Wednesday, April 18, 2012

မွေးကင်းစ သစ်ကုလားအုပ်လို

မတ်တပ်ရပ်ဖို့ ကြိုးစားနေတဲ့ မွေးကင်းစ သစ်ကုလားအုပ်လေး
 တိရဈွာန်တွေထဲမှာ အရပ်အမြင့်ဆုံးဖြစ်တဲ့ သစ်ကုလားအုပ်တွေ သားပေါက်တာ မြင်ဖူးကြပါသလား။ 

ခွေးလေး၊ ကြောင်လေးတွေ သားပေါက်ကြတဲ့အခါ မွေးကင်းစ အကောင်ငယ်လေးတွေ ဟာ မြေကြီးပေါ်ကို သက်တောင့် သက်သာ နဲ့ ကျလာကြပေမယ့်၊ အရပ် ၁၆ပေကနေ ပေ ၂၀အထိ မြင့်မားတဲ့  သစ်ကုလားအုပ်မတွေ သားပေါက်တဲ့ အခါ (မတ်တပ်ရပ်ပြီး မွေးတာမို့  )သားပေါက်လေးတွေခမျာ၊ မိခင်ရဲ့  ၀မ်းဗိုက်ထဲ ကနေ မြေကြီးပေါ် ကို ဘုတ်ခနဲ ပြုတ်ကျကြပြီး လောကကြီးထဲ ကို ခပ်ကြမ်းကြမ်းလေး ၀င်ရောက်လာရပါတယ်။ သစ်ကုလားအုပ်တွေကို အာဖရိကနဲ့  အပူပိုင်းဒေသတွေမှာ အတွေ့ ရများ ပါတယ်။ သစ်ကုလားအုပ်မများဟာ ရက်ပေါင်း ၄၀၀ ကနေ ၄၆၀ အထိ  ကိုယ်ဝန်ဆောင်ကြပါတယ်။ သားပေါက်တဲ့အခါ များသောအားဖြင့် တစ်ကောင်တည်း မွေးလေ့ရှိပြီး၊ တခါတရံ အမွာမွေးတာမျိုးလည်း ရှားရှားပါးပါး တွေ့ ရတတ်ပါတယ်။ မွေးဖွားရာမှာ သစ်ကုလားအုပ်ငယ် များဟာ ဦးခေါင်းနဲ့  ရှေ့ ခြေထောက် ၂ချောင်း က အရင်ထွက်လာပြီး၊ မိခင်ဝမ်းဗိုက်ကနေ (အနည်းဆုံး အမြင့် ၁၀ ပေ ကနေ) ပြုတ်ကျရတဲ့ အတွက် မသက်သာလှပါဘူး။
ကျွန်မကြည့်ရတဲ့ Discovery channel အစီအစဉ်တစ်ခုထဲက သစ်ကုလားအုပ်လေးမွေးတာကို ပြောပြရရင်...ပြုတ်ကျလာတဲ့ သစ်ကုလားအုပ်ပေါက်စလေး ဟာ   နောက် ကျောနဲ့ ကျ လာပြီး၊   မြေပေါ်မှာ  ခနတာ ခွေခွေလေး လဲလျောင်းနေပါတယ်။ နောက်တော့မှ  ၀မ်းလျားမှောက် အနေအထား ကို (ခြေလေးချောင်းကို သူ့ ကိုယ်အောက်မှာခေါက်လျှက်အနေအထား)    ပြောင်းပြီး နေလိုက်ပါတယ်။ ပြီးတော့ မျက်စိတွေ၊ နားတွေထဲ ပိတ်နေတဲ့ (မိခင်ဝမ်းထဲကနေ ကပ်ပါလာတဲ့) ရေမွာတွေ၊ အကျိအချွဲတွေ ကို ခါထုတ်လိုက်ပါတယ်။ သားပေါက်လေးဟာ ယခင်က သူ ကျင့်သားရနေတဲ့ မိခင်ရဲ့  ၀မ်းဗိုက်ထဲက ပတ်ဝန်းကျင်နဲ့  မတူတဲ့  ပတ်ဝန်းကျင် အသစ်ကို စိတ်ရှုပ်သလို (  နားမလည်နိုင်သလို )၊ အားအင်ချိနဲ့ စွာနဲ့  လိုက်ကြည့်ကာ စူးစမ်းနေပါတော့တယ်။ 

