နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ပြင်ပလောက ကို နှစ်ပေါင်းများစွာ အဆက်ဖြတ်ခံထားရတဲ့ ပိန်ပိန်ပါးပါး မြန်မာအမျိုးသမီးတစ်ဦး က သန်းပေါင်းများစွာသော မြန်မာပြည်သူပြည်သားတွေရဲ့  ချစ်ခင်ယုံကြည်မှု ကို သာမက ကမ္ဘာအရပ်ရပ်ရှိ အလွှာအသီးသီးက လူတွေရဲ့  လေးစားမှု၊ ယုံကြည်မှု တွေကို ရယူနိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ (အထူးတလည် စည်းရုံးလှုံ့ ဆော်ခြင်း မပြုလုပ်ရပါပဲနဲ့ ) သူမရဲ့ နေအိမ်ထဲကနေပြီး ကမ္ဘာအရပ်ရပ်က အနုပညာရှင်တွေ က အစ ဘုန်းတော်ကြီး တက်စမွန်တူးတူးနဲ့  ဘုန်းတော်ကြီး ဒလိုင်လားမား အစရှိတဲ့ ဘာသာရေးနယ်ပယ်က အထင်ကရ ခေါင်းဆောင်တွေ ဆီက အဆုံး၊ လေးစားမှု၊ ယုံကြည်မှု တွေကို ပိုင်ဆိုင်ထားတဲ့ မြန်မာ့ ဂုဏ်ဆောင် မီးရှူးတန်ဆောင်ပါ။

တကယ်တော့ နယူးကလီးယားလက်နက်ကို ထုတ်နိုင်ပြီး သတ်ရဲ ဖြတ်ရဲ တဲ့ စစ်တပ်ကြီး ကို ပိုင်ဆိုင်ထားတာဟာ အင်အားစစ် မဟုတ်ဘူး၊ ငွေကြေးတောင်းတင်းတဲ့ အခြံအရံတွေနဲ့  နေနိုင်တာဟာ အင်အားအမှန်မဟုတ်ဘူး။ အာဏာဟာ သေနတ်ပြောင်းဝမှာ ရေရှည်မတည်နိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရိုးသားဖြောင့်မတ်မှု၊ ရဲရင့်တည်ကြည်မှု၊ ဗဟုသုတကြွယ်ဝမှု၊ စွန့် လွတ်အနစ်နာခံမှု နဲ့ ခေါင်းဆောင်ကောင်းပီသမှုတွေ သာလျှင် မြန်မာ့ အနာဂတ် ကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးစေမယ့် အင်အားစစ် အင်အားမှန်တွေဖြစ်တယ်။
ခြိမ်းခြောက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေ အစား စေတနာမေတ္ဘာတရားသာလျှင် ရေရည်တည်တံ့မယ့် အာဏာ ဖြစ်ပါတယ်။
လူထုကိုယ်စားပြု ဒေါ်စု
စိန်ခေါ်မှု အားလုံးကို အံတုပြီး
နိုင်ငံအကျိုးပြုနိုင်ပါစေ။
လူထုကိုယ်စားပြု ဒေါ်စု
စိန်ခေါ်မှု အားလုံးကို အံတုပြီး
နိုင်ငံအကျိုးပြုနိုင်ပါစေ။
မစုညဏ်
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။