Wednesday, December 21, 2011
မြန်မာ့အရေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ၂ သန်း လှူဒါန်းနေတဲ့ သူဌေးကြီး ဂျော့ဆိုးရော့စ်(စ)
သူဌေးကြီး ဂျော့ဆိုးရော့စ်(စ)(photo: internet)
သူဌေးကြီး ဂျော့ဆိုးရော့စ်(စ) မကြာခင် မြန်မာပြည် ကို သွားရောက်မယ်ဆိုတဲ့ သတင်းတွေ အင်တာနက်မှာ မြင်တွေ့ နေရလို့  သူ့ အကြောင်း မသိသေးသူတွေ အတွက် ဒီသတင်းကို ရေးသားလိုက်တာပါ။
မြန်မာပြည် ကို ကူညီဖို့ ဂျော့ဆိုးရော့စ်(စ) ကို စတင်ဆွဲဆောင်ခဲ့တဲ့ အရာကတော့ ၁၉၈၇-၈၈ အရေးအခင်းက အဖြစ်အပျက်တွေပါပဲ။ ၈၈ အရေးအခင်းအတွင်း လမ်းမပေါ်ထွက်ပြီး ဆနပြကြတဲ့ မြန်မာပြည်သူပြည်သားတွေ ကို စစ်အစိုးရ က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တဲ့ သတင်းတွေကို ကမ္ဘာတစ်ဘက်ခြမ်းကနေ ကြားသိလိုက်ရတဲ့ အချိန်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပါဝင်ကူညီဖို့ ကို သူဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီနောက် ကူညီဖို့ အခွင့်အလှမ်းတွေကို ရှာဖွေတဲ့အခါ မြန်မာပြည်အတွင်းမှာ တရားဝင်ရုံးခန်းဖွင့်ပြီး ကူညီဖို့  မဖြစ်နိုင်တဲ့အတွက် သူဟာ မထင်မရှားအလှူရှင်တစ်ဦးအနေနဲ့ ပဲ နောက်ကွယ်ကနေ ကူညီခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ Burma Project ကို စတင်တည်ထောင်လိုက်ပြီး၊ အလှူငွေရဲ့  ၃၀% ကို မြန်မာကျောင်းသားတွေ ကို ပညာသင်ဆုပေးတဲ့ အစီအစဉ်အတွက် အသုံးပြုစေခဲ့ပြီး၊ ကျန်တဲ့ အလှူငွေတွေကို တော့ မြန်မာ့အရေးဆောင်ရွက်လှုပ်ရှားနေတဲ့ အဖွဲ့ အစည်းပေါင်း ၁၀၀ကျော်ခန့် ကို ခွဲဝေလှူဒါန်းခဲ့ပါတယ်။ 
Maureen Aung-Thwin from OSI (photo: internet)
Burma Project ရဲ့ ဌာနချုပ် Open Society Institute (OSI) ရဲ့ ရုံးခန်းကို နယူးရောက်မြို့ လယ် 5th Avenue မှာဖွင့်လှစ်ထားရှိပါတယ်။ OSI မှာ တာဝန်ထမ်းဆောင်နေတဲ့ မ မောရင်းအောင်သွင်ရဲ့  မီဒီယာတွေကို ပြောကြားချက်အရ ပညာသင် ဆုပေးရာမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြန်လည်ဆောင်ရွက်ဖို့  အလားအလာရှိတဲ့ မြန်မာများကို ဦးစားပေး ရွေးချယ်ကြောင်း သိရပါတယ်။ မြန်မာ့အရေးကို ကူညီထောက်ပံ့တဲ့နေရာ မှာ အစားအစာတွေ လှူဒါန်းဖို့ ထက် ပညာရေးပိုင်းကို လှူဒါန်းဖို့ ပိုပြီး အားသန်တဲ့ ဂျော့ဆိုးရော့စ်(စ) ဟာ သူ့ အလှူငွေတွေကို ထိုင်း-မြန်မာနယ်စပ်က ဒုကသည် စခန်းတွေ အတွင်းမှာ အင်္ဂလိပ်စာသင်ကြားရေး၊ ကွန်ပျူတာနဲ့  စီးပွားရေးလုပ်ငန်းများအကြောင်း သင်ကြားရေး စတဲ့လုပ်ငန်းတွေ အတွက်ကို ပိုပြီး အသုံးပြုစေခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်ပြီး မြန်မာ့အရေးလှုပ်ရှားနေသူ (အမေရိကန် သမတ ဂျော့ဘုရှ့် နဲ့  တွေ့ ဆုံ ပြီး မြန်မာ့အရေးအတွက် ဆွေးနွေးခဲ့တဲ့ ရှမ်းတိုင်းရင်းသ)ူ နန်းချန်တောင်းဟာ ဂျော့ဆိုးရော့စ်(စ) ရဲ့ အလှူငွေ ကို လက်ခံရယူထားတဲ့ Alternate Asean Network Burma အဖွဲ့ ရဲ့ သင်တန်းသူတစ်ဦး ဖြစ်ကြောင်းသိရပါတယ်။
