Thursday, December 29, 2011

မီးလျှံကြားမှ စွန့် လွတ်၊စွန့် စားရဲသူများ

Photo: 7 day news

လူတွေ ဟာ မိမိကိုယ်ကို အချစ်ဆုံးလို့ ဆိုကြပါတယ်။ “ကမ္ဘာမီးလောင် သားတောင်ချနင်း” ဆိုတဲ့ စကားပုံ ကို ကြည့်ခြင်းအားဖြင့် လည်း အဲဒီဆိုရိုးက မှန်တယ်လို့ ကျွန်မထင်ခဲ့ပါတယ်။ အဖွဲ့ လိုက်ာတ်ပုံကို ရိုက်ကြလို့ာတ်ပုံ ကို ပြန်ကြည့်ကြတဲ့ အခါ၊ လူတွေ အများကြီးထဲက ကိုယ့်ပုံကို အရင်ဦးဆုံး ရှာကြည့်မိတဲ့ အသေးဖွဲ အပြုမူကြောင့်၊ လူတွေဟာ မသိစိတ်ထဲကနေ မိမိကိုယ်ကို အချစ်ဆုံးပဲ ဆိုတာ ကျွန်မထောက်ခံခဲ့ပါတယ်။ ဒါပေမယ့်..ဒီကနေ့  မင်္ဂလာတောင်ညွန့် က မီးလောင်မှု မှာ အသက်ပေးသွားတဲ့ မီးသတ်ရဲဘော်တွေ ကြောင့် ကျွန်မ ခေါင်းထဲ အတွေးတွေ အများကြီး ၀င်လာခဲ့ပါတယ်။

မီးဆိုတာ ပူမှန်း သူတို့ တွေ သိကြတယ်။   

ကိုယ့်အသက် အနရာယ်ရှိနိုင်မှန်းလည်းသိမှာ အသေအချာပဲ။  

တခြားနိုင်ငံတွေမှာလို “အသက်အာမခံစနစ်” ဆိုတာ မြန်မာပြည်မှာ မရှိလို့  ကိုယ်သေသွားရင် ကိုယ့်မိသားစုအတွက် အကျိုးခံစားမှုတွေ ဘာမှ ထားခဲ့နိုင်မှာ မဟုတ်ဘူး ဆိုတာကို လဲ သူတို့  ကောင်းကောင်း နားလည်ထားကြမှာပဲ။  

လူသားပီပီ ကိုယ့်အသားပူမှာ၊ နာ မှာ ကို လဲကြောက်တတ်ကြမှာပဲ။

မီးတွေကြားထဲ ပိတ်မိနေသူတွေထဲမှာ သူတို့ နဲ့ တခါမှ မမြင်ဖူးတဲ့ သူစိမ်းတွေ ဒါမှမဟုတ် ကြည့်မရတဲ့ သူတွေလဲ ပါကောင်းပါနေမှာပဲ။ 

                             ဒါပေမယ့်

 မီးတောက်တွေ ကြားမှာ ငိုနေတဲ့ ကလေးတွေ အသံကိုကြားလိုက်တဲ့အခါ.......

 လမ်းမလျှောက်နိုင်တဲ့ အဖွားအို၊ အဖိုးအိုတွေ က ကယ်ပါ၊ ယူပါ အော်နေကြတဲ့ အသံတွေ  
          ကို ကြားလိုက်တဲ့အခါ…

မီးတောက်တွေ ကြားမှာ လူးလိမ့်နေတာ လူသားတစ်ယောက်ဆိုတာ သိလိုက်တဲ့ အခါ...

အကူအညီပေးလိုစိတ်တစ်ခုတည်းနဲ့  (လူသားအချင်းချင်းရိုင်းပင်းလိုစိတ် တစ်ခုတည်းနဲ့ ) 
ကိုယ့်အသက်ကို ပာန မထားပဲ…အရှိန်ညီးညီး ပူနေတဲ့ မီးတောက် မီးလျှံတွေကြားထဲ ကို ရဲရင့်တဲ့ ခြေလှမ်းတွေနဲ့ ...သူတို့ ...တလှမ်းခြင်း..ထိုးဖောက်ဝင်ရောက်သွားခဲ့ ကြတာ ဖြစ်မှာပဲလို့ ။

(ပြည်သူ့ အကျိုး ကို အသက်စွန့် သယ်ပိုးသွားသည့်..တာမွေမီးသတ်တပ်ဖွဲ့မှ မီးသတ်သားများဖြစ်သော ဇော်ဌေး ၊ တင်စိုး၊ မျိုးကျော်ကျော် ၊အောင်အောင် နှင့် သော်ဇင်မျိုးထက် တို့ အား ဂါရ၀ပြုအပ်ပါသည်။)   



Photo: 7 day news

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။