အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့  အဖွဲ့ ဟာ ဒီကနေ့ မနက် (ဖေဖော်ဝါရီလ ရ ရက်နေ့ ) မှာ ဧရာဝတီတိုင်း ပုသိမ်မြို့ နှင့် မြောင်းမြမြို့ ကို စည်းရုံးရေးခရီးစဉ် အဖြစ် သွားရောက်ခဲ့ကြပါတယ်။ ခရီးစဉ်တလျောက် မှာ ဧရာဝတီပြည်သူလူထု က သောင်းသောင်းဖြဖြကြိုဆိုခဲ့ ကြပြီး၊ စည်းရုံးရေးခရီးစဉ် အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ အကြောင်း ကြားသိရပါတယ်။
ကျွန်မလို အဝေးရောက်နေတဲ့ မြန်မာတွေကတော့
facebook ပေါ် တက်လာတဲ့ ဓာတ်ပုံတွေ
ကို ကြည့်ပြီး ၀မ်းသာကြည်နှူးကြရပါတယ်။ ၀မ်းရေးအတွက် အနိုင်နိုင်ရုန်းကန်နေရတဲ့ ကြားက၊ ပူပြင်းပြင်းလှ တဲ့ နေ ကို အံတု၊ အတားအဆီးတွေ ကို ကျော်ဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသခဲ့ကြတဲ့ ဧရာဝတီပြည်သူလူထု ကိုလဲ လေးစားမိပါ၇ဲ့ ။ တဆက်တည်းမှာ ပဲ လုံခြုံရေးစနစ်ရယ်လို့ 
ဘာမှထွေထွေထူးထူးမရှိပဲ ခရီးသွားလာနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ 
လုံခြုံရေးကို တွေးပူမိရင်း၊ ခရီးစဉ်အောင်မြင်သွားပြီ ကြားတော့မှ
သက်ပြင်းချမိပါတယ်။
facebook စာမျက်နှာများ က တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုသိမ်ခရီးစဉ် အကြောင်း
ဓာတ်ပုံများရိုက်ကူး ဖြန့် ချီပေးတဲ့ မူရင်း ဓာတ်ပုံဆရာများ
ကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ တကယ်တော့
ကင်မရာသမားများဟာ အင်မတန်အရေးပါတဲ့ နိင်ငံရေးတာဝန် တစ်ရပ်ကို
ထမ်းဆောင်နေကြတဲ့သူတွေ ပဲ မဟုတ်ပါလား။
ပုသိမ်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့် ခွန်း (အသံဖိုင်)
|
ဒေါ်စုဟောမယ့် ဟောပြောပွဲ တက်ရောက်သူနည်း ပါးအောင်၊ ဒေသခံအာဏာပိုင်များက ကြိုးစားခဲ့သည့်ကြားက ဧရာဝတီတိုင်းသားများက ယခုကဲ့သို့ တက်ရောက်ခဲ့ကြသည်။
|
နေပူကျဲကျဲ မှာ ယခုလို ဇွဲနပဲကြီးစွာဖြင့် စောင့်ကြိုအားပေးခဲ့ကြသည်။
|
အခုလို သတိလစ်မေ့ မြောသွားသူတွေလဲ ရှိရဲ့  |
ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ အစီအစဉ်တွေ
အမျိုးမျိုးနဲ့  စည်းစည်းလုံးလုံး ၀ိုင်းရောက်ဆောင်ရွက်ကြတဲ့ အကြောင်း၊ တချို့  နယ်က
လူတွေက ပုသိမ်မြို့ ကို တက်လာပြီး ညအိပ်စောင့်ကြတဲ့ အကြောင်း၊ ဒေသခံအာ ဏာ ပိုင်တွေ က
အိမ်ဂရမ်မရှိသူတွေကို အဲဒီနေ့ မှာ အိမ်ဂရမ်ထုတ်ပေးမယ် စတဲ့ နည်းလမ်းတွေနဲ့ 
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဟောပြောပွဲကို တက်ရောက်သူနည်းအောင် ကြိုးစားပေမယ့် မအောင်မြင်တဲ့ အကြောင်းကိုလဲ ကြားသိရပါတယ်။
|
ခွပ်ဒေါင်းအောင်လံများဝှေ့ ရမ်းပြီး ကြိုဆိုနေကြတဲ့ ဧရာဝတီဒေသခံလူထု |
အမေစု ကို ချစ်ကြောင်း နည်းအမျိုးမျိုးဖြင့် ပြသခဲ့ကြသည့် ဧရာဝတီလူထု
|
ဘုရားသား တွေလဲ အမေစု ကို ကြိုဆိုထောက်ခံကြောင်း ပြသခဲ့ကြသည်။ |
|
ပုသိမ်ထီးအစိမ်းရောင်၊ ၀တ်စုံအစိမ်းရောင် ဖြင့် မြင်တွေ့ ရသော ဒေါ်အောင်ဆန်းစုကြည် (အေးချမ်းမှု အတိတ်နိမိတ်ပုံရိပ်) |
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။