Photo:internet |
မှိုင်းညို့ ညို့ တောင်တန်း
ဝိုင်းရံထားတဲ့ ချယ်ရီမြေ
စမ်းရေကြည် သွင်သွင်စီးကျ
အေးမြလှပေ။
ဟန်ဆောင်မဲ့ ပြုံးပန်း
ပန်ဆင်ထားတဲ့ တောင်ပေါ်သူတွေ
ပါးအို့ နီနီ ယဉ်ယဉ်လေးလှ
ရိုးသားကြပေ။
အိုးစည်သံခြုံလွမ်း
ရိုးရာဓလေ့ နဲ့  ရာဇ၀င်တွေ
အာဏာရှင် လူတစ်စုကြောင့်
ညှိုးနွမ်းခဲ့ပေ။
ထင်းရှူးမြိုင်တောတန်း
သေနတ်သံမစဲတဲ့ ချယ်ရီမြေ
မျက်ရည်သွေ သွင်သွင်စီးကျ
သွေးမြေကျလို့ နေ။
ယမ်းငွေ့ တွေ ခြုံ လွမ်း
သိန်းပေါင်းချီတဲ့ Refugee တွေ
မွေးမြေမှာ…ငြိမ်းချမ်းစွာ..ပြန်နေရဖို့ 
တမ်း………..တမ်းတနေ။
မစုဥာဏ်
သူတို့လုပ်လိုက်တာ.. ရှမ်းတောင်တန်းတွေလဲ တောင်ဂတုံးတွေဖြစ်..
ReplyDeleteကျေးသီးတို့ ကျိုင်းတောင်းကျိုင်းခမ်းတို့က လဲ ထိပ်တွေပြောင်...
တချို့တချို့နေရာတွေက သဘောတူညီမှုတွေနဲ့ ဘိန်းပန်းတွေဝေနေတာ...
စစ်သားတွေဆာလောင်တော့ ပေးဆပ်လိုက်ရတဲ့ ရှမ်းပျိုမေတွေရဲ့ ပျက်ဆီးခံခဲ့ရတဲ့ နေဝင်ညတွေ...
ဘာတွေနဲ့ပြန်အစားထိုးပေးမှာလဲ......
ူ