Tuesday, December 20, 2011

၂၀၁၁ အတွင်းသေဆုံးသွားတဲ့ကမ္မာကျာ်ပုဂ္ဂိုလ်အချို့အကြောင်းတစေ့တစောင်း

photo: internet အေမီဝိုင်းဟောက်(စ်)

  























၂၀၁၀ ခုနှစ်ကနေ ၂၀၁၁ လို့  ခုနှစ်ကို ပြောင်းပြီးရေးခဲ့ရတာ ဘာမှ မကြာသေးသလို ခံစားရပေမယ့် အခုတော့ ၂၀၁၁ နှစ်ကုန်ပိုင်းကို တောင် ရောက်ရှိလို့ လာပါပြီ။ မကြာခင်မှာ ၂၀၁၂ လို့  ခုနှစ်တွေ နေရာမှာ ထပ်ပြီးပြောင်းလဲ ရေးရပါတော့မယ်။ ဒီ တစ်နှစ်တာအတွင်း တိုးတက်မှု၊ ဆုတ်ယုတ်မှု စတဲ့ အပြောင်းအလဲတွေ ကြားထဲက ကျွန်မ ပိုပြီး စိတ်ဝင်စားမိတာကတော့ ၂၀၁၁ ခုနှစ်အတွင်း သေဆုံးသွားခဲ့တဲ့ ကမ္မာ ကျော် ပုဂ္ဂိုလ် တွေပဲဖြစ်ပါတယ်။  

၂၀၁၁ အတွင်းသေဆုံးခဲ့သူတွေထဲမှာ…. နိုင်ငံရေးနယ်ပယ်ထဲက ဆိုရင် မြောက်ကိုးရီးယားသမတကင်ကျုံအီး၊ လစ်ဗျားနိုင်ငံက အာာရှင် ကဒါဖီ နဲ့  မူစလင် အကြမ်းဖက်တိုက်ခိုက်ရေးခေါင်းဆောင် အိုဆမာဘင်လာဒင် တို့ ပါဝင်ခဲ့ကြပြီး၊ အနုပညာနယ်ပယ်ထဲမှာတော့ အေမီဝိုင်းဟောက်(စ)၊ အဲလစ်ဇဘက်တေလာ နဲ့  စီးပွားရေးသမား(သို့  မဟုတ်) တီထွင်ဖန်တီးရှင်ထဲမှာ စတစ်(ဖ)ဂျော့ စသဖြင့် သေဆုံးခဲ့ကြပါတယ်။ တခြား ကျွန်မ သတိမထားမိလိုက်တဲ့ နာမည်ကျော် ပုဂ္ဂိုလ် တွေလဲရှိဦးမှာပါ။
သာမာန်လူတွေ သေဆုံးကြတာ ထူးဆန်းမှု တစ်ခု မဟုတ်ပေမယ့် ဒီလူတွေ အသက်ရှင်စဉ်က သူမတူအောင် ထူးချွန်ခဲ့ (ဒါမှမဟုတ်) ကြမ်းကြုတ်ရက်စက်ခဲ့ကြပြီး၊ သူတို့ ထားခဲ့တဲ့ ကောင်းမွေ ဆိုးမွေတွေ က နောင်လာ နောက်သားတွေကို ဘယ်လို သက်ရောက်မှုတွေ ရှိစေခဲ့သလဲဆိုတာ ကတော့ …. စိတ်ဝင်စားစရာပါပဲ။

