Sunday, February 12, 2012

နယူးယောက်မြို့ တွင် ကျင်းပခဲ့သော ကိုဇာဂနာ၏ ဟောပြောပွဲ ဗီဒီယို အပိုင်း(၁)

ဖေဖော်ဝါရီ လ (၁၁) ရက်နေ့ ၊ နယူးယောက်မြို့  မှာ ကျင်းပခဲ့တဲ့ ကိုဇာဂနာရဲ့  ဟောပြောပွဲ နဲ့  ရုပ်ရှင်ပြပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ 

နယူးယောက်မှ မြန်မာမိသားစုများ ရဲ့  စုပေါင်း လှူဒါန်းမှု ကြောင့် အမေရိကန်ဒေါ်လာ ၇၀၇၀ ကို ရရှိခဲ့ပြီး၊ အဆိုပါ အလှူငွေ ကို  နိုင်ငံရေးအကျဉ်းသားများ ပြန်လည်ထူထောင်ရေး အတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့  သိရပါတယ်။ 

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မှာတော့ ၊ ကိုဇာဂနာ ဟာ Philadelphia မြို့ ကို နေ့ ချင်းပြန် သွားရောက်ခဲ့ပြီး၊ရုပ်ရှင်ပြပွဲ နဲ့  ဟောပြောပွဲ ကို မတက်ရောက်နိုင်ကြတဲ့ မြန်မာများနဲ့  သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ Philadelphia မြို့ ရှိ မြန်မာထမင်းဆိုင် က ဦးစီး ပြီး နိုင်ငံရေးအကျဉ်းသားများအတွက် လှူဒါန်းငွေ ဒေါ်လာ ၆၇၆၇ ကို ကောက်ခံ ရရှိခဲ့ကြောင်း ကြားသိရပါတယ်။ 


နယူးယောက်ဟောပြောပွဲမှ ပရိသတ်များ(ပုံ-မြစိုး)
မိတ်ဆွေများနှင့်အတူ (ပုံ-မြစိုး)
နယူးယောက်မှ ပရိသတ်များ(ပုံ-မြစိုး)

စာရေးဆရာမောင်စွမ်းရည်၊ မြန်မာဘုန်းတော်ကြီးများနှင့် မြင်တွေ့ ရသည့် ကိုဇာဂနာ(ပုံ-မြစိုး)
 
ဗီဒီယို အပိုင်း(၁)
 
photo: Rangoon Burmese Restaurant in Philadelphia (Zarganar's facebook)

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။