ပြပွဲမှာ လက်ပုံတွေ ကို လုပ်ပြဖို့  ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့  ပတ်သက်ပြီး ပန်းချီသန်းဌေးမောင် က ၂၀၀၈ ခုနှစ် အတွင်း နာဂစ်မုန်တိုင်း အပြီးမှာ အစားအစာ မလုံလောက်မှုတွေ ကြောင့် အလှူရှင်တွေ ဆီကနေ လက်ဖြန့် တောင်းခံခဲ့ရတဲ့ ဒုကသည်များ ရဲ့ လက်တွေ ကို မြင်ယောင်မိပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။ အဲဒီ ကာလတွေ တုန်းက ပန်းချီသန်းဌေးမောင် နဲ့  ဇနီးဖြစ်သူ စာရေးဆရာမ မခက်မာတို့ ဟာ မုန်တိုင်း သင့်ဒေသတွေ ကို အဖွဲ့ သားတွေနဲ့ သွားရောက်ခဲ့ပြီး အကူအညီတွေ ပေးခဲ့ကြပါတယ်။ " အစားအစာ အတွက်၊ ဘ၀လှုံခြုံမှု အတွက်၊ နွေးထွေးကြင်နာ မှုတွေ အတွက်...အခြား..အခြားသော..လိုအပ်ချက်တွေ အတွက်.. ငတ်မွတ်စွာ တောင်းခံနေတဲ့ ဖြန့် နေသော လက်များစွာကို ကျွန်တော် မြင်တွေ့ ခဲ့ရပါတယ်၊" လို့  ပန်းချီသန်းဌေးမောင် က ပြောပါတယ်။
အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးလက်တွေ ဟာ ကမ္ဘာအရပ်ရပ်က ငတ်မွတ်နေသူများကို ကိုယ်စားပြုပါသတဲ့ |
မြန်မာပြည်တွင်း က ငတ်မွတ်နေသူများ အတွက် သာမက ကမ္ဘာအရပ်ရပ် မှာ အကြောင်း အမျိုးမျိုး ကြောင့် ငတ်မွတ်နေကြရသူများးကို ကိုယ်စားပြုတဲ့ အနေနဲ့  လက်အရွယ်အစား အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ကို လည်း ပြုလုပ် ပြသထားကြောင်းသိရပါတယ်။
Photo:from mattress.org |
Photo:from mattress.org |
မြန်မာပြည်တွင်း ရှိ နာဂစ် မုန်တိုင်းသင့် ဒေသတွေ က ဖြန့် နေသော လက်များ....နဲ့ 
ကချင်ပြည်နယ်ဒေသ က ပြည်တွင်းစစ်ကြောင့် ပြေးလွှားနေရတဲ့
တိုင်းရင်းသားတွေရဲ့  ဖြန့် နေသောလက် များ ကို ..
ကျွန်မ မြင်ယောင်ကြည့်မိတဲ့ အခါ ......
ကိုသန်းဌေးမောင်၏ပြပွဲ ဗီဒီယိုကြည့်ရန် ဒီနေရာကို နှိပ်ပါ
(မခက်မာရေ..ဆရာသန်းဌေးမောင်နဲ့  အင်တာဗျူးလုပ် ပြီးမှ ပြည့်ပြည့်စုံစုံ ရေးဖို့ ဟာ..အလုပ်များလွန်းတဲ့ ဆရာ့ ကို မစောင့်နိုင်လို့  ကျွန်မ တင်လိုက်ပြီနော်)
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။