အေမီဝိုင်းဟောက်
ဗြိတိန်က နာမည်ကြီးပေါ့ပ် နှင့် ဂျဇ့် အဆိုတော် တစ်ဦးဖြစ်ပြီး သူမတူတဲ့  သူမရဲ့ အသံ သြသြကြောင့် လူကြိုက်များခဲ့သူပါ။ အေမီဟာ သီချင်းတွေကို ကိုယ်တင်ရေးသားခဲ့ပါသေးတယ်။ ဂ၇မ်မီဆု ၅ဆုအပါအ၀င် တခြားသောဆုများစွာကို ချီးမြှင့်ခြင်းခံခဲ့ရသူပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့  အောင်မြင်မှုတွေကို ရရှိခဲ့ပေမယ့်၊ အေမီဟာ အိမ်ထောင်ရေး ကံမကောင်းသူဖြစ်ပြီး၊ ကိုယ်တိုင်ကလဲ ဆေးစွဲ၊ အရက်စွဲ ခဲ့သူပါ။ တခါကလည်း ဆေးကြောင်ပြီး သူ့ ရဲ့ သီချင်းဆိုမှုကို အားပေးနေတဲ့ ပရိသတ်တစ်ယောက်ကို ထိုးကြိတ်ခဲ့တဲ့ အတွက် သတင်းသမားတွေရဲ့  ရှုံ့ ချမှုတွေကို ခံခဲ့ရပါသေးတယ်။ အေမီဟာ ဇူလှိုင်လ ၂၃ ရက် နေ့  လန်ဒန်မြို့ က သူမရဲ့  နေအိမ်မှာ အရက်အလွန်အကျွံသောက် ပြီး  သေဆုံးခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက်၂၇ နှစ်သာ ၇ှိသေးတဲ့ အတွက် သူ့ ရဲ့ အဆိုပညာ၊ သီချင်းရေးသားတဲ့ပညာတွေ အတွက် ပရိသတ်တွေက နမြောတသ ဖြစ်ခဲ့ရပေမယ့်၊ တဘက်ကလည်း ဆေးစွဲ၊ အရက်စွဲပြီး သေဆုံးသွားခဲ့ရတာမို့  လူငယ်တွေ အတွက် သင်ခန်းစာယူစရာ အဖြစ်အနေနဲ့  သတင်းတွေမှာ ရေးသားကြပါတယ်။ အေမီ သေဆုံးပြီးတဲ့နောက် သူ့ မိသားစုဝင်တွေက အေမီဝိုင်းဟောက်(စ်)ဖောင်ဒေးရှင်း ကို  တည်ထောင်ခဲ့ပြီး၊ အဲဒီအဖွဲ့ ကနေ ပြီး အကူအညီလိုအပ်နေတဲ့ ငယ်ရွယ်သူတွေ(အထူးသဖြင့်) ကျန်းမာရေး၊ မသန်မစွမ်းမှုနဲ့  မူးယစ်ဆေးဝါးစွဲနေတဲ့ လူငယ်တွေကို အကူအညီပေးသွားမယ်လို့ သိရပါတယ်။

စတစ်(ဖ)ဂျော့ (ပုံ-အင်တာနက်)

စတစ်(ဖ)ဂျော့
ကွန်ပျူတာနည်းပညာ၊ အိုင်ဖုန်းစတဲ့ နည်းပညာတီထွင်ထုတ်လှုပ်မှုတွေ နဲ့  ကမာကို ကိုင်လှုပ်ခဲ့သူပါ။  Apple ကုမနီရဲ့  စတင်ဖွဲ့ စည်းသူတစ်ဦးပါ၊ သူ့ ရဲ့  မွေးမိဘတွေက သူ့ ကို မွေးပြီးပြီးချင်း မွေးစားမိဘတွေကို ပေးတာခံခဲ့ရပါတယ်။ စတစ်(ဖ)ဟာ အခက်အခဲတွေ အမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရပါတယ်။ ငွေကြေးအဆင်မပြေတဲ့ အချိန်တွေမှာ စတစ်(ဖ)ဟာ ပုလင်းခွံ၊ ဗူးခွံ တွေကို ကောက်ပြီး ပြန်ရောင်းစားခဲ့ရတဲ့ အထိ အခက်အခဲတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။  ကားဂိုဒေါင်တစ်ခုထဲ ကနေ ကွန်ပျူတာနဲ့  ဆိုင်တဲ့ တီထွင်ထုတ်လှုပ်မှုတွေ ကနေ တဆင့် သန်းပေါင်းများစွာ ချမ်းသာတဲ့ ကမာကျော် တီထွင်သူတစ်ဦးအဖြစ်ကို အရောက်လျှောက်လှမ်းနိုင်ခဲ့သူပါ၊ ကင်ဆာရောဂါရှိတယ်လို့  သိရပေမယ့် အလုပ်က အနားမယူပဲ သေဆုံးခါနီးအထိ အလုပ်ကို ဆက်လက် လုပ်ကိုင်သွားခဲ့ပါတယ်။ စတစ်ဟာ သန်းပေါင်းများစွာသော လူငယ်ထုရဲ့ လေးစားမှုကို ခံယူခဲ့ရသူပါ။ လူသာသေဆုံးသွားပေမယ့် သူဖန်တီး ထုတ်လှုပ်ခဲ့တဲ့ ကွန်ပျူတာတွေ၊ အိုင်ဖုန်းတွေက တော့ သမိုင်းတွင်ကျန်ရစ်ခဲ့တဲ့ အောင်မြင်မှုတွေဖြစ်ပါတယ်။   
အဲလစ်ဇဘက်တေလာ (ပုံ-အင်တာနက်)

