Sunday, January 29, 2012

အမေစု ကို ချစ်ခင်အားပေးကြသော ထားဝယ်လူထု



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့  ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် တနသ်ာရီတိုင်း ထားဝယ်မြို့ကို ဒီကနေ့ မနက်မှာ သွားရောက်ခဲ့ပါတယ်။ ယခင့် ယခင် နိုင်ငံတော် အကြီးအကဲတွေ နယ်တွေ ကို အလည်လာတဲ့ အခါ  'တစ်အိမ်တစ်ယောက် မလာ မနေရ' ဆိုတဲ့ အမိန့် မျိုး ထုတ်လို့  ပြည်သူတွေ မလွန်ဆန်နိုင်ပဲသွားခဲ့ကြရတာတွေ ရှိခဲ့ပေမယ့်၊ အခု အမေစု လာမယ်ဆိုတော့ ...ဘာအမိန့် မှ ထုတ်စရာမလို..ထားဝယ်သူ ထားဝယ်သားတွေ (ကလေးလူကြီးပါမကျန်)  သောင်းသောင်းဖြဖြ လာရောက်ကြိုဆိုကြတဲ့ ပုံတွေ  မြင်တွေ့ ရတာ အားရကျေနပ်စရာပါ။

မိတ်ဆွေတစ်ဦးရဲ့  ပြောပြချက်အရ..မြို့ အ၀င်မှ အမေစု မိန့် ခွန်းပြောမယ့် နေရာသို့ အသွား  လမ်းဘေးတစ်ဘက်တစ်ချက် မှာ စောင့်ကြိုနှုတ်ဆက်နေသူများနဲ့ ပြည့်နှက်နေခဲ့ပြီး၊  လမ်းများမပိတ်ဆို့ အောင် ထားဝယ်လူငယ်များက ဆိုင်ကယ်များဖြင့် လိုက်လံရှင်းလင်းပေးခြင်း၊ ထားဝယ်မြို့ မှ တခြားမြို့ များသို့ ပြေးဆွဲသည့် လိုင်းကားများ ဒီကနေ့ တွင် ရပ်နားကာ အမေစု ခရီးစဉ်အတွင်း အများပြည်သူ အဆင်ပြေစေရန် ကူညီခြင်း၊ မြို့ ခံအချို့ က အမေစု ၏ ကားတန်းကို လက်ပြရင်း မျက်ရည်များကျကာ အော်ဟစ်ငိုကြွေးကြသည်အထိ မိမိတို့ ၏ ထောက်ခံမှုများကို ပြသခဲ့ကြောင်းသိရပါတယ်။ အကြံအဖန်တွေ မပါတဲ့ ပြည်သူ့ ဆီက စစ်မှန်တဲ့ ထောက်ခံမှုတွေပါပဲ။

ဘာလက်နက်မှ မကိုင်ပဲ၊ တစ်ယောက်တည်းနဲ့  တစ်တိုင်းပြည်လုံးကို လှုပ်ရှားစေနိုင်တဲ့ အမေစုရဲ့  အစွမ်းအစတွေပါ။


ထားဝယ်မြို့ တော် facebook စာမျက်နှာ  မှာ မြင်တွေ့ ရတာ  တွေ့ရတဲ့ ဓာတ်ပုံတွေ နဲ့  တခြား facebook မှာ တက်လာတဲ့ ပုံတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်












No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။