Wednesday, December 21, 2011

၂၀၁၁ ဒီဇင်ဘာလ (၂၁)ရက်နေ့ ပြင်ပမီဒီယာများတွင် ဖော်ပြသော မြန်မာ့သတင်းမှတ်စု

Photo: internet


အနိယ-မြန်မာချစ်ကြည်ရေး ကားပြိုင်ပွဲကို လာမည့် ဇန်န၀ါရီလတွင်ပြုလုပ်မည်
အနိယ-မြန်မာချစ်ကြည်ရေး ကားပြိုင်ပွဲကို ဇန်န၀ါရီလ ၂၉ ရက်နေ့ မှ ဖေဖော်ဝါရီလ (၉) ရက်နေ့  အထိ ၁၂ရက် တိုင်အောင် ကျင်းပသွားဖို့ ရှိကြောင်းသိရပါတယ်။



 

ပြိုင်ပွဲအကွာအဝေးက ကီလိုမီတာ ငါးထောင်ခန့် အထိရှည်မှာဖြစ်ပြီး၊ မြန်မာပြည်တွင်းမှာ တမူး၊ကလေး၊မနလေး၊နေပြည်တော်၊ရန်ကုန်၊ ပြည်၊ပုဂံ၊မုံရွာ စတဲ့ မြို့ တွေကို ဖြတ်သန်းမောင်းနှင်ပြီး အနိယ နိုင်ငံ အရှေ့ မြောက်ပိုင်း ထဲကို ၀င်ရောက်မယ့် လမ်းကြောင်း ကို ရွေးချယ်ထားပါတယ်။ ပြိုင်ပွဲဝင်သူပေါင်း ၂၀၀ လောက် (ကားပေါင်း အစီး ၅၀ခန့် )ကို လက်ခံသွားဖို့  ရည်မှန်းထားပြီး၊ ဒီပြိုင်ပွဲကနေ နှစ်နိုင်ငံအတွင်း ယဉ်ကျေးမှုတွေ ဖလှယ်ဖို့ ၊ ချစ်ကြည်ရေးပိုမို ခိုင်မာဖို့  ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာဖြစ်ကြောင်း အနိယနိုင်ငံထုတ် Nagaland အွန်လိုင်းသတင်းမှာ ရေးသားထားပါတယ်။ ပြိုင်ပွဲဝင်ဖို့  စိတ်ဝင်စားသူများအနေနဲ့  Office of the Organising Committee, Indo-Myanmar Friendship car Rally, House no.1, 1st Floor, Uday Path, R.G. Baruah Road, Guwahati -781024, Assam. Ph:+91- 98540 -79997, 94350 -16512, 98599 -18253, 89747-15100. ကို ဆက်သွယ်နိုင်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။ (source: Nagaland Post) 

လှည်းတန်းနားက ဗုံးပေါက်ကွဲမှု
ယနေ့ မနက်တွင် ရန်ကုန်မြို့ ၊ လှည်းတန်း မီးပွိုင့်အနီးရှိ အများသုံးသန့် စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးသေဆုံးပြီး၊ တစ်ဦးဒ်ရာရရှိသွားကြောင်း AFP သတင်းမှာရေးသားဖော်ပြထားပါတယ်။ 
photo: Reuters

ကချင်စစ်ပြေးဒုကသည်များကို ရေရှည်ကူညီသွားဖို့ တိုက်တွန်း
ကချင်ပြည်နယ်အတွင်း က ပြည်တွင်းစစ်တွေ ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကချင်စစ်ပြေးဒုကသည်တွေကို ရေရှည်အကူအညီပေးနိုင်ဖို့  မြန်မာအစိုးရအနေနဲ့  အကူအညီပေးနေတဲ့ အဖွဲ့ တွေနဲ့  ရေရှည်ပူးပေါင်းလုပ်ကိုင်သွားဖို့ လိုအပ်ကြောင်း နယူးရောက် အခြေစိုက် လူ့  အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။  

ကချင်ပြည်နယ်အတွင်း က စစ်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ်ကို ထွက်ပြေးလာသူပေါင်း ငါးသောင်းကျော်ခန့် ရှိနေပြီး၊ သူတို့ တွေဟာ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုတွေ ကို အရေးတကြီးလိုအပ်နေကြကြောင်း၊ အခုလအစောပိုင်းမှာ ကုလသမဂအဖွဲ့ ဝင်တွေက လိုင်ဇာအနီးရှိ ဒုကသည်တွေကို အကူအညီပေးနိုင်ခဲ့ပေမယ့်၊ တခြားလိုအပ်နေတဲ့ နေရာတွေမှာ ထပ်မံကူညီသွားဖို့  မြန်မာအစိုးရ အနေနဲ့  ခွင့်ပြုဖို့ ၊ လက်တွဲကူညီသွားဖို့  လိုအပ်ကြော်ငး ကြေငြာချက်မှာရေးသားထားပါတယ်။ 
 
(source: Reuters)

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။