တုန်းက မြန်မာပြည်အတွင်းကို သွားရောက်လည်ပတ်ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အင်မတန်လှပတဲ့ နိုင်ငံဖြစ်တဲ့ အကြောင်း၊ ပထမတခေါက်တုန်းက နေရာအနည်းငယ်ကို သာရောက်ခဲ့ရကြောင်းနဲ့  အခုတခေါက်သွားရောက်ခွင့်ရခဲ့ရင် ..."ဒေါ်အောင်ဆန်းစုကြည်နဲ
့ ထပ်မံတွေ့ ဆုံခွင့်ရဖို့ ကျွန်မ မျှော်လင့်ပါတယ်” လို့  မီရှဲယိုးက ပြောဆိုကြောင်း ဒီကနေ့ ထုတ်
AP သတင်းဌာနနဲ့  The Telegraph အွန်လိုင်းသတင်းတွေ အရသိရပါတယ်။
“ဒေါ်စုဟာ ကျွန်မ
အင်မတန်လေးစားရတဲ့ သူရဲကောင်းတစ်ဦးလည်းဖြစ်ပါတယ်” လို့  မီရှဲယိုးက ဆိုပါတယ်။
Photo: AP: |
“ ဒေါ်စု ဟာ တခါမြင်ဖူးရုံနဲ့  တသက်မမေ့နိုင်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦးပါပဲ”…..လို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။
ဂျိန်းစဘွန်းဇာတ်ကားထဲက အာရှမင်းသမီးလို့  နာမည်ကြီးတဲ့ မီရှဲယိုးဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ဇာတ်ကြောင်း တစိတ်တပိုင်းအကြောင်း ရိုက်ကူးထားတဲ့ The
Lady ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အတွက် ဒုတိယအကြိမ် မြန်မာပြည်ကို သွားရောက်ခဲ့စဉ်က
မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့်မပေးခဲ့ပဲ မင်္ဂလာဒုံလေဆိပ်ကနေ
လှည့်ပြန်ခဲ့ရတဲ့ မင်းသမီးဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ သတင်းသမားတွေကို တောင် မြန်မာပြည်အတွင်း လွတ်လွတ်လပ်လပ်သွားရောက်သတင်းယူခွင့်ပြုနေတာကို ကြားရလို့  သူမကို လဲ ပြည်ဝင်ခွင့်ပေးလိမ့်မယ်လို့  မီရှဲယိုးက မျော်လင့်နေကြောင်းပါ။
http://www.telegraph.co.uk/culture/film/film-news/9048727/Michelle-Yeoh-planning-to-try-to-visit-Aung-San-Suu-Kyi-in-Burma-again.html
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။