Saturday, November 3, 2012

ဟာရီကိန်းစင်ဒီ အပြီး နယူးယောက်မြို့ က အခြေအနေ

အမေရိကန်ပြည်ထောင်စု အရှေ့ ဘက်ခြမ်းမှာ အောက်တိုဘာလ ၂၈ နဲ့ ၂၉ ရက်တုန်းက ၀င်ရောက် တိုက်ခတ်သွားတဲ့ ဟာရီကိန်း Sandy အပြီး မြင်ရတဲ့ နယူးယောက်မြို့ က မြင်ကွင်းတချို့ ပါ။  ဒီကနေ့ မုန်တိုင်းကျပြီး ၆ ရက်မြောက်နေ့ မှာတော့...အခြေအနေက တဖြည်းဖြည်းပြန် ကောင်းလာပြီ ဆိုပေမယ့် ပုံမှန်မဖြစ်သေးပါဘူး။ လူပေါင်း ၁.၂သန်းလောက် က မီးမရသေးတဲ့ အတွက် အအေးဒဏ် ခံနေရပါတယ်၊ မြို့ ပတ်ရထားတွေ အကုန်မပြေးနိုင်သေးလို့  အလုပ်ကို ခြေကျင်လျှောက်ကြသူ က လျှောက်ရပါတယ်။ အိမ်ခြေပေါင်း ၁၀၀ ကျော်မီးလောင်ပျက်စီးသွားပါတယ်။ ပျက်စီးဆုံးရှူံးမှု စာရင်း အသေးစိတ်မထုတ်ပြန်သေးပါဘူး။ မြန်မာတွေ အိမ်ပါ မပါ မသိရသေးပါဘူး။
National Guard soldiers carry a patient down a stairwell at Bellevue Hospital on Nov. 1, in New York. (Sheri Fink)
Photo:Sheri Fink
ဆေးရုံ ၃ ရုံမှာ မီးစက်တွေ ပျက်သွားလို့  လူနာတွေ အကုန် သယ်ထုတ်ရတယ်။ ကျွန်မ တာဝန်ကျတဲ့   Bellevue ဆေးရုံမှာ လူနာ ၇၀၀ ရှိပါတယ်၊ မီးကမရှိတော့ ဆေးရုံထဲမှာ လက်နှိပ်မီးနဲ့ အလုပ်လုပ်ရပါတယ်။ လူနာတွေကို US Army နဲ့  NYPD က စစ်သား တွေ၊ ရဲတွေ က အခုလို လာကူပြီး ၁၇ ထပ်ကနေ တက်လိုက်၊ ဆင်းလိုက် သယ်ကြပါတယ်။ လေ၀င်လေထွက် စနစ် ကလဲ လျှပ်စစ်မီး နဲ့  ထိန်းချုပ်ထားတဲ့ အတွက် အခုလို မီးမရချိန်မှာ အနံ့အသက်တွေ တော်တော်ဆိုးပါတယ်။ာတ်ဆီဆိုင်တွေမှာ ဆီမရှိလို့ ကားတွေက မလာနိုင်၊ အောက်စီဂျင်လို တဲ့ လူနာတွေဆီ အချိန်မီ မရောက်လာနိုင်နဲ့  ဆေးရုံထဲမှာ တော့   ပြသာနာပေါင်းစုံနဲ့ ပါ။ 
နှင်းမုန်တိုင်းတွေ ကို မကြာခန ကြုံဖူးပေမယ့် အားပြင်းတဲ့ ဟာရီကိန်းကို တော့ ဒီတခါ ပဲ ကြုံဖူးပါသေးတယ်။ တစ်နာရီ မိုင် ၆၅ ကနေ ၇၀ မိုင်အထိ တိုက်ခဲ့တဲ့ ဟာရီကိန်းစင်ဒီ နဲ့  ကြုံလိုက်ရတဲ့ အခါ၊ တစ်နာရီ လေတိုက်နှုန်း ၁၃၀ မိုင်ကျော်နှုန်းနဲ့ တိုက်ခဲ့တဲ့ နာဂစ် မုန်တိုင်း က လူတွေ ကို သွားသတိရမိတယ်။ ယိုင်နဲ့ နဲ့ ဖြစ်နေပြီးသား အိမ်တွေမှာ မုန်တိုင်းကြောင့် အမိုးတွေ လွှင့်ထွက်ချိန်မှာ သူတို့ တွေ ဘယ်လောက်များ ကြောက်ကြမလဲလို့ သွားပြီးတွေးမိပါတယ်။ ကြိုတင်သတိပေးချက်တွေ မရှိ၊ ပြင်ဆင်မှုမရှိနဲ့ ။ အကူအညီ မရလိုက်တဲ့ နာဂစ်တုန်းက လူတွေ ရဲ့  ဘ၀ကို ပိုပြီး စာနာမိပါတယ်။   နှစ်တွေသာ ကြာသွားတယ်၊ နာဂစ်တုန်းက ဘ၀ပျက်သွားတဲ့ တချို့ ဆို အခုထိ ပြန်ပြီး နလန်မထူနိုင်ကြသေးဘူး။ သဘာဝဘေးခံရတာခြင်းတူပေမယ့် အစိုးရကောင်းတော့ ကြိုတင်ပြင်ဆင်မှုကောင်းပြီး၊ ပြန်လည်ထူထောင်ရေးက လဲမြန်တော့ ပြည်သူတွေ သက်သာပါတယ်။ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှူံးမှုတွေ နဲ့ ရင်ဆိုင်ခဲ့ရသူများ (အထူးသဖြင့် အကူအညီ မရရှိသောသူများ) အားလုံးအတွက် ကျွန်မ အထူးပဲ စိတ်ထိခိုက်မိပါတယ်။ 
Photo(Jimmy Bramer) မုန်တိုင်းကျစဉ်မြင်နေရတဲ့ Long Island City
 