အဲလစ်ဇဘက်တေလာ
ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ ဟောလိဝုဒ်က ရုပ်ရှင်မင်းသမီးကြီးတစ်ဦး အနေနဲ့ တင်မကပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးလုပ်ငန်းတွေ နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ဦး အနေနဲ့ ရော၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး နဲ့ ပါ လူသိများခဲ့တဲ့ အမျိုးတစ်ဦးပါ။ ရုပ်ရှင်ဇာတ်ကားပေါင်း ၇၁ ကား နဲ့ တခြား တီဗီ အစီအစဉ်တွေကို ရိုက်ကူးခဲ့ပြီး၊ ကလီယိုပက်ထရာဇာတ်ကား နဲ့  ကမာကျော်ခဲ့သူပါ၊ အဲဒီဇာတ်ကားတစ်ခုတည်းနဲ့  တင် ရိုက်ကူးခ ဒေါ်လာတစ်သန်းအထိ ၀င်ငွေရခဲ့ပါတယ်။ အကယ်ဒမီဆု ၂ဆုအပါအ၀င် လူမှုဝန်ထမ်းဆုပေါင်း များစွာကို ချီးမြှင့်ခံခဲ့ရသူပါ။ မင်းသမီးကြီးဟာ အိမ်ထောင်ဆက် ၈ ဆက်ရှိခဲ့လို့ လဲ သတင်းမီဒီယာတွေရဲ့  အတိုက်အခိုက်ကို မကြာခန ခံခဲ့ရပါတယ်။နောက်ပိုင်းမှာ HIV နဲ့   AIDS လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး အေအိုင်ဒီအက်(စ) သုတေသနဌာန နဲ့  ဖောင်ဒေးရှင်းတွေကို ဖွဲ့  စည်းပေးခဲ့ပါတယ်။   မင်းသမီးကြီးဟာ ဦးနှောက် ကင်ဆာ ရောဂါကို ခံစားခဲ့ရပြီး၊ ၂၀၁၁  မတ်လ မှာ နှလုံးရောဂါနဲ့  ကွယ်လွန်သွားခဲ့ပါတာဖြစ်ပါတယ်။ မင်းသမီးကြီး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် သူမထူထောင်ထားတဲ့ အေအိုင်ဒီအက်(စ်) ဆိုင်ရာ သုတေသနဌာနဲ့  ဖောင်ဒေးရှင်းတွေက ဆက်လက်ပြီး လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

Photo: Internet (မြောက်ကိုးရီးယားသမတ ကင်ကျုံအီး)

