Tuesday, December 20, 2011

၂၀၁၁ ဒီဇင်ဘာလ (၂၀)ရက်နေ့ ပြင်ပမီဒီယာများတွင် ဖော်ပြသော မြန်မာ့သတင်းမှတ်စု


Thai Prime Minister Met with Aung San Suu KYi on Dec 20, 2011 (photo: Yonhap News)

ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်နှင့် ဒေါ်ဆောင်ဆန်းစုကြည်တွေ့ ဆုံ
ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် နဲ့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့  ဒီဇင်ဘာလ ၂၀ရက်နေ့ မှာ ပထမဦးဆုံး အကြိမ်တွေ့ ဆုံခဲ့ကြပါတယ်။ တွေ့ ဆုံဆွေးနွေးမှုကို ရန်ကုန်မြို့ ရှိ ထိုင်းသံအမတ်ကြီးရဲ  နေအိမ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး၊ နာရီဝက်ခန့် ကြာတယ်လို့ သိရပါတယ်။ အရှေ့  တောင်အာရှနိုင်ငံများရဲ့ ၀န်ကြီးချုပ်တွေထဲမှာ ယင်လတ်ရှင်နာဝပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့  ပထမဦးဆုံးတွေ့ ဆုံခဲ့တဲ့  ၀န်ကြီးချုပ်ဖြစ်ပြီး၊ တွေ့ ဆုံဆွေးနွေးမှုအသေးစိပ် အချက်အလက်တွေကို တော့ နှစ်ဘက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ (Source: Washington Post)

မြန်မာ့ာတ်ငွေ့ ထိုင်းက ပိုဝယ်မည်
မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာ့ာတ်ငွေ့ တွေကို ပိုမိုဝယ်ယူသွားဖို့  အစီအစဉ်ရှိကြောင်း ထိုင်း စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ လိုအပ်မှုတွေကို ဖြည့်ဆည်းဖို့  လာမယ့် နှစ်၂၀အတွင်း မြန်မာနိုင်ငံမှ သဘာဝာတ်ငွေ့ ပေါင်း တစ်ရက်လျှင် ၂သန်း ကုဗပေ အနည်းဆုံး ၀ယ်ယူသွား ဖို့ ရှိကြောင်း သိရပါတယ်။ လက်ရှိ အချိန်မှာ ထိုင်းနိုင်ငံအတွင်း သဘာဝာတ်ငွေ့ သုံးစွဲမှုနှုန်းက တစ်ရက်လျှင် ၁.၁ သန်းကုဗပေသုံးစွဲလျှက်ရှိပြီး၊ လျှပ်စစ်ာတ်အားထုတ်လှုပ်မှု လုပ်ငန်းတွေမှာ ပိုမိုအသုံးပြုနေတာဖြစ်ပါတယ်။ မန်မာ့ာတ် ငွေ့ က လက်၇ှိထိုင်းနိုင်ငံအတွင်း သုံးစွဲနေမှု ရဲ့  ၃၀% ကို ဖြည့်ဆည်းပေး နေကြောင်းသိရှိရပါတယ်။  တရက်တခြား တိုးပွားလာနေတဲ့ ပြည်တွင်းလိုအပ်မှုတွေကို အချိန်မီ ဖြည့်ဆည်းနိုင်ဖို့  ထိုင်းနိုင်ငံ က  အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့  ကမ္မောဒီးယားနိုင်ငံတွေဆီက ရယူဖို့  ကြိုးစားနေတာဖြစ်ပါတယ်။ (Source: Reuters)

ဘင်္ဂလားဒေ့ရှ်မှ မြန်မာဒုကသည်များကို ပြန်လည်ခေါ်ယူမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိတိမ်းရှောင်နေသည့် မြန်မာဒုကသည် အချို့ ကို ပြန်လည်ခေါ်ယူရန် သမ္မတဦးသိန်းစိန်က သဘောတူလိုက်ကြောင်းသိရသည်။ ယခုလ အစောပိုင်းက သမတဦးသိန်းစိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် Sheikh Hasina တို့  တွေ့ ဆုံဆွေးနွေးရာတွင် ထိုသို့  သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည် ဟု ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက AFP သို့  ပြောကြားခဲ့သည်။
ဒုကသည်တွေထဲမှာ အချက်လေးချက်နဲ့  ကိုက်ညီတူတွေကို ပြန်လာခွင့်ပြုမှာဖြစ်ပါတယ်။ တစ်ချက်ကတော့ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထားခိုင်လှုံဖို့ ဖြစ်ပါတယ်“ လို့ အဆိုပါ အရာရှိက ပြောကြားခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်ကြောင့် မြန်မာနိုင်ငံသား ၂၅၀၀ ခန့် ကို ပြည်တွင်းသို့  ပြန်လည်နေထိုင်ခွင့်ပြုနိုင်မည်ဖြစ်ပြီး၊ ရိုဟင်ဂျာလူမျိုးစု များအားပြန်လည်ခေါ်ဆောင်ရန် သဘောတူညီခြင်းမရှိသေးကြောင်း သိရသည်။ (Source: AFP)


No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။