မွေးဖွားပြီးတဲ့အခါ မိခင် သစ်ကုလားအုပ်မကြီး ဟာ သူမရဲ့  လည်ပင်းရှည်ရှည်လေးနဲ့  အောက်ကို ငုံ့ ကြည့်လိုက်ပြီး သူ့ ရင်သွေး ရဲ့  ခနွာကိုယ်ကို လျာနဲ့  လျက်ပေးပါတယ်။ နောက်ပြီး ဘာလုပ်ရမှန်းမသိ   ကြောင်စီစီဖြစ်နေတဲ့ သူ့ ရင်သွေးငယ်ကို သဘာဝလောကကြီး မှာ ရှင်သန်နေထိုင်ဖို့  သင်ခန်းစာတွေ စ ပေးပါတော့တယ်။ ပထမအဆင့်အနေနဲ့ ... အားနဲပြီး မြေကြီးပေါ်မှာ ခွေခေါက်နေတဲ့    မွေးကင်းစ သစ်ကုလားအုပ်လေးကို  သူ့  နှာခေါင်းနဲ့  တို့ ထိလိုက်၊ တွန်းထိုးလိုက်နဲ့  မတ်တပ်ထရပ်ဖို့  လှုံ့ ဆော်မှုတွေ စတင် ပေးပါတော့တယ်။ ကလေးငယ်က မတ်တပ်ထရပ်ဖို့  ကြိုးစားတဲ့အခါ မိခင် သစ်ကုလားအုပ်မကြီး က ကလေးပေါ်ကို ခွရပ်ပြီး အကာအကွယ်ပေးပါတယ်။  အားနည်းနေတဲ့ သစ်ကုလားအုပ်ငယ်လေးခမျာ ခပ်ယိုင်ယိုင်နဲ့  မတ်တပ်ရပ်လိုက်၊   ပြန်လဲကျသွားလိုက်နဲ့  အကြိမ်ကြိမ် ကြိုးစားရပါတယ်။ သားငယ်လေး မတ်တပ်ရပ်လာနိုင်တဲ့အခါ...ဘာဆက်လုပ်ရမှန်းမသိပဲ တောင့်တောင့်ကြီး ရပ်နေပါတယ်။ ဒီတော့..မိခင်သစ်ကုလား အုပ် မကြီး က သူ့ ရဲ့  ဒုတိယသင်ခန်းစာကို စ ပါတော့တယ်။ သူ့ ခြေတံရှည်ကြီးနဲ့  သားငယ်ရဲ့  ခြေထောက်တွေ ကို ကန်ပေး (တွန်းပေး) ပြီး ရှေ့ ကို လှမ်းတတ်အောင် သင်ပေးတာပါ၊ 
 
ကျွန်မကြည့်ရတဲ့  အစီအစဉ်ထဲမှာ...မွေးကင်းစလေး က မလျှောက်ပဲ ရပ်နေလေလေ၊ သူ့ မိခင်က သူ့ ကို  ပိုပြီး အရှိန်ပြင်းပြင်းနဲ့  ကန်လေ လုပ်ပါတယ်။ လဲကျသွားလို့ ပင်ပင်ပန်းပန်း နဲ့  နားမယ် လုပ်ပြန်ရင်လည်း၊  မိခင်ဖြစ်သူက လာလာပြီး ကန်လိုက်၊ နှာခေါင်းနဲ့  လာတွန်းပြီး မတ်တပ်ရပ်ခိုင်းလိုက် လုပ်နေတာမို့  သစ်ကုလားအုပ်ငယ်လေးမှာ မွေးကာစလေးပေမယ့် ဇိမ်နဲ့ မနားရပြန်ပါဘူး။ နောက်ဆုံးမတော့ မွေးပြီး မိနစ်ပိုင်းမှာ သူလမ်းလျှောက်နိုင်တဲ့ အထိ အောင်မြင်မှုရသွားပါတော့တယ်။

