Thursday, December 22, 2011

၂၀၁၁ ဒီဇင်ဘာလ (၂၂)ရက်နေ့ ပြင်ပမီဒီယာများတွင် ဖော်ပြသော မြန်မာ့သတင်းမှ ကောက်နှုတ်ချက်


စီးပွားရေးပိတ်ဆို့ အရေးယူမှု တွေကို ဖယ်ရှားပေးဖို့  ဇာဂနာတောင်းဆို 

ဇာဂနာနှင့်မိသားစု (ပုံ- freezargana.org)
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ ပြုလုပ်ခဲ့တဲ့  သတင်းစာရှင်းလင်းပွဲ မှာ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာက အနောက်နိုင်ငံများ အနေနဲ့  မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု တွေကို ဖယ်ရှားပေးဖို့  ပြောဆိုလိုက်ပါတယ်။
မြန်မာပြည်တွင်း က ဆင်းရဲနွမ်းပါးနေတဲ့ ပြည်သူတွေ အတွက် (အထူးသဖြင့် အထည်ချုပ်စက်ရုံအလုပ်သမားလို လူတန်းစားတွေအတွက) စီးပွားရေး ပိတ်ဆို့မှုကို ဖယ်ရှားပေးစေလိုကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


အစိုးရဟောင်းလက်ထက် မှာ နိုင်ငံခြားခရီးထွက်ဖို့  အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် ပတ်စပို့(စ်) တောင်မရခဲ့တဲ့ ကိုဇာဂနာ အတွက် သူ့ ရဲ့  ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် မှာ မြင်မြင်သမျှတွေကို တအံ့တသြဖြစ်ခဲ့ရကြောင်း၊ သူတွေ့မြင်ရတဲ့ ထိုင်း လူငယ်တွေရဲ့မျက်နှာတွေကလည်း ပူပင်ကြောင့်ကျမှုတွေမရှိဘဲ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်နှာမျိုးတွေ ဖြစ် နေတာကို တွေ့ ရကြောင်း မှတ်ချက်ပေးပါသေးတယ်။
 “ကျနော်တို့ တိုင်းပြည်က လူငယ်တွေရဲ့မျက်နှာတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ပါ”လို့ သတင်းထောက်တွေကို စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။ 

သတင်းထောက်တွေနဲ့ တွေ့ ဆုံရာမှာ ကိုဇာဂနာက သူ့ ကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ သူတွေ အပေါ်လဲ ခွင့်လွတ်ကြောင်းကို ပါထည့်သွင်းပြော ဆိုကြောင်းသိရပါတယ်။ ၁၉၈၈ ခုနှစ် ထောင်တွင်းကာလမှာ သူ့ ကို ရိုက်နှက်၊ လျှပ်စစ်မီးနဲ့  လျှော့တိုက်ပြီး  ညှင်းပန်းနှိပ်စက်ခဲ့တဲ့ အရာရှိတစ်ဦး နဲ့  အပြင်မှာ ပြန်တွေ တဲ့ အကြောင်း၊ ကိုဇာဂနာက ပြုံးပြုံးရွင်ရွင်နှုတ်ဆက် စကားဆိုတဲ့ အခါ အဆိုပါ အရာရှိက ငိုကြွေးခဲ့ကြောင်းပြောပြခဲ့သလို၊ မြန်မာပြည်သူတွေအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီး
 “ကျွန်တော့ နိုင်ငံနဲ့  လူမျိုးကို ကျွန်တော် ချစ်တယ်၊ မြန်မာပြည်သူပြည်သား တွေ လွတ်မြောက်ဖို့ ကို ကူညီချင်တယ်၊ ဒါတွေက ကျွန်တော့ ခံယူချက်တွေပါ” လို့ ပြောကြားခဲ့ ကြောင်း Daily News Egypt သတင်းမှာ ရေးသားထားပါတယ်။ 

မြန်မာ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုများဆက်လက်လုပ်ကိုင်မည်
မြန်မာနဲ့  ဗီယက်နမ် အကြားစီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားဖို့ နဲ့  လာမယ့် ၂၀၁၅ အတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့်  တန်ဖိုးအထိ လုပ်ကိုင်သွားကြဖို့  နှစ်ဘက်အစိုးရက သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၄ကြိမ်မြောက် ထိပ်သီးအာဆီယံဆွေးနွေးပွဲ ကို တက်ရောက်လာတဲ့ ဗီယက်နမ် ၀န်ကြီးချုပ် Nguyen Tan Dung နဲ့ သမတဦးသိန်းစိန်တို့ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဦးသိန်းစိန်က ဗီယက်နမ် ၀န်ကြီးချုပ်ကို ဆန်၊ရာဘာ၊ ရေလုပ်ငန်း၊စက်မှုဇုံ ၊ရေနံနဲ့  သဘာဝာတ်ငွေ့  စတဲ့  လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသွားဖို့ တိုက်တွန်းခဲ့ကြောင်းသိရပါတယ်။  
တွေ့ ဆုံရာမှ ဦးသိန်းစိန်က ဗီယက်နမ်အတွင်း က တိုးတက်ပြောင်းလဲမှုတွေ ဟာ မြန်မာနိုင်ငံအတွက် အတုယူစရာ ဆောင်ရွက်မှုတွေဖြစ်ကြောင်း၊ လာမယ့် ၂၀၁၄ခုနှစ်အတွင်း အာဆီယံဥကဌနေရာမှာ မြန်မာဆောင်ရွက်ဖို့  ထောက်ခံခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းတွေကို လဲ ပြောကြားခဲ့ပါသေးတယ်။
ဆွေးနွေးမှုအပြီးမှာ ဗီယက်နမ်ဘက်က မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အတွက် နည်းပညာပိုင်း ဆိုင်ရာ စက်ကိရိယာတွေ၊ သင်တန်းပို့ ချမှုတွေ မှာအသုံးပြုဖို့  အမေရိကန် ဒေါ်လာ ၂ သိန်းခွဲ ကူညီသွားမယ့် အကြောင်း သဘောတူစာချွန်လွှာရေးထိုးခဲ့ကြကြောင်းသိရပါတယ်။
(source: Viet Nam News)

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။