အပေါ်ကပုံမှာမြင်ရတဲ့ ရေတွေ လွှမ်းသွားတဲ့ Long Island City က ဒီတံတားလေး ကို မုန်တိုင်းပြီး နောက်တစ်နေ့ မှာ သွားရိုက်ထားတဲ့ပုံပါ။ရေတွေပြန်ကျသွားပါပြီဲ။

မုန်တိုင်းပြီး နောက်တနေ့ အိမ်နားမှာ တွေ့ ရတဲ့  အခြေအနေပါ။ 
I-495 အဝေးပြေးကားလမ်းပေါ်မှာ ကားတွေ ရှင်းနေတာ ဒီတခါပဲ မြင်ဖူးပါသေးတယ်။




နယူးယောက်မြို့ လယ်က ဆောက်လက်စ တိုက်မှာ မုန်တိုင်းအတွင်း ပျက်ကျသွားတဲ့ ကရိန်းပါ။ အခု ၆ ရက်မြောက်နေ့ အထိ ကရိန်းအောက်က လမ်းကို  လူတွေ ဖြတ်သန်းသွားလာလို့ မရအောင်ပိတ်ထားပါတယ်။
Photo: AP(တက်စီကားတွေ ထားတဲ့ နေရာက မြင်ကွင်းပါ)
Photo: Fox News( နယူးယောက်မြို့ လယ်က ကားဂိုဒေါင်တစ်ခုထဲက မြင်ကွင်းပါ)
Photo: Fox News(နယူးဂျာစီက မြေအောက် ရထားဘူတာတစ်ခုထဲ အခုလို ရေတွေဝင်ကုန်ပါတယ်)
photo: White House( ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ခရီးရေးကို ဖျက်သိမ်းပြီး၊ ဟာရီကိန်းဘေးသင့် သူများကို လိုက်လံနှုတ်ဆက်နေတဲ့ အမေရိကန် သမွတ အိုဘားမား)


No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။