အရှိန်ဟုန်ပြင်းစွာ ပြောင်းလဲတိုးတက်နေတဲ့ အိုင်တီ ခေတ်ကြီးထဲမှာ
မြန်မာလူငယ်တွေလဲ လိုက်ပါပြောင်းလဲနေကြတာကို မြင်တွေ့ နေရပါတယ်။ မြန်မာ လူငယ်တွေဟာ
facebook တွေ၊ ဘလော့ခ်တွေ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြပြီး မိမိရဲ့ ကွန်ပျူတာပြတင်းကနေ တဆင့် ကမ္ဘာတစ်ဝန်းကို လှမ်းကြည့်လို့ အမှီလိုက်လာနေကြတာ ၀မ်းသာစရာပါ။
တချို့ က အင်တာနက်ကနေ တဆင့် ကမ္ဘာတ၀န်းက လူတွေနဲ့  မိတ်ဆွေသစ်တွေဖွဲ့ ကြ (တချို
့ ဆိုရင် အိမ်ထောက်ဘက်တောင် ရသွားကြ)၊ တချို့ က facebook ကို ပညာရေးနဲ့  ဗဟုသုတဖြန်
့ ဖြူးရေး အတွက် အသုံးပြုကြပြီး၊ အချို့ ကတော့ သူများတွေရေးထားတာတွေကို ညစ်ညစ်ထေးထေး ဆဲဆိုပြီး
အပုပ်ချဖို့ အတွက် စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုလာကြတာကို မြင်တွေ့ နေရပါတယ်။
သေချာတာကတော့ ၁၉၉၀ ၀န်းကျင်လောက်ကနဲ့ နှိုင်းယှဉ်ရင် အခုနှစ်ပိုင်းမှာ မြန်မာလူငယ်တွေဟာအင်တာနက်ကို ပိုပြီးအသုံးပြုလာနေကြတာပါပဲ၊ ဒီနေရာမှာ တန်ဖိုးရှိလှတဲ့အချိန်ကာလ ကို အလဟဿ မဖြုန်းတီးမိစေဖို့ တော့ လိုပါလိမ့်မယ်။ အင်တာနက်ကို
အကျိုးရှိရှိအသုံးပြုတတ်မယ်ဆိုရင် ကိုယ့်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်နဲ
့ လူ့ အဖွဲ့  အစည်းအတွက် ပါ အကျိုးပြုနိုင်တယ်ဆိုတာကို ဥပမာတစ်ခုနဲ့  တင်ပြချင်ပါတယ်။
ခွဲစိပ်ကုသမှုမခံရမီ မောင်သန်းဇော်ဦး(ပုံ- ဆုမွန်facebook) |
နိုဝင်ဘာလ အစောပိုင်းလောက်က facebook ထဲမှာ မောင်သန်းဇော်ဦးဆိုတဲ့
အသက် (ရ)နှစ်အရွယ် ကလေးငယ်ဟာ အသည်းမှာ ရေအိတ်တည်နေတဲ့ ရောဂါကို ခံစားနေရပြီး ခွဲစိပ်
ကုသမှု
ခံယူဖို့  အတွက် အရေးတကြီးငွေလိုအပ်နေကြောင်း၊ မောင်သန်းဇော်ဦးမှာ ၇ လသားအရွယ် ညီတစ်ယောက်ရှိပြီး၊
သူတို့ ရဲ့ ဖခင်က ဆုံးပါးသွားပြီဖြစ်တဲ့ အတွက် သူ့ ကို ခွဲစိပ်ကုသဖို့  မိခင်ဖြစ်သူမှာ
ငွေကြေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ မဆုမွန်အောင်နှင့် သူငယ်ချင်းများအဖွဲ
့က မောင်သန်းဇော်ဦးကို ကူညီဖို့ အလှူငွေများ ကောက်ခံနေကြကြောင်း၊ ပါဝင်လှူဒါန်းကြဖို
