အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တစ်ခု ကို မြို့ တော် နေပြည်တော် မှာ ဒီဇင်ဘာလ ၁၉ရက်နေ့ က စတင်ဖွင့်လှစ်လိုက်ပါပြီ။ အဆိုပါလေဆိပ် ကို ဒုသမ္မတစိုင်းမေ၀်ခမ်း နဲ့ တရုတ်ကောင်စစ်ဝန် Mr.Dai Bingguo တို့  က နေ့ လည် ၁နာရီခန့် မှာ အတူတကွ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်တယ်လို့  သိရပါတယ်။
(ပုံအညွန်း၊ တရုတ်ကောင်စစ်ဝန် Mr.Dai Bingguo) လေဆိပ်ဖွင့်ပွဲအပြီး အပြန်၊ NNA's facebook မှ ကူးယူခြင်းဖြစ်)
အင်္ဂါနေ့ မှာ စတင်ကျင်းပမယ့် လေးကြိမ်မြောက် မဲခေါင်သေဒဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ(မြန်မာ၊ လာအို၊ ကမောဒီးယား၊ ဗီယက်နာမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့ ပါဝင်ဆွေးနွေးကြမယ့်) အတွက် အချိန်မီဖွင့်လှစ်ခဲ့တာပါ။
လေဆိပ်ဆောက်လုပ်ရေးအတွက် ငွေကြေးကုန်ကျမှုတွေကို တရုတ်အစိုးရက အကူအညီပေးခဲ့တာဖြစ်လို့  ဖွင့်ပွဲမှာ တရုတ်ဘက်က အရာရှိတစ်ဦးနဲ့ အတူ ဖွင့်လှစ်ခဲ့တာပါ။ လေဆိပ်တည်ဆောက်ရေးအတွက် ကုန်ကျစားရိတ်ကို တော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
အဆိုပါလေဆိပ်ကို ၂၀၀ရ ခုနှစ်အစောပိုင်း ကတည်းက အေးရှားဝေါလ် ကုမ္မနီက စတင်ဆောက်လုပ်နေခဲ့တာဖြစ်ပြီး၊ လေဆိပ်ရဲ့  လေယာဉ်ပြေးလမ်းဟာ ၃.၆ ကီလိုမီတာ ရှည်လျားပြီး၊ တစ်နှစ်ကို ဗျမ်းမျှ လေယာဉ်ပျံသန်းမှုပေါင်း ၅၀၀၀၀ မှ ၆၅၀၀၀ အထိလက်ခံသွားနိုင်ဖို့  ရည်ရွယ်ထားကြောင်းသိရှိရပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တစ်နှစ်ကို လေယာဉ်စီးသူခရီးသည်ပေါင်း ၂.၇ သန်း ရှိကြောင်းသိရှိရတယ်။
Source: Reuters
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။