တရံရောအခါက..အင်မတန် သန်မာတဲ့ သစ်ခုတ်သမားကြီး တစ်ဦးဟာ သစ်ကုန်သည်ကြီးတစ်ဦးဆီမှာ အလုပ်သွားလျှောက်ပါသတဲ့။ သူဌေး နဲ့  စကားပြောကြည့်တဲ့ အခါ လစာငွေ ကလဲ အင်မတန်ကောင်း၊ အလုပ်ကလဲ သူကျွမ်းကျင်တဲ့ အလုပ်ဖြစ်နေတာကြောင့် သစ်ခုတ်သမားကြီးဟာ ဒီအလုပ်ကို လက်ခံလိုက်ပြီး၊ သူဌေးကြိုက်အောင် အကောင်းဆုံးအားစိုက်ပြီး လုပ်သွားမယ်လို့  ဆုံးဖြတ်လိုက်ပါတယ်။
photo: internet |
ဒါကြောင့် သစ်ခုတ်သမားကြီးဟာ နောက်တနေ့ အလုပ်ဆင်းတဲ့အခါမှာ ပမထနေ့ တုန်းကလိုပဲ အလုပ်ကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ပါတော့တယ်။ ဒါပေမယ့်လည်း ဒုတိယနေ့ မှာ သူဟာ သစ်ပင် ၁၅ပင်ကို ပဲခုတ်နိုင်ပါသတဲ့။ တတိယနေ့ မှာ တော့ သူဟာ သစ်ပင် ၁၀ပင်ကိုပဲ ခုတ်နိုင်ပါတော့တယ်။
သစ်ခုတ်သမားကြီးဟာ ကြိုးစားအားထုတ်မှုကို မလျော့ပေမယ့် ၊ တစ်ရက်ပြီးတစ်ရက် သူခုတ်နိုင်တဲ့ သစ်ပင်အရေအတွက် တွေ က ပိုပြီးနည်းပါးလို့ လာတဲ့ အတွက် သူဌေးဆီကို သွားပြီး တောင်းပန်စကားဆိုပါတယ်။
သစ်ခုတ်သမား ။ ။ “သူဌေး၊ ကျွန်တော် အရင်ကလို အားမသန်တော့ လို့ ထင်ပါတယ်၊ ကျွန်တော်ကြိုးစားပေမယ့် အပင်တွေ ကို များများမခုတ်နိုင်တော့ဘူး၊ အဲဒီအတွက် တောင်းပန်ပါတယ်”
သူဌေး ။ ။ “ဒါနဲ့ မင်းရဲ့ ပုဆိန်ကို ဘယ်နေ့ က နောက်ဆုံးသွေးတာလဲကွ”
သစ်ခုတ်သမား။ ။ “တခါမှ မသွေးဖြစ်ပါဘူးခင်ဗျာ၊ ကျွန်တော် အပင်တွေများများရဖို့  ကြိုးပမ်းနေတာနဲ့ ပဲ ပုဆိန်ကို သွေးဖို့  အချိန်မရှိခဲ့ဘူး” ...တဲ့။
လှုပ်ရှားရုန်းကန်စရာတွေနဲ့  ပြည့်နေတဲ့ လူ့ လောကကြီးမှာ ကျွန်မတို့ လဲ သစ်ခုတ်သမားကြီးလို
အဓိက အကျဆုံးဖြစ်တဲ့ ပုဆိန်တွေးဖို့  ကို မေ့နေမိတတ်ကြတာမို့ ..မမေ့အောင် ဒီပုံပြင်လေးနဲ့  သတိပေးလိုက်ပါတယ်။
(အင်တာနက် တွင်ဖတ်ရသော ပုံပြင်အား ဘာသာပြန်ထားခြင်းဖြစ်ပါသည်)
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။