့ ဆော်သြထားတာ ကို ဖတ်လိုက် မိပါတယ်။ facebook မှာ ကလေးငယ်ရဲ့  ဓာတ်ပုံတွေကို တင်ထားပြီး တစ်ပတ်အတွင်းမှာပဲ ပြည်တွင်းအလှူရှင်တွေ သာမက
နိုင်ငံခြားရောက်နေတဲ့ မြန်မာလူမျိုးတွေအပါအ၀င် စိတ်ဝင်တစား
အလှူငွေတွေ ထဲ့ဝင်ကြတဲ့အတွက် စုစုပေါင်း ၃၅
သိန်းကျော် ရရှိတဲ့ အကြောင်းနဲ့  ဒီဇင်ဘာလ ဒုတိယပတ်မှာ မောင်သန်းဇော်ဦး ကို အလုံဆေးရုံမှာ
အောင်မြင်စွာခွဲစိပ်ကုသနိုင်ခဲ့တဲ့ အကြောင်းကို ၀မ်းသာစရာ ဖတ်လိုက်ရပါတယ်။ ခွဲစိပ်ကုသမှုအပြီး မောင်သန်းဇော်ဦးနှင့်မိသားစု (ပုံ-ဆုမွန်facebook) |
ဓာတ်ပုံမှာ
မြင်တွေ့ ရတဲ့ အတိုင်း၊ မောင်သန်းဇော်ဦးရဲ့ ခွဲစိပ်မှုမခံရမီဘ၀ နဲ့  ခွဲစိပ်ပြီးဘဝ
ဟာ အင်မတန်မှ ကွာခြားသွားတာကို မြင်တွေ့ ကြရမှာပါ။ ရုတ်တရက် ပြောင်းလဲသွားတဲ့ မောင်သန်းဇော်ဦးရဲ
့ ဘ၀အခြေအနေအတွက် သူကိုယ်တိုင်နဲ့  သူ့ မိခင်မှာ ဘယ်လောက် ၀မ်းသာကြည်နှူးကြရမလဲ ဆိုတာ
မှန်းဆကြည့်နိုင်ပါတယ်။
ကျွန်မ အထူးပြောလိုတာက လူ့ လောကရဲ့  ကောင်းကျိုးကို
သယ်ပိုးတဲ့နေရာမှာ ပညာတွေသိပ်တတ်နေဖို့ ၊ သန်းကြွယ်သူဌေးဖြစ်နေဖို့  ၊ သြဇာရှိသူတွေ
ဖြစ်ဖို့ မလိုအပ်ပါဘူး။ အလှူငွေကောက်ခံကြတဲ့ မဆုမွန်အောင်နဲ့  သူငယ်ချင်းတွေဟာ သန်းကြွယ်သူဌေးတွေ
မဟုတ်ကြပါဘူး၊ အတွေးအခေါ်ပညာရှင်ကြီးတွေ လည်းမဟုတ်ကြပါဘူး။ အသက်နှစ်ဆယ်နဲ့ သုံးဆယ်ဝန်းကျင်သာ
ရှိကြသေးတဲ့ မြန်မာလူငယ်လေးတွေပါ၊ သူတို့  အရွယ်လူငယ်တွေ chatting တွေလုပ်ပြီး အချိန်ဖြုန်းနေချိန်မှာ
သူတို့ က တော့ အကူအညီလိုအပ်နေသူ အတွက် အင်တာနက်ကို အကျိုးရှိရှိအသုံးပြုနိုင်ခဲ့ကြတာ
ကို သတိမူ စေချင်ပါတယ်။
တကယ်တော့ အင်တာနက်ကို နေ့ စဉ် သန်းပေါင်းများစွာသော လူတွေ
အသုံးပြုနေကြတာ မထူးဆန်းပါဘူး။ အသက်အရွယ်မရွေး၊ ပညာဂုဏ်အဆင့်အတန်းမရွေး အင်တာနက်ကို လူမျိုးစုံသုံးကြပါတယ်။
အချို့  က ကွန်ပျူတာကိန်း(မ်) ဆော့ရင်း၊ အချို့ ကတော့ ညစ်ညမ်းပုံတွေ ပါတဲ့ ၀က်ဆိုဒ်တွေ
ကို ကြည့်ရင်း၊ တချို့ ကတော့ ရုပ်ရှင်တွေကို ကြည့်ရင်း အချိန်တွေ ကုန်ဆုံးကြရပါတယ်။
ကောင်းကောင်းမွန်မွန် အသုံးပြုတတ်မယ်ဆိုရင် အင်တာနက် ဟာ ကိုယ့်ဘ၀အတွက်၊ ကိုယ့်ပတ်ဝန်းကျင်က