ပုံ- အင်တာနက်
အပြင်ပန်းအားဖြင့် ကြည့်ရင်တော့...နုနယ်သေးတဲ့ မွေးကင်းစ ရင်သွေးအပေါ် မိခင် သစ်ကုလားအုပ်မကြီးရဲ့  ဆက်ဆံမှုတွေဟာ တခြားမိခင်တွေ လို နှူးညံ့သိမ်မွေ့ မနေပဲ၊  ရက်စက် သလိုတောင်   ဖြစ်နေပါသေးတယ်။ တကယ်တော့....စိန်ခေါ်မှုတွေ၊ သဘာဝ ဘေးအနွရာယ်တွေ (ခြင်္သေ့၊ ခွေးအ၊ အမဲလိုက်ခွေးများစသဖြင့်) ပေါများလှတဲ့ အာဖရိကတောထဲမှာ အရေးကြုံရင် ခြေထောက်ပေါ် အလျင်အမြန် မတ်တပ် ရပ်တတ်ဖို့ နဲ့  ၊ အပြေးမြန်ဖို့  က အရေးအကြီးဆုံးပဲ မို့ ..သစ်ကုလားအုပ်လေး  မလွဲသာ မရှောင်သာ ကြုံတွေ့ ရနိုင်တဲ့ အနွရာယ်တွေ ကနေ   ဘေးကင်းစွာလွတ်မြောက်နိုင်ဖို့   မိခင် သစ်ကုလားအုပ်မကြီးက က သူ့ ဘာသာစကားနဲ့   သင်ခန်း စာတွေ ပေးနေတာပဲ ဖြစ်ပါတယ်။  

Success comes from daring to take small steps..တဲ့ "သေးငယ်သောခြေလှမ်းများလှမ်းရန် မကြောက်မှသာ အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည်"     ဆိုတဲ့ စကားပုံကို သွားပြီးသတိရမိပါတယ်။ 

အမြင့်ကြီးကနေ မြေပေါ်ပြုတ်ကျရ၊ အားနည်းနေပေမယ့် သူ့ မိခင်ရဲ့  ခြေတံရှည်ကြီးနဲ့  အကန်ခံရ၊ မကြာခနလဲကျသွားတဲ့ ကြားက ကြိုးစားပြီး ပြန်ထရဲ တဲ့ .မွေးကင်းစသစ်ကုလားအုပ်လေး ရဲ့ ဇွဲရှိပုံ နဲ့  နောက်ဆုံးမှာ အောင်မြင်မှုရသွားပုံက မှတ်သားစရာကောင်းပါတယ်။ အသွင်မျိုးစုံသော..လောကံ    ရဲ့  အလဲထိုးခြင်းကို ခံရတဲ့ အခါတိုင်း၊ ကံကြမွာကြမ်းကြမ်း ရဲ့  ကန်ကြောက်မှုကို ခံရတဲ့ အခါတိုင်း အရှုံးမပေးပဲ၊ မွေးကင်းစ သစ်ကုလားအုပ်လေးရဲ့  ဥပမာ ကို သတိရပြီး၊ လဲနေတဲ့ အနေအထားကနေ ပြန်ပြီး မတ်တပ်ရပ် နိုင်ဖို့  ကျွန်မတို့  ရဲရဲဝံ့ဝံ့ ကြိုးစားကြမယ်ဆိုရင်...အဆုံးမှာ အောင်မြင်မှုရမှာ မလွဲပါ။

                                                                                                                                     မစုဥာဏ်
ဗီဒီယို ကြည့်ရန် ဒီနေရာကို နှိပ်ပါ

(Youtube မှာ ရှာလို့  ရတဲ့ သစ်ကုလားအုပ်သားပေါက်တဲ့ ဗီဒီယို တစ်ခုကို စိတ်ဝင်စားသူများအတွက် ဝေမျှလိုက်ပါတယ်။)



No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။