Wednesday, September 12, 2012

ဦးခွန်ထွန်းဦးအား အမေရိကန်ပြည်ထောင်စုရောက် ရှမ်းတိုင်းရင်းသားများ ဂုဏ်ပြုကြိုဆိုမည်


၂၀၁၂ ဒီမိုကရေစီ ဆု ကို လက်ခံရယူဖို့  အမေရိကန်ပြည်ထောင်စု ကို မကြာခင် ရောက်ရှိလာတော့ မယ့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ကို ဂ်ုပြု ကြိုဆိုဖို့ အတွက် အမေရိကန်ပြည်ထောင်စုရောက် ရှမ်းတိုင်းရင်းသားများက ပြင်ဆင်လျှက်ရှိကြပါတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ် လော့(စ်)အိန်ဂျလစ် မြို့ အခြေစိုက် "California Shan Social & Cultural Society" (CSSCS) က ဦးစီးပြီး ဦးခွန်ထွန်ဦး အတွက် ဂ်ုပြုညစာစားပွဲ တစ်ရပ် ကို စက်တင်ဘာလ ၂၉ ရက်နေ့ ည နေမှာ ကျင်းပသွားဖို့  စီစဉ်ထားကြောင်းသိရပါတယ်။ ညစာစားပွဲ ကို လော့(စ်)အိန်ဂျလစ်မြို့ မှာ ကျင်းပသွားမှာဖြစ်ပြီး၊ တက်ရောက်လိုသူများ အနေဖြင့် 
saihtwe@shan-missions.com ကို ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရပါတယ်။  



၂၀၁၂ ဒီမိုကရေစီဆု နှင့် ပတ်သက်ပြီး  CSSCS ဥကဌ ဒေါက်တာစိုင်းထွေးမောင် က "၂၀၁၂ ဒီမိုကရေစီဆု ရှင်တွေ ကြေငြာတဲ့ အခါ ကိုမင်းကိုနိုင် တို့ နဲ့ အတူ ဦးခွန်ထွန်းဦး နာမည် ပါ တွေ့ ရတော့၊ ရှမ်းတိုင်းရင်းသား တစ်ယောက် အနေနဲ့  အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဦးခွန်ထွန်းဦးဟာ တိုင်းရင်းသားတွေ တန်းတူညီတူ အခွင့်ရေးရဖို့ အတွက်၊ ဒီမိုကရေစီ အရေး အတွက် ကိုယ်ကျိုးစွန့်  အနစ်နာခံပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တစ်ဦးပါ။ ဒီဆုဟာ ဦးခွန်ထွန်းဦး တစ်ယောက်တည်း အတွက် သာမကာ ရှမ်းလူမျိုးတွေ အတွက်၊ တိုင်းရင်းသားတွေ အတွက်ပါ အရေးကြီးတဲ့ ဆုလို့  ကျွန်တော်မြင်ပါတယ်။ ဦးခွန်ထွန်းဦး ရဲ့ လုပ်ရပ် ကို အသိအမှတ်ပြုတဲ့ဆု၊ထောက်ခံတဲ့ လုပ်ရပ်၊ တနည်းအားဖြင့် မြန်မာ့ဒီမိုကရေစီရေး အတွက် ရုန်းကန်နေရမှု တွေ ကို အသိအမှတ်ပြုတဲ့ဆု လို့  ကျွန်တော်မြင်ပါတယ်" လို့ ပြောပါတယ်။ 
 
ဒေါက်တာစိုင်းထွေးမောင် နေတဲ့ နေရာဟာ ဦးခွန်ထွန်းဦး ဆုလက်ခံမယ့် ၀ါရှင်တန်ဒီစီ နဲ့   မိုင်ပေါင်း ၁၀၀၀ ကျော်ဝေးပေမယ့်၊ ၀ါရှင်တန်ဒီစီ ကို အရောက်သွားကာ ဆုပေးပွဲ ကို တက်ရောက်မှာဖြစ်ကြောင်း၊ နယူးယောက်၊ Connecticut နဲ့  တခြားမြို့ တွေ မှာ နေထိုင်နေကြတဲ့ ရှမ်းတိုင်းရင်းသားများကလည်း ၀ါရှင်တန်ဒီစီသို့  သွားရောက်ကာ ဦးခွန်ထွန်းဦးနှင့် တွေ့ ဆုံရန် ပြင်ဆင်နေကြကြောင်းသိရပါတယ်။ 

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။