Friday, January 11, 2013

စကားပြောသော ဓာတ်ပုံ

တခြား ကလေးငယ်တွေလို အပူပင်မဲ့ ဆော့ကစားချင်ပေမယ့်..
   စာသင်ကျောင်းဆိုတာဝေးလို့ ...

    နေစရာအိမ်မရှိ
    စားစရာ ပုံမှန် မရှိ နဲ့  
    အသက်ဘေး အတွက် တထိတ်ထိတ်ဖြစ်နေရတဲ့  ကချင်ပြည်နယ် က ကလေးတွေ    
    စိုးရိမ်ထိတ်လန့် မှု ၊  စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းရတော့မယ်။
 

   သူတို့ လေးတွေ ...

    ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်းနေကြရမလဲ ?

         စစ်ကြီးပြီးသွားရင်တောင် စာသင်ခွင့်ရပါဦးမလား ? 

           
ကလေးငယ်တွေ အတွက် ငြိမ်းချမ်းလှုံခြုံတဲ့ ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးနိုင်ဖို့ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံရေးနည်းနဲ့ ပဲဖြစ်ဖြစ်၊ ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် ကချင်ပြည်နယ်အရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းများထံ အလှူငွေများ ပေးပို့ လှူဒါန်းခြင်းနည်းနဲ့ ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူတို့  ရသင့်တဲ့ အခွင့်အရေးတွေ အတွက် ပါဝင်တိုက်ပွဲဝင်ပေးခြင်းနည်းနဲ့ ဖြစ်ဖြစ် တတ်စွမ်းသရွှေ့ ...ကျွန်မတို့ ကူညီ ဆောင်ရွက်ကြပါစို့ ။
မစုဥာဏ်

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။