Thursday, December 15, 2011

စစ်ပြေးကချင်ဒုက္ခသည်များ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း မြို့ သို့ တိမ်းရှောင်လာကြ

ဒီကနေ့ မနက် အီးမေလ်းမှ တဆင့် ပေးပို့ လာတဲ့ သူငယ်ချင်းတစ်ယောက်ဆီက ပုံတွေပါ။ကချင်ပြည်နယ် က စစ်ပြေး ဒုက္ခသည်များ နမ့်ခမ်း မြို့ အောင်မေတ္တာ ရပ်ကွက် ကို ရောက်ရှိနေကြပြီး၊ အခုစာရေးချိန်အထိ အားလုံးပေါင်း အယောက်၂၀၀ယောက်ခန့် ရှိကြောင်းသိရှိရပါတယ်။

IMG0276A.jpg

အိမ်ထဲမှာ နေနေတဲ့ လူတွေ တောင် ခိုက်ခိုက်တှုန်အောင် ချမ်းတဲ့ ရှမ်းပြည်နယ်ရဲ့  ဆောင်းညတွေကို သူတို့ တွေ  ( အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေနဲ့  သက်ကြီးရွယ်အိုတွေ)  ဘယ်လို ဖြတ်သန်းနေကြမလဲ။ အိမ်မဲ့ ရာမဲ့ဘ၀နဲ့ ၊ ကျီးလန့် စာစားဘ၀ ကို ဘယ်လောက်အထိ ဆက်ပြီး နေထိုင်သွားကြရဦးမှာလဲ။
အာဆီယံ နိုင်ငံများရဲ့ ဥကဌ အဖြစ်၊ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်ဖို့ ထက် ဒီတိုင်းရင်းသားတွေရဲ့  အခက်အခဲကို အရင်ရှင်းပါဦး။ လတ်တလော သတင်းတွေထဲမှာ မြန်မာပြည်အလည်လာမယ့် နိုင်ငံခြားအရေအတွက် တွေ ပိုမိုများပြားလာတော့မှာမို့  ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ ဆိုတဲ့ အသံတွေကြားနေရတယ်။ အိမ်တကာ လှည့်ပြီး ကိုယ့်ကြောင်းတွေ လျှောက်ကြွားနေမယ့် အစား၊ အိမ်မှာငိုနေတဲ့၊ အစာမ၀တဲ့ ကလေးတွေ ရဲ့ အပူတွေကို အရင်ရှင်းပါဦး အစိုးရသစ်ကြီးရယ်။ အိမ်ပြင်မှာ မီးလောင်တာက မှ သူများတွေ ၀ိုင်းပြီး ငြိမ်းပေးလို့ လွယ်ဦးမယ်၊ အိမ်တွင်းမှာ ပိတ်မိနေပြီး မီးလာင်တာက ပိုပြီးငြိမ်းရခက်မယ်နော်။  ဒီမီးက လောင်နေတာလဲ နှစ်ပေါင်းတော်တော်ကြာနေပြီ။ 
                                                                                မစုဥာ်
IMG0270A.jpg 
IMG0265A.jpg 
IMG0280A.jpg 
 IMG0279A.jpg

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။