ဂေါပက အကြောင်း ပျက်လုံးထုတ်မိလို့  သီးလေးသီးရဲ့  နောက်ဆုံးညပွဲစဉ် ဖျက်သိမ်းခံရ (ဗီဒီယို)
ကိုဇာဂနာရဲ့  တပည့်များဖြစ်ကြတဲ့ သီးလေးသီးအဖွဲ့ သားများဟာ သန်လျှင်မြို့ နယ် က ကျိုက်ခေါက်စေတီတော်မြတ်ကြီးရဲ့  ဘုရားပွဲမှာ သုံးရက်ဖျော်ဖြေဖို့  စီစဉ်ထားခဲ့ပေမယ့်၊ ဂေါပက ကို ပျက်လုံးထုတ်ခဲ့မိတဲ့ အတွက် နောက်ဆုံးည မှာ ကပြဖျော်ဖြေခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။
အခုတလော မြန်မာပြည်နဲ့ ဆိုင်တဲ့သတင်းတွေထဲမှာ ..ရုပ်ရှင်ထုတ်လုပ်ရေးက ဆင်ဆာတွေ ကင်းလွတ်ခွင့်ပြုတာတို့ ..စာပေရေးသားမှုပိုင်းမှာလည်း ဂျာနယ်ထုတ်လုပ်သူတွေက စာပေစိစစ်ရေး ကိုတောင် တင်စရာမလိုတော့ ပဲ ထုတ်ဝေလို့ ရနေတယ်ဆိုတာတို့ ..ကို ကြားသိနေရတဲ့ အချိန်မှာ၊ လွတ်လပ်စွာ ပြောဆိုမှု တစ်ခုဖြစ်တဲ့ ပျက်လုံးထုတ်တာ ကို အခုလို အရေးယူလိုက်တဲ့ အတွက် မြန်မာ့အရေးစောင့်ကြည့်နေသူတွေ က စိတ်ပျက်နေကြပါတယ်။
|
photo: Burma VJ |
တကယ်တော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဂေါပက လူကြီးကို မဆိုထားနဲ့ ၊ အုပ်ချုပ်သူ အစိုးရကို ပင် ပွင့်ပွင့်လင်းလင်းပြောဆိုဝေဖန်လို့ ရပါတယ်။ ဥပမာ..အမေရိကန်ပြည်ထောင်စုမှာ ဆိုရင် သတင်းစာတွေ၊ အွန်လိုင်းသတင်းတွေမှာ သမ္မတအိုဘားမားကို လှောင်ပြောင်ပျက်လုံးထုတ်ထားတဲ့ ကာတွန်း(သို့ မဟုတ်) ရေးသားမှုတွေ၊ တီဗီသတင်း ဖွင့်လိုက်ပြန်ရင်လဲ အုပ်ချုပ်သူအစိုးရရဲ့  အားနည်းချက်၊ အားသာချက်တွေ ကို ဝေဖန်သုံးသပ်ပြနေတဲ့ အစီအစဉ်တွေ ကို နေ့ စဉ်နဲ့  အမျှမြင်တွေ့ လို့  နေကြရပါတယ်။ အဲ.. ဝေဖန်မှုတွေ က အရမ်းကို တဘက်စွန်းရောက်သွားခဲ့ပြီး (ဒါမှမဟုတ်) မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့  ဂုဏ်သရေကျဆင်းစေခဲ့ရင် ဝေဖန်ခံရသူဘက်က တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းခွင့်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီလို လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် ကို ကျင့်သုံးနေခဲ့ကြတာ မနေ့ တနေ့ ကမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော် ကတည်းကပါ။ ၁၇၉၁ ခုနှစ် မှာ အမေရိကန်နိုင်ငံရဲ့  တည်ဆဲ အခြေခံဥပဒေ ကို Amendments လို့ ခေါ်တဲ့ ပြင်ဆင်ဖြည့်စွက်မှု အချက် ၂၇ ချက်ကို ထပ်မံဖြည့်စွက်ရေးစွဲကြရာမှာ၊ ပြင်ဆင်ချက် အမှတ်စဉ်(၁) အဖြစ် အမေရိကန် နိုင်ငံသားတိုင်းဟာ မိမိယုံကြည်တဲ့ အတိုင်း လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့် နဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အပြည့်အ၀ ရှိရမယ်လို့  တရားဝင်ထုတ်ပြန် ပြီးကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ
့ မြန်မာပြည်ရဲ့  အခြေအနေကို နှိုင်းယှဉ်ပြီး ပြောရကောင်းလား လို့ 
ကျွန်မကို အပြစ်တင်ချင်သူတွေ ရှိပါလိမ့်မယ်။မြန်မာနိုင်ငံ
ကို အမေရိကန်ပြည်ထောင်စု လို လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံအဖြစ်
ပြောင်းလဲဖို့ 
ချက်ခြင်းလက်ငင်းကြီး မဖြစ်နိုင်မှန်းကျွန်မသိပါတယ်။ ဒါပေမယ့်..လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော် ကတည်းက ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးနေခဲ့ကြတဲ့ "လွတ်လပ်စွာပြောဆိုဝေဖန်မှု၊ ရေးသားဖော်ပြမှု" ဆိုတဲ့ အခြေခံ အခွင့်အရေးလေး တစ်ခုကို တောင် ကျွန်မတို့ နိုင်ငံမှာ အခုထက်ထိ အပြည့်အ၀ လက်ခံကျင့်သုံးခွင့် မရသေးတာကို ထောက်ပြချင်လို့ ပါ။
တကယ်တော့ မြန်မာပြည်သူပြည်သားတွေဟာ လူထဲက လူတွေပါ၊ လက်တစ်ဆုပ်စာသော လူတစ်စု ရဲ့ တင်းကြပ်စွာကန့် သတ်ချုပ်ချယ်မှုတွေ အောက်မှာ သန်းပေါင်းများစွာသော ပြည်သူလူထု ဟာ သူတို့ ရဲ့  မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို တောင် လက်လွတ်ဆုံးရှုံးနေကြရတာ အင်မတန်မှ ၀မ်းနည်းစရာပါ။
ကျွန်မတို့ နောက်ကျနေခဲ့တာ နှစ်ပေါင်း ဆယ်စုနှစ်မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀၀ကျော်ပါ။
(ဗီဒီယို။ Burma VJ )
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။