ဂျော့ဆိုးရော့စ်(စ) ရဲ့ အလှူငွေကို လက်ခံရရှိတဲ့ အဖွဲ့ အစည်းတွေထဲမှာ မြန်မာပြည်အကြောင်းနှစ်စဉ်အစီရင်ခံစာတွေ ရေးသားထုတ်ဝေနေတဲ့  Alternate Asean Network Burma အဖွဲ, NCGUB ခေါ် ပြည်ပရောက် ညွန့်ပေါင်းအစိုးရအဖွဲ ၊ Computer Network Training Program  စသည်တို့  နဲ့  အခြားသော အဖွဲ့  အစည်းတွေ ပါဝင်ကြပါတယ်။ ၀ါရှင်တန်ဒီစီမှာ အခြေဆိုက်တဲ့ ပြည်ပေ၇ာက်ညွန့် ပေါင်းအစိုးရအဖွဲ့ ရဲ့  မြန်မာ့ဒီမိုကရေစီ အရေးဆောင်ရွက်လှုပ်ရှားဖို့  ဂျော့ဆိုးရော့စ်(စ) က နှစ်စဉ် အမေရိကန်ဒေါ်လာ ၈သောင်းခွဲ လှူဒါန်းခဲ့ပါတယ်။ 
ဂျော့ဆိုးရော့စ်(စ) ကို စီးပွားရေးနဲ့ ပတ်သက်ပြီး အင်မတန်တော်တဲ့ ပညာရှင်တစ်ဦး၊ အလှူဒါန်းရက်ရောသူ တစ်ဦး အနေနဲ့  လူကြိုက်များပေမယ့်၊ ထိုင်းအစိုးရ နဲ့  မလေးရှားအစိုးရ တွေ ကတော့ ၁၉၉၇ ခုနှစ် ဇူလိုင်လ အတွင်း က သူတို့ ရဲ့  ငွေတန်ဖိုးတွေ အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာ ထိုးကျသွားခဲ့တာဟာ ဂျော့ဆိုးရော့စ်(စ)ရဲ့  hedge Fund ကြောင့် လို့ သတ်မှတ်ပြီး သူ့ ကို မနှစ်သက်ကြပါဘူး။  
အခုရက်ပိုင်း မြန်မာ့အင်တာနက်သတင်းတွေမှာတော့ ဂျော့ဆိုးရော့စ်(စ) ဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရိုက်ကူးမယ့် ရုပ်ရှင်ကား ကို တစ်ဦးတည်း အကုန်ကျခံပြီး ကူညီသွားမယ်လို့  ရေးသားနေကြပါတယ်။  ဂျော့ဆိုးရော့စ်(စ) ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာတွေ မလုပ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် လိုအပ်မှုတွေ များပြားလှတဲ့ မြန်မာပြည်အတွက် အလှူရှင်တွေ အများကြီးလို အပ်နေသေးတာမို့ ၊ မြန်မာ့အရေးအတွက် ပါဝင်ကူညီလိုတဲ့ ဂျော့ဆိုးရော့စ်(စ) လို သူဌေးမျိုး တွေ နောက်ထပ် များများ ပေါ်ပေါက်လာပါစေလို့ ဆနပြုလိုက်ရပါတယ်။ 
                                                                                         မစုဥာ်
2 comments:
  1. သာဓု ၃ကြီမ်ခေါ်ပါသည် ဂျော်ဆိုရောစ်။ မှတ်မိ သိရှိနေတုံးပါဘဲ ၁၉၉၇ ယိုဒယားကစလိုက်တဲ့ ငွေကြေးကမောက်ကမများ။အဲ့ဒီအချိန်က ထိုင်းနိုင်ငံ၇ဲ့ ဝန်ကြီးချုပ်က စစ်တပ်က ဗိုလ်ချုပ်ကြီးချာဗလစ်ယောင်ချိုင်ယု မြန်မာဗိုလ်ချုပ်တွေနဲ အင်မတန်ခင်မင်ပြီး ပုလင်းတူ ဘူးဆို့ သူခိုးကြီးတွေပါ။
    ReplyDelete
  2. ဒီဆောင်းပါးကို အချိန်ပေး ဖတ်တဲ့အတွက်ရော၊ comment ရေးပေးတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ်။
    ReplyDelete
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။