မြောက်ကိုးရီးယားသမတကင်ကျုံအီး  
မြောက်ကိုးရီးယားရဲ့  အချုပ်အခြာ အာာကို ရွေးကောက်ပွဲကျင်းပတဲ့ စနစ်နဲ့  ရွေးချယ်ခြင်းမပြုပဲ၊ ဆွေစဉ်မျိုးဆက် အမွေဆက်ခံတဲ့ စနစ်ကို ကျင့်သုံးခဲ့တာမို့ ၊ အာာတည်တံ့ခိုင်မြဲရေးအတွက် လူ့  အခွင့် အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့သူပါ။ စီမံခန့် ခွဲမှု ညံ့ဖျင်းခဲ့တဲ့ အတွက် ၁၉၉၀ နောက်ပိုင်းမှာ မြောက်ကိုးရီးယားနိုင်ငံရဲ့  စီးပွားရေး ကျဆင်းခဲ့ရပြီး သန်းပေါင်းများစွာသော ပြည်သူလူထုတွေဟာ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့  ကြုံတွေ့  ခဲ့ရလို့ ၊ နိုင်ငံတကာရဲ့ စားနပ်ရိကာကူညီရေး အစီအစဉ်တွေအပေါ်မှာ မှီခိုခဲ့ကြရပါတယ်။ ကင်ကျုံအီး ဟာ ငတ်မွတ်ခေါင်းပါးနေတဲ့ ပြည်သူလူထု ကို မျက်ကွယ်ပြုပြီး မြောက်ကိုးရီးယားရဲ့ စစ်အင်အားကို မပြတ်ဖြည့်တင်းခဲ့တဲ့ အပြင် နယူးကလီးယား လက်နက်ထုတ်လှုပ်မှု တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Human Rights Watch အဖွဲ့ ရဲ့  ၂၀၀၄ ခုနှစ် အစီအရင်ခံစာအရ မြောက်ကိုးရီးယား အစိုးရဟာ ကမာ့ဖိနှိပ်ချုပ်ချယ်မှု အပြုလုပ်ဆုံး အစိုးရစာရင်း ထဲမှာ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားပေါင်း ၂သိန်းကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ သတင်းစာ လွတ်လပ်ခွင့်မရှိခြင်း၊ ဘာသာရေးလွတ်လပ်မှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း စတဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်း မှာပါရှိပါတယ်။ ကင်ကျုံအီးရဲ့  သေဆုံးမှုအပေါ်  Amnesty International အဖွဲ့ က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ကြေငြာချက်ထဲမှာ  မြောက်ကိုးရီးယားနိုင်ငံအတွင်း က လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်  နိုင်တော့မယ်လို့  မျှော်လင့်တဲ့အကြောင်း၊ အစိုးရသစ်အနေနဲ့  အစိုးရဟောင်းရဲ့  စနစ်ဟောင်းတွေကို စွန့် လွတ်ဖို့  အရေးကြီးတဲ့ အချိန်ကာလကို ရောက်နေပြီဖြစ်ကြောင်း ရေးသားထားပါတယ်။ Human Rights Watch's အဖွဲ့ က ဒါရိုက်တာ Kenneth Roth  က “ကင်ကျုံအီး ကို မိမိနိုင်ငံသားတွေ ဆင်းရဲငတ်ပြတ်စေခဲ့သူ၊ ကြမ်းတမ်းရက်စက်တဲ့ အာာရှင် တစ်ဦးအနေနဲ့  လူတွေက မှတ်မိနေတော့မှာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ကင်ကျုံအီး ဟာ အသက် ၆၉နှစ်အရွယ်၊ (ဒီဇင်ဘာလ ၁၇ရက်နေ့ )မှာ သေဆုံး ခဲ့တာဖြစ်ပါတယ်။ 

Photo: internet (လစ်ဗျားနိုင်ငံမှ ဗိုလ်မှူးကြီး ကဒါဖီ)
လစ်ဗျားနိုင်ငံမှ အာာရှင် ကဒါဖီ  
လစ်ဗျားနိုင်ငံကိုနှစ်ပေါင်း ၄၂နှစ်နီးပါးအုပ်ချုပ်ခဲ့ တဲ့ ဗိုလ်မှူးကြီးပါ။ ဗိုလ်မှူးကြီး ကဒါဖီ ဟာ အသက် ၂၇ နှစ်အရွယ် (၁၉၆၉ ခုနှစ်)မှာ လစ်ဗျားနိုင်ငံကို အာဏာသိမ်းပိုက် အုပ်ချုပ် ခဲ့ပြီး၊ အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံတွေ အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုနဲ့  ဆက်ဆံရေး အဆင်မပြေခဲ့တဲ့ အပြင် နိုင်ငံ တကာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ခြင်း၊ နောက်ကွယ်မှ ထောက်ပံ့ပေးခြင်း၊ာတုလက်နက်ထုတ်လှုပ်မှုနှင့် လူအစုလိုက်အပြုံလိုက်ကို သတ်ဖြတ်မှု စသည့်ပြစ်မှုများကျူးလွန်ခြင်း၊ လစ်ဗျား ပြည်သူလူထုက ကဒါဖီအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြရာတွင် ပြည်သူများအား စစ်တပ်ဖြင့် နှိမ်နင်းခဲ့ခြင်း၊ အကြမ်းဖက် ချေမှုန်းခဲ့ဖြင်း စသည်တို့ ကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ NATO လေယာဉ်တွေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကဒါဖီ ရဲ့ ယာဉ်တန်းကစဥ့်ကလျားဖြစ်သွားပြီး၊ ကဒါဖီက ရေမြောင်းကြီးတစ်ခုအတွင်း ၀င်ရောက် ပုန်းအောင်းနေရာက လစ်ဗျားလွတ်မြောက်ရေးတပ် ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အောက်တိုဘာလ ၂၀ ရက်နေ့  မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ အာဏာရှင်တွေရဲ့  ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းမှုကိစ္စနှင့်ပတ် ပြီး နိုင်ငံတကာ မီဒီယာတွေက အကျယ်တ၀င့်ရေးသားဖော်ပြ ကြပေမယ့် မြန်မာ့သတင်းစာတွေမှာတော့ ကဒါဖီအကြောင်း အကျယ်တ၀င့် ရေးသားခွင့်မရခဲ့ကြပါဘူး။   

