Tuesday, June 19, 2012

ဥရောပရောက် အမေ့ ပုံရိပ်များ(၅)

ဇွန်လ ၁၈ ရက်နေ့ မှာတော့ အမေစု ဟာ အိုင်ယာလန် နိုင်ငံ Dublin မြို့ မှာ Freedom of Dublin ဆု(၂၀၀၀ ပြည့်နှစ်တုန်းက အမေစု ကို ဒပ်ဗလင်မြို့ သူမြို့ သားတွေ ချီးမြှင့် ခဲ့တဲ့ ဆု) နဲ့​ Amnesty International ခေါ် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအဖွဲ့ က ချီးမြင့်တဲ့ Ambassador of Conscience award အသိဥာဏ်ပညာထူးချွန်ဆု တို့​ကို  လက်ခံ ရယူ ခဲ့ပါတယ်။ 
ထောင်ပေါင်းများစွာသော ပရိသတ်တွေ က အမေစု ကို ကြိုဆိုခဲ့ကြသလို၊ အဲဒီ ပွဲ မှာ U-2 အဖွဲ့ က Electric Burma ဆိုတဲ့ အမည်နဲ့  ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပြီး ကမ္ဘာကျော် ဂီတအနုပညာရှင်တွေဖြစ်တဲ့ Bob Geldof, Joely Richardson, Damien Rice နဲ့  Jack Gleeson တို့ လည်း အမေစု ကို ဂုဏ်ပြုခဲ့ပါတယ်။ နာမည်ကြိး ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ ကလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။ 
အမေစု ကလည်း မိန့် ခွန်းပြောရာမှာ 
  “ အိုင်ယာလန်နိုင်ငံက ကျွန်မကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာကို ကျွန်မရဲ့နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ဒီမိုကရေစီခရီးဟာ မပြီးဆုံးသေးတဲ့အတွက် ဆက်လက်ပြီး အိုင်ယာလန်ပြည်သူတွေ ဟာ ကျွန်မတို့နဲ့ တသားတည်းဆက်လက် ရပ်တည်နေမယ်လိုကျွန်မ ယုံကြည်တယ်” လို့  အမေစု က  ပြောဆိုခဲ့ပါတယ်။
အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး၊  Amnesty International အဖွဲ့ မှ ဒါရိုက်တာ နှင့် အိုင်ယာလန်  မှ မြန်မာမိသားစုများ ကို လေဆိပ်မှာတွေ့ ရစဉ်။ Photo: Sasko Lazarov/Photocall Ireland
ရုပ်ရှင် မင်းသမီး Joely Richardson လည်းတက်ရောက် (Reuters)
Photo: Sasko Lazarov /Photocall Ireland

အမေစု ရဲ့  Ambassador of Conscience award ဆုချီးမြှင့်ပွဲ ဂီတပွဲတော်သို့ အိုင်းရစ်ပေါ့ပ်ဘုရင်Bob Geldof တက်ရောက်။ 

အိုင်းရစ် အဆိုတော် Bob Geldof နဲ့ ချစ်သူ  Photo: Sasko Lazarov /Photocall Ireland


ရုပ်ရှင်သရုပ်ဆောင် Roger Moore နဲ့  ဇနီး လည်းတက်ရောက် Photo: Sasko Lazarov /Photocall Ireland

ကမာကျော် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော် တွေ ကြားမှာတောင် အမေစု က စူပါစတားပဲ။ ၀ိုင်းပြီး လက်မှတ်ထိုးခိုင်းသူတွေ ၀ိုင်းဝိုင်းလည်လို့  Photo: Sasko Lazarov /Photocall Ireland

အိုင်ယာလန်က ကလေးငယ်တစ်ဦး ကလည်း NLD ကို ထောက်ခံပါသတဲ့။ Photo: Sasko Lazarov /Photocall Ireland
 Amnesty International Ambassador of Conscience ဆု ကို အမေစု လက်ခံစဉ် 



 
 သမတ Michael D Higginsနဲ့  ဇနီး က အမေစု နဲ့  သားငယ် ကင်မ် ကို နှုတ်ဆက်

President Michael D Higgins greets Burmese pro democracy leader Aung San Suu Kyi at Aras an Uachtarain this afternoon as part of her visit to Dublin. Photo: Laura Hutton/Photocall Ireland




No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။