လူတွေ၊ အကူအညီလိုအပ်နေသူတွေ အတွက် အင်မတန်မှ အထောက်အကူပြုမယ့် ကိရိယာလေး တစ်ခုပါပဲ။
လူသားတွေဟာ မိမိမွေးဖွားရာအချိန်ကာလ ကနေ သေဆုံးသွားသည်အထိ ကမ္ဘာမြေကြီးပေါ်မှာ ယာယီနေထိုင်နေကြသူတွေ ပဲဖြစ်ကြပါတယ်။ဒီတိုတောင်းလှတဲ့ ကာလအတွင်းမှာ ကိုယ့်အတွက်၊ လောကကြီးအတွက် ဘာမှ မလုပ်ပဲ တိတ်တဆိတ် နေထိုင်ပြီး ပြန်ထွက် သွားကြသူတွေရှိသလို၊ ဖျက်စီးမှုတွေလုပ်ပြီး လောကကြီးကို အပျက်အစီးတွေနဲ့ ချန်ထားခဲ့သူတွေ လဲ ဒုနဲ့  ဒေး ရှိကြပါတယ်။ တလောက အမေရိကန်ပြည်ထောင်စုရဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက် လိင်တူခြင်းဆက်ဆံတဲ့ ဗီဒီယိုခွေကို သူ့ သူငယ်ချင်းတွေက အင်တာနက် ကနေတဆင့် ဖြန့် ချလိုက်တဲ့ အတွက် အဆိုပါ ကျောင်းသား ဟာ အရှက်လွန်ပြီး တံတားပေါ်က ခုန်ချကာ သေကြောင်းကြံသွားခဲ့ပါတယ်၊
ကျောင်းသားလေးဟာ ပီယာနိုတီးခတ်ရာမှာ အင်မတန် ထူးချွန်လွန်းလို့  တနေ့ မှာ ကမ္ဘာကျော် ပီယာနိုတီးသူဖြစ်လာမယ်လို့ သူ့ ဆရာ ဆရာမတွေက မျှော်လင့်ထားခဲ့တဲ့အတွက် သူ့ ရဲ့ သေဆုံးမှု ကို သူတို့ တွေ ယူကျုံးမရဖြစ်ခဲ့ကြရပါတယ်။ ဗီဒီယိုဖြန့် တဲ့ ကျောင်းသူကျောင်းသား တွေလဲ ထောင်ကျခဲ့ကြရပါတယ်။
ဒါကြောင့် ကွန်ပျူတာခလုတ်တွေ ဟာ အသုံးမပြုတတ်ရင် လူသတ်လက်နက်ဖြစ်သွားနိုင်ပြီး၊ အသုံးပြုတတ်ရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆက်သွယ်ရေး ကိရိယာလေးတစ်ခုပါ။
ကျောင်းသားလေးဟာ ပီယာနိုတီးခတ်ရာမှာ အင်မတန် ထူးချွန်လွန်းလို့  တနေ့ မှာ ကမ္ဘာကျော် ပီယာနိုတီးသူဖြစ်လာမယ်လို့ သူ့ ဆရာ ဆရာမတွေက မျှော်လင့်ထားခဲ့တဲ့အတွက် သူ့ ရဲ့ သေဆုံးမှု ကို သူတို့ တွေ ယူကျုံးမရဖြစ်ခဲ့ကြရပါတယ်။ ဗီဒီယိုဖြန့် တဲ့ ကျောင်းသူကျောင်းသား တွေလဲ ထောင်ကျခဲ့ကြရပါတယ်။
ဒါကြောင့် ကွန်ပျူတာခလုတ်တွေ ဟာ အသုံးမပြုတတ်ရင် လူသတ်လက်နက်ဖြစ်သွားနိုင်ပြီး၊ အသုံးပြုတတ်ရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆက်သွယ်ရေး ကိရိယာလေးတစ်ခုပါ။
အင်တာနက်ကို အကျိုးရှိစွာအသုံးပြုနိုင်ကြဖို့ လူတိုင်း
လူတိုင်း ကြိုးစားနိုင်ကြပါစေ။
မစုဥာဏ်
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။