Photo: internet (အိုဆမာဘင်လာဒင်)
အိုဆမာဘင်လာဒင်
Al Qaeda လို့ ခေါ်တဲ့ မူစလင်အကြမ်းဖက်သမားအဖွဲ့ ကို စတင်ထူထောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ရဲ့  စက်တင်ဘာ ၁၁ တိုက်ခိုက်မှု၊ ဘာလီကျွန်းဗုံးခွဲတိုက်ခိုက်မှု တွေအပါအ၀င် တခြား နိုင်ငံတွေမှာ ဖောက်ခွဲမှုတွေပြုလုပ်ပြီး လူအများအပြားကို သေစေခဲ့သူပါ။ အာဖဂန်နစတန်ရှိ တာလီဘန်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသေးတယ်။ FBI က သူ့ ကို အသေရရ၊ အရှင်ရရ အလိုရှိနေတာဖြစ်ပြီး၊ ဆုတော်ငွေ (အမေရိကန်ဒေါ်လာ ၂၅သန်း) ထုတ်ပြီး အပူတပြင်းရှာဖွေခြင်းကို ခံခဲ့ရသူပါ။  အမေရိကန် သမတသုံးဆက်တိုင် (ကလင်တန်၊ ဂျော့ဘုရှ်(စ)၊ အိုဘားမား) နှစ်ပေါင်းများစွာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်၊၂၀၁၁ မေလ (၂) ရက်နေ့ မှာ အမေရိကန် အထူးစစ်သည်တွေရဲ့  သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အိုဆမာဘင်လာဒင်သေဆုံးသွားခဲ့ပေမယ့် မူစလင်အကြမ်းဖက်သမားတွေ ဟာ ပုံစံအမျိုးမျိုးနဲ့  ဖောက်ခွဲရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။   

ကဲ…၂၀၁၁ ခုနှစ်အတွင်း သေဆုံးသွားခဲ့တဲ့ ကမ္မာ ကျော် ပုဂ္ဂိုလ် တွေ ကတော့ မတူညီသော  ရှင်သန်ရပ်တည်မှုတွေနဲ့  သူတို့ ရဲ့ သမိုင်းမှတ်တိုင်တွေကို စိုက်ထူသွားခဲ့ကြတာ မြင်တွေ့ ကြရပါပြီ။ သူတို့  တွေရဲ့ သမိုင်းမှတ်တိုင်တွေကို လေ့လာကြည့်ပြီး စာဖတ်သူတွေ အနေနဲ့  အမျိုးမျိုး သင်ခန်းစာယူနိုင်ပါတယ်။ စတစ်(ဖ)ဂျော့ လို အခက်အခဲတွေကို ထိုးဖေါက်ပြီး ကျန်ရှိနေသေးတဲ့ အချိန်မှာ လူသားအကျိုးပြု တီထွင်မှုတွေ လုပ်သွားဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် အေမီဝိုင်းဟောက်(စ်) လို လူ့  ဘ၀ကို အရွဲ့  တိုက်ပြီး မူးယစ်ကျေးကျွန်ဘ၀နဲ့  ဖြတ်သန်းသွားမလား ဆိုတာကို ပေါ့ ။

တကယ်တော့ ကျွန်မတို့ အားလုံးဟာ ကိုယ့်သမိုင်းကို မှတ်တမ်းတင်ဖို့  တာဝန်အရှိဆုံး သူတွေပဲ  မဟုတ်ပါလား။

(အင်တာနက်မှ အချက်အလက်များကို ရယူပါသည်) မစုဥာ်

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။