အခုလ ၁၃ရက်နေ့ ကနေ ၂၂ရက်နေ့ အထိ နယူးယောက်မြို့ က ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးမှာ ၂၀၁၁ခုနှစ် အထွေထွေညီလာခံကို ကျင်းပခဲ့ပါတယ်။ နယူးယောက်မြို့ တွင်းမှာတော့ လမ်းတွေပိတ်ပြီး လုံခြုံရေးတွေကို ယခင်နေ့ တွေကထက် ပိုမို တင်းကြပ်ထားတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးနား ကို ရောက်တိုင်း သူငယ်ချင်းတွေကို ကျွန်မ အမြဲ ၀င့်ဝင့်ကြွားကြွား နဲ့  ပြတတ်တဲ့နေရာလေးတစ်ခုကတော့ ဦးသန့် ကျွန်းပါပဲ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ဖွား ဦးသန့်  (တချိန်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) ကို ဂုဏ်ပြု ပြီး အမည်ပေးထားတဲ့ ကျွန်းကလေး ကို ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးအနား (မက်ဟက်တန်မြို့ တွင်း) ဘက်ကနေ ဖြစ်ဖြစ်၊ Long Island City ဘက်ကနေပဲ ဖြစ်ဖြစ် မြင်တွေ့ နိုင်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းကို စတင်ဖွဲ့ စည်းခဲ့တဲ့ ၁၉၄၅ခု ကစပြီး ယခုအထိ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ၉ ဦးသာရှိပြီး၊ အဲဒီအထဲမှာ မြန်မာတစ်ဦးပါဝင်နေတာဟာ ကျွန်မတို့ 
မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူစရာပါ၊ မျိုးဆက်သစ်မြန်မာလူငယ်လေးတွေကို ဦးသန့် လို ထူးချွန် တက်မြက်အောင်၊ အတုယူတတ်အောင် သင်ကြားပေးရမယ့် အစား၊ စစ်အစိုးရက မြန်မာ့ သမိုင်း စာမျက်နှာတွေ ပေါ် မှာ ဦးသန့် နဲ့ သူ့ ရဲ့  လုပ်ဆောင်မှုတွေ အကြောင်း ကို ဖျောက်ဖျက်ထား တာကတော့ ၀မ်းနည်းစရာပါပဲ။ ဦးသန့် အကြောင်း မကြားသိဖူးသေးတဲ့ လူငယ်တွေ အတွက် ဦးသန့် အကြောင်း အကျဉ်းချုပ် ကို ဝေမျှလိုက်ပါတယ်။

ဦးသန့် ကျွန်း နဲ့  ကုလသမဂအဆောက်အဦး (U Thant Island in New York City) |
ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်  (U Thant from Burma was the third Secretary General of UN) |
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။